Posts

Showing posts from 2023

မင်းကွန်းပုထိုးတော်ကြီးသမိုင်း

Image
မင်းကွန်းပုထိုးတော်ကြီး တည်နေရာ စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့ ၁၇၉၀ ပြည့်က သူ့နန်းဌါနသို့ အလည်ရောက်လာ စိနတိုင်း ဘုရင် ကိုယ်စားလှယ်တော် တမန်အဖွဲ့က ပဏ္ဏပါးသည့် ဗုဒ္ဓစွယ်တော် တဆူ ဌာပနာတော် မူရန် ကမ္ဘာ့အကြီးဆုံး ပုထိုးတစ်ဆူ တည်တော်မူရန် ဘိုးတော်ဘုရား ရည်သန်တော် မူခဲ့သည်။ ရည်ရွယ်ရင်းက သူမည်မျှ ဘုန်းတန်ခိုး အာနုဘော် တော်တော်တန်တန် မျှမဟုတ်ကြောင်း ပြသဖို့ ဖြစ်လေသည်။ သူက ၁၇၉၀ ခုနှစ်တွင် မန္တရာကြီး သို့မဟုတ် မင်းကွန်း ပုထိုးကြီးကို စတင် တည်ထောင် တော်မုသည်။ ကိုယ်တိုင် ကြီးကြပ်တည်ဆောက် နိုင်ရန် အလို့ငှာ စံနန်းမှ ဧရာ၀တီ မြစ်အတွင်း ကွန်းတစ်ခုပေါ် ၁၉၇၉ ခုနှစ် တိုင်အောင် ပြောင်းရွှေ စံနေခဲ့သည်။ ထိုအချိန်တွင် ငွေကုန်လူပန်း နှင့် ပုထိုးတည်အလုပ် ကိုဆက်လုပ်ရန် ခက်ခဲလာတော့သည်။ သူ့ဆန္ဒက သူ့ပုထိုး ကို ၁၅၂ မီတာ သို့မဟုတ် ၄၉၉ ပေ အမြင့် ဆောက်ရန် ရည်ရွယ်သည်။ သို့သော် ပုထိုးတည်မှု ဆိုင်းလိုက်ရသည့်အခါ တည်လက်စမှာ ဥာဏ်တော် မီတာ ၆၀ သို့မဟုတ် ၁၉၈ ပေသာ ရှိသေးသည်။ သူ့၏ အောက်ဆုံးဆင့် စင်္ကြန်သည်ပင် ပေ ၄၅၀ သို့မဟုတ် ၁၃၇ မီတာစတုရန်း အရွယ်ရှိသည်။ အလား ၄ ရပ် တဖက်စီမှ မုဒ်ဦးပေါ်ထွက်လာ ကြပြီး ဘုရားဆောင်တို့ကလည်း အသင့်ရှိပေသည...

အင်းဝ ၊ ဗားကရာနှင့် မယ်နုအုတ်ကျောင်း

Image
အင်းဝ ၊ ဗားကရာနှင့် မယ်နုအုတ်ကျောင်း ================================= မြန်မာ့သမိုင်းတွင် ခရစ်နှစ် ၁၃၆၄ ခုနှစ်မှ ၁၇၅၁ ခုနှစ်အထိ နှစ် ၄ဝဝ နီးပါး သက်တမ်းရှည်ကြာခဲ့ပြီး မင်းနေပြည်တော် လေးကြိမ်ဖြစ်ခဲ့သည့် အင်းဝ သည် ပြည်တွင်းပြည်ပ၌ အထူးထင်ရှားသော သမိုင်းဝင်မြို့ဟောင်းတစ်ခုဖြစ်သည်။ အနောက် နိုင်ငံသားများက ပထမမြန်မာနိုင်ငံတော်(ပုဂံ ခေတ်)ကို Kingdom of Pagan ဟုလည်း ကောင်း၊ ဒုတိယမြန်မာနိုင်ငံတော်(တောင်ငူ ခေတ်)ကို Kingdom of Pegu ဟု လည်း ကောင်း၊ တတိယမြန်မာနိုင်ငံတော်(ကုန်းဘောင် ခေတ်)ကို Kingdom of Ava, Court of Ava ဟု လည်းကောင်း ရေးသားလေ့ရှိခဲ့ပြီး အင်းဝဖြစ်စေ၊ အမရပူရဖြစ်စေ နေပြည်တော်ကို အင်းဝ(Ava)ဟုသာ မှတ်တမ်းပြုခဲ့ကြသည်။ သမိုင်းထဲမှ အင်းဝမြို့တော် စစ်ကိုင်းမြို့ကိုတည်ထောင်ခဲ့သူ အသင်္ခယာ စောယွန်း၏သမီး စိုးစံကိုယ်တော်ကြီးနှင့် တကောင်းမင်းရိုး သတိုးတို့၏သား သတိုးမင်း ဖျားသည် မြန်မာသက္ကရာဇ် ၇၂၆ ခုနှစ်(ခရစ်နှစ် ၁၃၆၄ ခုနှစ်)တွင် အင်းဝကိုတည်ထောင်ခဲ့သဖြင့် အင်းဝမြို့တည်မြန်မာသက္ကရာဇ်ကို 'ထုတ်ခွန် သာ အင်းဝတည်'ဟု မှတ်သားခဲ့ကြသည်။ အင်းဝ၏ ခေတ်ငါးခေတ်တွင် မင်း ၃၁ ပါး အုပ်စိုးခဲ့ရာ ပထမအင်းဝခေတ်(ခရစ်န...

မျက်ရည်တွေ... ရေလိုသုံး

Image
  မျက်ရည်တွေ... ရေလိုသုံး အလောင်းတော် သေတကေတု နတ်သားသည် စကြာဝဠာတိုက်တစ်သောင်းမှ လာရောက်၍ တောင်းပန်လျောက်ထားသော နတ်ဗြဟ္မာတို့၏ ပဋိညာဥ်စကားကို ခံယူလျက် အလောင်းတော်တို့ ထုံးစံအတိုင်း ကြည့်ခြင်းကြီး ၅ ပါးကို ကြည့်တော်မူလေသည်။ ဘုရားဖြစ်ရာ အချိန်ကာလကို ကြည့်တော်မူခြင်း။ ဘုရားဖြစ်ရာ အရပ်ဒေသကိုကြည့်တော်မူခြင်း။ ဘုရားဖြစ်ရာ ကျွန်းကို ကြည့်တော်မူခြင်း။ ဘုရားလောင်း၏ အမျိုးဇာတ်ကို ကြည့်တော်မူခြင်း။ ဘုရားလောင်းမယ်တော်၏ အသက်အပိုင်းအခြားကို ကြည့်တော်မူခြင်း။ ဤသို့ ကြည့်ခြင်းကြီး ငါးပါးကို ပိုင်းခြားထင်ထင် ကြည့်တော်မူလေသည်။ ကြည့်တော်မူအပ်သော ကြည့်ခြင်းကြီး ငါးပါးကို ကြည့်တော်မူပြီးလျင် စကြာဝဠာ တိုက်တစ်သောင်းမှ လာရောက်၍ တောင်းပန်း လျောက်ထားကုန်သော နတ်ဗြဟ္မာတို့၏ ပဋိညာဥ်စကားကို ဝန်ခံချက်ပေးလေ၏။ "စကြာဝဠာတစ်ခွင်မှ လာရောက်ကြကုန်သော နတ်ဗြဟ္မာတို့ အချင်းတို့ တောင်းပန်းလျောက်ထားမူ့ကို လက်ခံတော်မူပါ၏။ အကျွန်ုပ်သည် ဘုရားဖြစ်တော်မူရန်အတွက် ပါရမီတော်တို့ကို ဖြည့်ကျင့်ခဲ့သည်မှာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထိပင် ကြာညောင်းခဲ့ရပေသည်။ ယခုအခါတွင် အကျွန်ုပ်သည် ရှေးရှေးသော ဘုရားတို့၏ ဗျာဒိတ်ပေးခဲ့သည်အတိုင်း အကျွန...

တစ်ပွင့်ကြွေ၍ တစ်တောလုံးမွှေးခဲ့သည်

Image
(အရမ်းကောင်းလွန်းလို့-စာကိုဆုံးဆောင်ဖတ်စေချင်ပါသည်) _______________________________ တစ်ပွင့်ကြွေ၍ တစ်တောလုံးမွှေးခဲ့သည် ************************************ စမ်းချောင်းကလေးထဲမှာ ရေတွေက တသွင်သွင်စီးဆင်းနေကြသည်။ ဟိုချင်းတောင်ပေါ်က မြစ်ဖျားခံပြီး စီးဆင်းခဲ့လို့ထင်ပါရဲ့၊ အေးချမ်းခြင်းသင်္ကေတနှင့် တငြိမ့်ငြိမ့်ကြည်လင်တောက်ပနေ၏။ မှိုင်း ဝေအုံ့ဆိုင်းနေသောမြူခိုးများက ‘‘ဆောင်းရာသီ ပူဇော်ခန်း’’လို တခမ်းတနားအလှဆင်ထားကြ၏။ ချင်းတောင်ထိပ်တစ်နေရာဆီက ငှက်ကလေးများ၏ သီချင်းဆိုလေ့ကျင့်နေကြသံများကိုလည်း တစ်စွန်းတစ်စကြားနေရသည်။ တောင်ဇလပ်ပန်းတွေကလည်း ဦးညွတ်ငြိမ်သက်စွာ ပွင့်ဖူးအသုံးတော် ခံနေကြဆဲ။ ************ ‘‘ဟေ့...ဘုန်းကြီး၊ နင် ဒီနေ့ ငါတို့ကို ဘာသင်ပေးမှာလဲ၊ သင်ရင် မြန်မြန်သင်နော်၊ ငါတို့က ဒီနေ့ တောထဲသွားပြီး ထင်းခုတ်ရအုံးမှာ’’ ကျောင်းပေါ်သို့တက်လာသော ချင်းကလေးငယ်များ၏ ပဏာမပတ်ပျိုးစကားကိုကြားရတော့ ဦးသုန္ဒရပြုံးလိုက်သည်။ ‘‘အေး...အေး...ဒီနေ့ စာကိုခဏပဲသင်မယ်လေ၊ စာသင်ပြီးရင် မင်းတို့အတွက် စားစရာလဲ လုပ်ထားတယ်ကွ၊ စားပြီးမှ တောထဲသွားကြပေါ့ကွာ၊ မနက်ဖြန်တော့ စာသင်ဆောင်နားမှာပေါက်နေတဲ့ မြက်တွေကိုလဲရှင်းရအောင် လာ...

ဝန်ထမ်းလက်စွဲ

 ဝန်ထမ်းလက်စွဲ Application လေး  For Android ✅✅✅ https://play.google.com/store/apps/details?id=com.drnaywinaung.officemanual