မျက်ရည်တွေ... ရေလိုသုံး


 မျက်ရည်တွေ... ရေလိုသုံး

😊💌
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
📖▪အလောင်းတော် သေတကေတု နတ်သားသည် စကြာဝဠာတိုက်တစ်သောင်းမှ လာရောက်၍ တောင်းပန်လျောက်ထားသော နတ်ဗြဟ္မာတို့၏ ပဋိညာဥ်စကားကို ခံယူလျက် အလောင်းတော်တို့ ထုံးစံအတိုင်း ကြည့်ခြင်းကြီး ၅ ပါးကို ကြည့်တော်မူလေသည်။ ဘုရားဖြစ်ရာ အချိန်ကာလကို ကြည့်တော်မူခြင်း။ ဘုရားဖြစ်ရာ အရပ်ဒေသကိုကြည့်တော်မူခြင်း။ ဘုရားဖြစ်ရာ ကျွန်းကို ကြည့်တော်မူခြင်း။ ဘုရားလောင်း၏ အမျိုးဇာတ်ကို ကြည့်တော်မူခြင်း။ ဘုရားလောင်းမယ်တော်၏ အသက်အပိုင်းအခြားကို ကြည့်တော်မူခြင်း။ ဤသို့ ကြည့်ခြင်းကြီး ငါးပါးကို ပိုင်းခြားထင်ထင် ကြည့်တော်မူလေသည်။
📖▪ကြည့်တော်မူအပ်သော ကြည့်ခြင်းကြီး ငါးပါးကို ကြည့်တော်မူပြီးလျင် စကြာဝဠာ တိုက်တစ်သောင်းမှ လာရောက်၍ တောင်းပန်း လျောက်ထားကုန်သော နတ်ဗြဟ္မာတို့၏ ပဋိညာဥ်စကားကို ဝန်ခံချက်ပေးလေ၏။
"စကြာဝဠာတစ်ခွင်မှ လာရောက်ကြကုန်သော နတ်ဗြဟ္မာတို့ အချင်းတို့ တောင်းပန်းလျောက်ထားမူ့ကို လက်ခံတော်မူပါ၏။ အကျွန်ုပ်သည် ဘုရားဖြစ်တော်မူရန်အတွက် ပါရမီတော်တို့ကို ဖြည့်ကျင့်ခဲ့သည်မှာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထိပင် ကြာညောင်းခဲ့ရပေသည်။ ယခုအခါတွင် အကျွန်ုပ်သည် ရှေးရှေးသော ဘုရားတို့၏ ဗျာဒိတ်ပေးခဲ့သည်အတိုင်း အကျွန်ုပ်သည်ဘုရားဖြစ်တော်မူရန် အချိန်တန်ပါပြီ။ သို့အတွက်ကြောင့် အကျွန်ုပ်သည် နတ်သက်ကြွေကာ လူ့ပြည်သို့ ပဋိသန္ဓေ
ယူပါတော့မည် စကြာဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာပေါင်းတို့ "
စကြာဝဠာတစ်ခွင်မှ နတ်ဗြဟ္မာတို့သည် အလောင်းတော် သေတကေတု နတ်သား၏ ပဋိညာဥ်စကားကို ကြားရသည့်အခါ လွန်းစွာပင် ဝမ်းသာပီတိ ဖြစ်ကြလေသည်။ နတ်ဗြဟ္မာတို့သည် ပီတိ မျက်ရည်တို့ဖြင့် ကိုယ့်နေရာ ကိုယ့်ဒေသသို့ ကြွမြန်းကြလေ၏။ သေတကေတုနတ်သားသည်လည်း နန္ဒဝန်ဥယျာဥ်သို့ ဝင်တော်မူလေ၏။
📖▪နန္ဒဝန်ဥယျာဥ်တော်သည် ငါးဖြာအာရုံကာမဂုဏ်တို့​ဖြင့် ထုံမွှမ်းထားသောကြောင့် သာယာနာပျော်ဖွယ်ကောင်းသော ဥယျာဉ်တော်ဖြစ်ပေသည်။ သေတကေတုနတ်သားသည် နတ်သမီးနတ်သား အခြံအများဖြင့် နန္ဒဝန်ဥယျာဥ်တော်သို့ ရောက်သောအခါ အခြံအရံနတ်သားနတ်သမီးများသည် သေတကေတာနတ်သားအား လျောက်ထားကြလေ၏။
"အလောင်းတော် သေတကေတု နတ်သား အရှင်သည် တုသိတာနတ်ပြည်ကို စွန့်တော်မူလျက် ကုသိုလ်ကောင်းမှု့တို့ ပျော်စံရာ သုဂတိဘုံဘဝသို့ သွားရောက်တော်မူပါလော့အရှင်နတ်သား"
အခြံအရံ နတ်သမီးနတ်သားတို့သည် အလောင်းတော်သေတကေတု နတ်သားအား နောက်ဆုံးအနေဖြင့် လွမ်းဆွတ်တမ်းတ သတိရသည့်အနေဖြင့် အလောင်း
တော်အား ဝန်းရံလျက် နန္ဒဝန်ဥယျာဥ်တော်၌ လှည့်လည်တော်မူလေ၏။ အလောင်းတော် သေတကေတုနတ်သား လှည့်လည်စဥ်မှာပင် အလောင်းတော်၏ နတ်သက်တမ်းကုန်းဆုံး၍ နတ်စုတေရန် အချိန်ကြရောက်ခဲ့ပေသည်။
📖▪အလောင်းတော် သေတကေတုနတ်သား နတ်သက်ကြွေရန် အချိန်ရောက်သောအခါတွင် အလောင်းတော်၏ မယ်တော်သည်လည်း ကပိလဝတ်ပြည်ရှင် သုဒ္ဓေါဓနမင်းကြီး၏ အဂ္ဂမဟေသီ သီရိမဟာမာယာဒေဝီ မိဖုရားခေါင်ကြီးအဖြစ်ဖြင့် ကြီးကြယ်ခမ်းနားသော ထီးနန်း စည်းစိမ်ကို ခံစားစံစားတော်မူလေ၏။ အလောင်းတော် ၏မယ်တော် မဇ္စျိမဝယခေါ် ဒုတိယအရွယ်သို့ရောက်တော်မူလေ၏။ ထိုကာလသည် လူတို့၏ နှစ်တစ်ရာသက်တမ်းကာလဖြစ်၍ သီရိမဟာမာယာဒေဝီမိဖုရားကြီး၏ သက်တော်မှာ ငါးဆယ့်ငါးနှစ် လေးလစွန်းလေသည်။ ကပိလဝတ် နေပြည်တော်၌ မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလဆန်း ၉ရက်နေ့တိုင်း နှစ်စဥ်ကျင်းမြဲဖြစ်သော ဥတ္တရာသာဠ် နက္ခတ်ပွဲတော်ကြီးကို ပြည်သူ
ပြည်သားများနှင့်အတူ ပျော်ရွင်စွာ ကျင်းပကြလေ၏။
ဝါဆိုလပြည့်နေ့ ရောက်သောအခါတွင် သီဂိမဟာမာယာဒေဝီမိဖုရားကြီးသည် နံနက်ခင်းအချိန်တွင် နံ့သားရေမိုးချိုးပြီးလျင် လေးသိန်းသော အသပြာတို့ကို တိုင်းသူ
ပြည်သားတို့အား ကြီးကျယ်ခမ်းနားစွာ စွန့်ကြဲလေ၏။ ထို့သို့ စွန့်ကြဲပြီးသောအခါ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ဥပုသ်သီလကို ဆရာဒေဝိလရသေ့ထံ ခံယူဆောက်တည်လေ၏။ မိဖုရားကြီးသည် ခမ်းနားစွာ တန်ဆာဆင်ထားသော ကျက်သရေတိုက်ခန်းတော်သို့ ကြွမြန်းတော်မူလျက် အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ဥပုသ်သီလကို စိတ်
နှလုံးဝယ် မယိမ်းရလေအောင် ကျင့်သုံးဆောက်တည်တော်မူလေ၏။
📖▪အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်သီလကို ဆောက်တည်စဥ် ဝါဆိုလပြည့်နေ့ည ပစ္ဆိမယံတွင် မိဖု
ရားကြီးသည် ကျက်သရေရှိသော နေရာထက်၌ လဲ
လျောင်းအိပ်စက်တော်မူစဥ် အလောင်းတော် ပဋိသန္ဓေ တည်မည့်အကြောင်းကို ပုဗ္ဗရှေ့ပြေးနိမိတ်အနေဖြင့် အိပ်မက်တော်ကို မြင်မက်တော်မူလေ၏။ အိပ်မက် မြင်
မက်ပုံကာ ထူးဆန်းလေ၏။ စတုမဟာဇရ်နတ်မင်း
ကြီးလေးပါးတို့သည် အိပ်စက်ရာ နေရာနှင့်တကွ မိဖုရားကြီးအား ပင့်​ဆောင်းချီမ၍ ဟိမဝန္တာ အနောတတ်အိုင်သို့ ယူဆောင်ခဲ့လေ၏။ မိဖုရားကြီးအား ခုနစ်ယူဇနာ ရှိသော အင်ကြင်းပင်ကြီး၏အောက်၌ ယူဇနာခြောက်ဆယ်ရှိသော ဆေးဒန်းမြင်းသီလာ ကျောက်ဖျာပေါ်တွင် ထားလေ၏။ ထို့နောက်တွင် နတ်မိဖုရားများသည် လာရောက်ကြပြီး သီရိမဟာမာယာဒေဝီမိဖုရားကြီးအား အနော
တတ်အိုင်သို့ ယူဆောင်၍ သန့်ရှင်းစင်ကြယ်စေခြင်းအကျိုးငှါ ရေချိုးပေးကုန်၏။ ရေချိုပြီးသောအခါ နတ်ဝတ်တန်ဆာတို့ကို ဝတ်ဆင်ပေး၍ ပန်းနံ့သာတို့ကို လိမ်းကြံလျက် နတ်ပန်းတို့ဖြင့် တန်ဆာဆင်လေ၏။ အနောတတ်အိုက်မှ မနီးမဝေးအရပ်၌ ရှိသော ငွေတောင်ကြီးထဲရှိ ရွှေဗိမာန်အတွင်းဝယ် အရှေ့အရပ်ကို ဦးခေါင်းပြုလျက် အိပ်စက်စေ၏။ သီရိမဟာမာယာဒေဝီမိဖုရားကြီး အိပ်စက်စဥ် ခဏတွင် ငွေတောင်နှင့် မနီးမဝေးအရပ်မှာ ရှိသော ရွှေတောင်၌ မြတ်သောဆင်ဖြူတော်သည် လှည့်လည် ကျက်စားပြီးလျင် ရွှေတောင်မှဆင်းသက်၍ ရွှေဗိမာန်ရှိရာ ငွေ​တောင်ထဲသို့ ဝင်ရောက်လေ၏။ ဆင်ဖြူ
တော်သည် သီရိမဟာမာယာဒေဝီမိဖုရားကြီးအား လက်
ယာရစ် သုံးပတ်လှည့်လည်၍ မိဖုရားကြီး၏ လက်ယာနံပါးကို ခွဲဖောက်ဖွင့်တော်မူလျက် ဝမ်းတိုက်တော်အတွင်းသို့ ကိန်းဝပ်တော်မူလေ၏။
📖▪သီရိမဟာမာယာဒေဝီမိဖုရားကြီး အိပ်မက်မြင်မက်တော်မူစဥ် အချိန်အခါတွင် အလောင်းတော်သေတကေတု နတ်သားသည် သန္တုသိတာနတ်မင်းအုပ်စိုးသော တုသိတာနတ်ပြည်၏ နန္ဒဝန်ဥယျာဥ်တော်အားလှည့်လည်ကြည့်ရှု့လျက် လက်မှဆွဲကိုင်ထားသော သတိသမ္ပဇဥ်တရားကို ပွားများကာ နတ်သက်ကြွေ စုတေတော်မူခဲ့လေသည်။
📖▪ဘိုးတော် အဥ္ဇနမင်းကြီး၏ ၈၆၄၅-ခု သက္ကရဇ်ကို ​ဖြိုးပစ်သည့်နောက်ပိုင်း မဟာသက္ကရဇ် ၆၇-ခု ဝါဆိုလပြည့် ကြာသပတေးနေ့ မိုးသောက်ကာလ ပစ္ဆိမယံ၌ ဥတ္တရာ
သာဠ် နက္ခတ်နှင့် စန်းလနတ် ယှဥ်စံသော သံခေါင်းယံအချိန်တွင် ပဋိသန္ဓေစိတ် ၁၉ ပါးတို့တွင် မေတ္တာစျန်စိတ်၏ ရှေ့သွားဖြစ်သော ပရိကမ္မဘဝနာဖြင့် ပွားများအပ်သော သောမနဿသဟဂုတ် ဉာကသမ္မယုတ် အသင်္ခါရိက မဟာကုသိုလ် ပထမစိတ်၏ အကျိုးဝိပါတ်ဖြစ်သော ပထမ မဟာဝိပါတ်စိတ်ဖြင့် အလောင်းတော်သည် မယ်တော် သီရိမဟာမာယာဒေဝီမိဖုရားကြီး၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲကပ်တော်မူလေ၏။
📖▪ဘုရားလောင်းတော် ပဋိသန္ဓေတည်နေမူသည့်နှင့်တစ်ပြိုက်နက် စကြာဝဠာ တိုက်တစ်သောင်း လောက
ဓာတ် ကမ္ဘာလောကကြီးတစ်ခုလုံး တုန်လှုပ်ခြောက်စွာ ကြီးစွာသော ငလျင်လှုပ်ခက်လေ၏။ ထို့နောက်တစ်ဖန် လောကလူသားတို့အတွက် လွန်စွာအံ့သြဖွယ်ရာ ကောင်း
သော ၃၂ ပါးသော ဗုဗ္ဗရှေးနိမိတ်ကြီးတို့ကိုလည်း မျက်
မြင်ကိုယ့်တွေ့ ကြုံရလေ၏။
📖▪မှတ်ချက်။ ။ စိတ်ကူးနှင့်သာ ရေသားပုံဖော်ခြင်းဖြစ်ပါသည်။ အမှားတစ်စုံတစ်ရာ ပါရှိခဲ့လျင် စာရေးသူ၏ ညံ့ဖျင်းမှု့ကြောင့်သာဖြစ်သည်။ သို့အတွက်ကြောင့် စာရေးသူအား ခွင့်လွတ် နားလဲပေးပါရန် တောင်းဆိုပါသည်။
⚜ ၁၃၈၅- ခု ဝါခေါင်လဆန်း ၈ ရက်
🍁 24.8.2023 ​ကြာသပတေးနေ့ည 10:52 PM
🌻 ဘုန်းမြတ်သူ

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း