မင်းကွန်းပုထိုးတော်ကြီးသမိုင်း
မင်းကွန်းပုထိုးတော်ကြီး
တည်နေရာ စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့
၁၇၉၀ ပြည့်က သူ့နန်းဌါနသို့ အလည်ရောက်လာ စိနတိုင်း ဘုရင် ကိုယ်စားလှယ်တော် တမန်အဖွဲ့က ပဏ္ဏပါးသည့် ဗုဒ္ဓစွယ်တော် တဆူ ဌာပနာတော် မူရန် ကမ္ဘာ့အကြီးဆုံး ပုထိုးတစ်ဆူ တည်တော်မူရန် ဘိုးတော်ဘုရား ရည်သန်တော် မူခဲ့သည်။
ရည်ရွယ်ရင်းက သူမည်မျှ ဘုန်းတန်ခိုး အာနုဘော် တော်တော်တန်တန် မျှမဟုတ်ကြောင်း ပြသဖို့ ဖြစ်လေသည်။ သူက ၁၇၉၀ ခုနှစ်တွင် မန္တရာကြီး သို့မဟုတ် မင်းကွန်း ပုထိုးကြီးကို စတင် တည်ထောင် တော်မုသည်။
ကိုယ်တိုင် ကြီးကြပ်တည်ဆောက် နိုင်ရန် အလို့ငှာ စံနန်းမှ ဧရာ၀တီ မြစ်အတွင်း ကွန်းတစ်ခုပေါ် ၁၉၇၉ ခုနှစ် တိုင်အောင် ပြောင်းရွှေ စံနေခဲ့သည်။ ထိုအချိန်တွင် ငွေကုန်လူပန်း နှင့် ပုထိုးတည်အလုပ် ကိုဆက်လုပ်ရန် ခက်ခဲလာတော့သည်။
သူ့ဆန္ဒက သူ့ပုထိုး ကို ၁၅၂ မီတာ သို့မဟုတ် ၄၉၉ ပေ အမြင့် ဆောက်ရန် ရည်ရွယ်သည်။ သို့သော် ပုထိုးတည်မှု ဆိုင်းလိုက်ရသည့်အခါ တည်လက်စမှာ ဥာဏ်တော် မီတာ ၆၀ သို့မဟုတ် ၁၉၈ ပေသာ ရှိသေးသည်။
သူ့၏ အောက်ဆုံးဆင့် စင်္ကြန်သည်ပင် ပေ ၄၅၀ သို့မဟုတ် ၁၃၇ မီတာစတုရန်း အရွယ်ရှိသည်။ အလား ၄ ရပ် တဖက်စီမှ မုဒ်ဦးပေါ်ထွက်လာ ကြပြီး ဘုရားဆောင်တို့ကလည်း အသင့်ရှိပေသည်။
ဘိုးတော်ဘုရားသည် ဘုရားအဆောင်တို့ ကိုခဲနားသတ်၍ ယင်းအတွင်း၀ယ် ရွှေဆင်းထု ၁၅၀၀ ငွေဆင်းထု ၂၅၃၄ အပြင် အခြား ဌာပနာ ၃၇၀၀၀ သို့သွတ်သွင်းရာတွင် ထိုစဉ်ကာလ တီထွင်စစဦး ဆော်ဒါရည် ဖေါက်စက် နမူနာတလုံး ပင်ပါသေးသည်ဟု ဘိုးတော်ဘုရား နန်းတော်သို့ ဗြိတိသျှသံ ဟီရန်ကောက်စ် ပြောသည်မှာ အဆန်းအပြား ပင်ဖြစ်နေသေးသည်။
၁၈၃၈ ခုငလျင်ကြောင့် ပုထိုးကြီး၏ ပထမအဆစ်မှာ အောက်ဘုရားဆောင် အတွင်း ပစ်လဲပြိုလဲ၍ မြစ်မျက်နှာပြင် တင်ကြိုကာကွယ်ထားသော ခြင်္သေ့ကိုယ်နှင့် ဂဠုန် နှုတ်သီး နှင့် ဂဠုန်တောင်ကြီး အမားတစုံ လည်းပျက်ပြား ဆုံးရှုံးရလေသည်။
သို့ပင်သော်ငြားလည်း မင်းကွန်းဘုရားသည် မပြီးမပြတ်ကျန်လျက်နှင့် သူ့အားဆက်ခံ စိုးစံခဲ့သော မည်သည့်သားမြေးဆက်ကမှ ၁၈၁၉ ခုနှစ်အတွင်း သူအနိစ္စရောက်သည့် နောက်၌ပင် ဆောက်လုပ်ခြင်း မဆက်ကြတော့ချေ။
အပျက်အစီး အပုံကြီးသည် ၃၂၈ ပေအထိ ခေါင်းလောင်းကြီး ၏ တောင်ဘက်တွင်ခန့်ခန့်ထည်ထည် ရပ်တည်လျက်ရှိပါသည်။
#သော်တာမင်း
ပြန်လည်မျှဝေသူ

Comments
Post a Comment