သရဏဂုံသုံးပါး ပုတီးစိပ်နည်း

"သရဏဂုံသုံးပါး ပုတီးစိပ်နည်း "

______________________________


ဤ " သရဏဂုံ ပုတီးစိပ်နည်း "သည်....

သမာဓိရလွယ်၍ ကာယစိတ္တသုခနှစ်ဖြာပွားစေသည်။

သူတစ်ပါးတို့ မနှိပ်စက်နိုင် ၊ မညှဥ်းဆဲနိုင် ။

ဂါထာမန္တာန်တို့ထက် ထက်မြတ်ခြင်း ၊

သြဇာအာဏာကြီးခြင်း၊ နတ်အများတို့ချစ်ခင်

လေးစားကြခြင်း ၊ သမ္မာဒေဝ နတ်ကောင်းနတ်

မြတ်တို့၏ အစောင့် အရှောက်တို့ကို ရရှိခြင်း ၊

ကြံသမျှ ပြောသမျှ ပြုသမျှ ကိစ္စအဝဝတို့

အောင်မြင်ပြီးစီးနိုင်သည်။

မျက်နှာတည်ကြည်၍ မတွေမဝေ သေရခြင်း ၊

နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်စေနိုင်ခြင်း စသော

အကျိုးကျေးဇူးများရှိသည် ....


၁။ "ဩကာသကန်တော့"

________________________


ဩကာသ၊ ဩကာသ၊ ဩကာသ၊


ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော

အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊

ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်

မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာ

ရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ

အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော်

ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။


ကန်တော့ရသော အကျိုးအားကြောင့်

အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊

ဗျဿနတရား ငါးပါး တို့မှ အခါခပ်သိမ်း

ကင်းလွတ်ငြိမ်းသည်ဖြစ်၍ အဆုံးစွန်သော

ဘဝ၌ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ

တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။


၂။ " ငါးပါးသီလဆောက်တည် "

__________________________________


အဟံဘန်တေ တိသရဏနေသဟ ပဉ်စသီလံ

ဓမ်မံယာစာမိ ၊ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ ။


ဒုတိယမ္ပိ ...

အဟံဘန်တေ တိသရဏနေ သဟ ပဉ်စသီလံ

ဓမ်မံယာစာမိ၊အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ။


တတိယမ္ပိ ..

အဟံဘန်တေ တိသရဏနေသဟ ပဉ်စသီလံ

ဓမ်မံယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ ။


( အာမ ဘန္တေ .ပါ အရှင်ဘုရား )


နမော တဿ ဘဂဝတော အရဟတာ သမ္မာသမ္ဗုဒ္ဓဿ။


( သုံးကြိမ်ဆို )


ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ ၊

ဓမ်မံ သရဏံ ဂစ်ဆာမိ ၊

သံဃံ သရဏံ ဂစျဆာမိ ။

ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ ၊

ဒုတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ ၊

ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ ။

တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ ၊

တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ ၊

တတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ ။


၁။ ပါဏာတိပါတာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။

၂။ အဒိန်နာဒါနာ ဝရေမဏိသိက်ခာပဒံ သမာဒိယာမိ။

၃။ ကာမသေုမိစ်ဆာစာရာ ဝရေမဏိ သိက်ခာပဒံ

သမာဒိယာမိ။

၄။ မုသာဝါဒါ ဝရမဏေိသိကခှာပဒံ သမာဒိယာမိ။

၅။ သုရာမရေယ မဇ်ဇပ်ပမာဒဋ်ဌာနာ ဝရေမဏိ

သိက်ခာပဒံ သမာဒိယာမိ ။


( အာမ ဘန္တေ .ပါ အရှင်ဘုရား )


၃။ " သရဏဂုံသုံးပါး ပုတီးစိပ် "

_________________________________


[ ပုတီး ၁ - ပါတ် စိတ်ပါ ]


" နိဗ်ဗာနကာလံ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ "


" နိဗ္ဗာန်ရသည့်တိုင်အောင် မြတ်စွာဘုရားကို

ဆင်းရဲကင်းပျောက် ချမ်းသာရောက်အောင်

အားကိုးရာဟူ၍ မှီဝဲဆည်းကပ် သိမှတ်ပါ၏ " ။


[ ပုတီး ၁ - ပါတ် စိတ်ပါ ]


" နိဗ်ဗာနကာလံ ဓမ်မံ သရဏံ ဂစ်ဆာမိ "


" နိဗ္ဗာန်ရသည့်တိုင်အောင် တရားတော်မြတ်ကို

ဆင်းရဲကင်းပျောက် ချမ်းသာရောက်အောင်

အားကိုးရာဟူ၍ မှီဝဲဆည်းကပ် သိမှတ်ပါ၏ "



[ ပုတီး ၁ - ပါတ် စိတ်ပါ ]


" နိဗ်ဗာနကာလံ သံဃံ သရဏံ ဂစ်ဆာမိ "


" နိဗ္ဗာန်ရသည့်တိုင်အောင် သံဃာတော်မြတ်ပေါင်းကို

ဆင်းရဲကင်းပျောက် ချမ်းသာရောက်အောင်

အားကိုးရာဟူ၍ မှီဝဲဆည်းကပ် သိမှတ်ပါ၏ "


♤ #မှတ်ချက် ...


ပါဠိနှင့် အနက်အဓိပ္ပါယ်ကို အရကျက်ပြီး

၁၀၈ - လုံးရှိသော ပုတီးနှင့် ၁ - ပါတ်စိပ်ပါ။


သက်စေ့ ပူဇော်လိုပါက ပူဇော်လို့ရပါသည်။


အဓိဋ္ဌာန်ဝင်၍ ပူဇော်လိုပါက

၁ - ပတ် အဓိဋ္ဌာန်ပါ ။ အောင်မြင်ပါက။

၁ - လ အဓိဋ္ဌာန်ဝင်၍ ပူဇော်ပါ။ အောင်မြင်ပါက။

၂ .လ ၊ ၃.လ ၊ ၁ .နှစ် စသည် လိုအပ်သလို

အဓိဋ္ဌာန်ဝင်၍လည်း ပူဇော်လို့ရပါသည်။


၄။ " သစ္စာပြု "

__________________


ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား

တပည့်တော် / မ သည် " သရဏဂုံသုံးပါးကို "

၁၀၈ - လုံး ပုတီးဖြင့် ၊ ၃ - ပါတ်စိပ်၍

မြတ်စွာဘုရားအား ပူဇော်ခဲ့ပါ၏ ။


( သရဏဂုံသုံးပါးကို ၁၀၈ - လုံး ပုတီးဖြင့်

သက်စေ့စိပ်၍ မြတ်စွာဘုရားအား ပူဇော်ခဲ့ပါ၏ )


ဤစကားသည်မှန်ပါသည်ဘုရား ...

ဤမှန်သော သစ္စာစကားကြောင့်လည်းကောင်း ။


"" ဤသရဏဂုံသုံးပါး၏ တန်ခိုးတေဇော်

အာနုဘော်ကြောင့်လည်းကောင်း ...။


တပည့်တော် / မ သည် ...

( သစ္စာလေးပါး မြတ်တရားကို ဝဋ်ဘဝတိုတိုဖြင့်

လျှင်မြန်စွာ သိမြင်ရပါလို၏ဘုရား ) ...။


[ မိမိလိုသော ဆု တစ်ခုကိုသာ မပြောင်းမလွဲ

တောင်းပါ ပြည့်စုံပါသည် ဆုတွေအများကြီး

မတောင်းပါနဲ့ ]



၅။ "အမျှဝေ"

_________________


ဤသို့ပြုရ ၊ မြတ်ပုညကို ၊ ကြီးထမြင့်ခေါင် ၊

မြင်းမိုရ်တောင်ဦး၊ မကကျူးသား၊ ကျေးဇူးအရှင်၊

မွေးမိခင်နှင့်၊ ဖခင်တို့အား၊ ရငြားပါစေ၊ အမျှဝေ၏။


မသွေနိစ္စ၊ ဤကာယကို၊ စောင့်ထပေတတ်၊

ကိုယ်စောင့်နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏။


မိတ္တဆွေဉာ၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊

ဒေဝါယက္ခ၊ ဣန္ဒဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍၊

မပြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊ အမျှဝေ၏ ။


သဗ္ဗေသတ္တာ၊ သတ္တဝါဟု၊ နာနာလောက၊

အနန္တတွင်၊ မပြတ်စဉ်ကာ၊ သတ္တာဝါသ၊

ဘုံကိုးဝနှင့်၊ ဝိညာဏဋ္ဌိတိ၊ တည်ရှိခုနစ်ပါး၊

များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊

ဝေနေယျအား၊ အမျှကုသိုလ်၊ ပေးဝေလို၏ ။


ထိုကုသလ ၊ ဤပုညကို ၊ အမျှရကြသည်

ဖြစ်စေသော် ၊ ဝသု​န္ဒြေ ၊ ဤမြေပံသု ၊

သိလာထုလည်း၊ သက်သေအမှု တည်စေသော်။


" ကုသိုလ် " ...

အမျှ - အမျှ - အမျှ ယူတော်မူကြပါကုန်လော့

သာဓု ..သာဓု ..သာဓု ။

Comments

Popular posts from this blog

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း