Posts

Showing posts from 2021

ရဟန်းဒါယကာ [ ၅ ] မျိုး

Image
 ရဟန်းဒါယကာ [ ၅ ] မျိုး 🔳🔳🔳🔳🔳🔳🔳🔳🔳 [ ၁ ] ✔မျိုးစေ့သာချ၍ ရေးမလောင်းသော ရဟန်းဒါယကာ✔ ❖ ဘယ်လိုအပင်မျိုးပင်စိုက်စိုက် အရင်ဆုံး မျိုးစေ့ကိုစိုက်ပျိုးချရစမြဲသာဖြစ်၏၊မျိုးစေ့သာချပြီး ရေမလောင်းလျှင်ကား ထိုမျိုးစေ့သည် မည်သို့ပဲ အမျိုးနွယ်ကောင်းကောင်း လုံလောက်သောရေကို သောက်သုံးခွင့်မရလျှင်ကား အချိန်ကာလ ကြာလာသည်နှင့်အမျှ မြေကြီးထဲမှာပင် သေဆုံးရစမြဲသာဖြစ်၏။ ထိုနည်းအတူ မြတ်သောသိမ်တော်ပေါ်၌ တက်သစ်စ ရဟန်းတစ်ပါးသည် မျိုးစေ့ပမာတူပေ၏ ၊ ရဟန်းဒါယကာသည် ရေလောင်းသူနှင့်တူလှပေ၏။ ~~~~~~~~~~~~~~~~~ [ ၂ ] ✔လက်ဝတ်ရတနာကိုသာ ဝတ်ချင်တဲ့ ရဟန်းဒါယကာ✔ ❖ပုထုဇဉ်အများစု၏ ပင်ကိုသဘောသဘာဝသည် လူတစ်ယောက် လက်ဝတ်ရတနာကောင်းကောင်း ဝတ်ဆင်လာတာမြင်တွေ့ပါက လူကြီးလူကောင်းဆန်ဆန် မဆန်ဆန် လူယုတ်ပဲဖြစ်၍ သူခိုးပင်ဖြစ်စေဦး ဂုဏ်ယူဝန့်ကြွားစွာ ခင်မင်တတ်ကြ၍ အထင်ကြီးလေးစားတက်ကြသူကများ၏ ထိုနည်းအတူ ပညာတတ်သော ဓနကြွယ်သော သိုင်းဝိုင်းကောင်းသော စာရေးကောင်းသော တရားဟောကောင်းသော ဗေဒင်ကောင်းသော ယတြာကောင်းသော ရဟန်းလောင်းကိုမှ ခင်မင်ချင်ကြသည် ရဟန်းခံပေးချင်ကြသည် ရဟန်းအဖြစ်နှင့် ဖြစ်လာမည့်ထိုရဟန်းလောင်းမှာ ပရိယတ္တိလိုက်စားသူလား၊ပရိပတ္တိလိုက်စားသူလ...

သနားလို့ မလှူ တာ

Image
 သနားလို့ မလှူ တာ ◽◽◽◽◽◽◽ ♻ဘုန်းဘုန်း အကြွေပါရင် မုန့်ဖိုးစွန့်ခဲ့ပါဦး ♻အသံကြားလို့နောက်ပြန်ကြည့်မိသည် အသက်ရွယ်အားဖြင့် [ ၃၀ ]ကျော်သာသာ ဒကာမကြီးတစ်ယောက် _ [ ၄ ] နှစ်အရွယ်လောက်ရှိသေးသည့် ကလေးငယ်လေးကို လက်မှာလည်းပွေ့ချီထားလျှက် နွေရာသီဆိုတော့ ရန်ကုန်မြေရဲ့ကတ္တရာလမ်းမကြီးက အလွန်လည်းပူပြင်းလှပေသည် …… မြင်မြင်ခြင်း ကြားကြားခြင်းမှာတော့ စာရေးသူ၏ရင်ထဲမှာ တကယ်ကရုဏာသက်မိသည် စာရေးသူလွယ်ထားတဲ့ လွယ်အိပ်ထဲကို ပြန်ကြည့်မိလိုက်တော့လည်း အလှူ ခံတွေ့ရင်လှူ ဖို့ဆိုပြီးတော့လည်း အရံသင့်ဆောင်ထားတဲ့ နှစ်ရာတန် ငါးရာတန်တေလေးတွေလည်း ရှိနေသေးသည် ဒါပေမယ့်လည်း မတက်နိုင် ရင်နာနာနှင့် ပြောလွှတ်လိုက်သည်။ ♻အကြွေတော့ပါ ပါတယ် ဒကာမကြီး ဦးဇင်းမလှူ နိုင်ဘူး ဟူ၍စကားသာ? စာရေးသူ၏နောက်မှပါလာသောကျောင်းသားက အံ့သြပြီးမျက်လုံးပြူ းပြဲကြည့်နေသည် ဘာဖြစ်လို့များလည်းဆိုတဲ့ အတွေးများနဲ့…… စာရေးသူသည် အဲဒီလောက် သဒ္ဓါတရားမပွဲပါ ပေးရ လှူ ရတာကို ပျော်သည် ဖေးမ ကူညီရတာကို နှစ်သက်သည် နေပူကြဲကြဲ ကတ္တရာလမ်းမပေါ်မှာ ကလေးငယ်ကိုပိုက်ပြီး တောင်းရမ်းလို့ ဝမ်းစာရေးရှာနေတဲ့ ထိုဒကာမကြီးတို့မိသားစုကို မသနားပဲနေနိုင်ပါ့မလား သနားတက်ပါ၏ "သနားလို့လည်း မ...

ကတုံးပေါ်သို့ ဂျင်လှည့်ခြင်း

Image
 ကတုံးပေါ်သို့ ဂျင်လှည့်ခြင်း 📌📌📌📌📌📌📌📌📌 "ဘုရားပစ္စည်း ငရဲမီး သံဃာ့ပစ္စည်း အဆိပ်သီး" တဲ့ လူလူခြင်း လိမ်လည်ပြီးစားနေခြင်းထက် ရဟန်းသံဃာရဲ့အပေါ်ကိုလိမ်လည်ပြီး စားနေခြင်းက ပိုမိုအပြစ်ကြီး၏ ရဟန်းတစ်ပါးက ယော့အင့် လို့ မပေးပဲစားသုံးလိုက်တဲ့အရာတစ်ခုသည် အဲဒီလူအဖို့ အဆိပ်သီးကြီးကို ကိုက်ဝါးစားနေရသကဲ့လို့ဖြစ်၏ ထိုအဆိပ်သည် ဖြေဆေးလုံးဝမရှိ တစ်သံသရာတစ်လျှောက်လုံးထိတိုင် ခံစားလိုက်ပေအံ့။ "မသာကိုဆောင် _ ကျောင်းကိုရှောင်" တဲ့ ရှေးလူကြီးများသည် မသာပစ္စည်းတစ်ခုကို အမြတ်တနိုးဆောင်ထားတက်ကြပေမယ့် ဘုန်းကြီးကျောင်းကပစ္စည်းဆိုရင်တော့ အပ်တိုတစ်ချောင်းက အစ ဘုန်းကြီးမစွန့်ရင် မယူရဲကြ မစားရဲကြ အလွန့်လွန်အပြစ်ကြီးသည်ကို သိသောကြောင့်သာဖြစ်၏ __ ကျန်ခဲ့သော( ၃ ) လကျော်ခန့်က တနေ့……စာရေးသူတို့သည် ကိုယ့်အာရုံလေးနဲ့ကို ဝိုင်းဖွဲ့ပြီးနေ့ဆွမ်းဘုဉ်းပေးကြသည် အချိန်အားဖြင့် ၁၁ နာရီစွန်းစွန်း မကြာပါ ……အသက်အားဖြင့် ( ၃၀ )ကျော် ဒကာတစ်ယောက် ဒကာမတစ်ယောက် ငါးရာတန်ပေါင်မုန့်တစ်လုံးကိုစွဲပြီး ကျောင်းထဲဝင်ရောက်လာသည် ဘုရားကိုဦးချကန်တော့ပြီး ပါလာတဲ့ မုန့်လေးကိုစာရေးသူတို့ဆရာတော်ကို ကပ်လှူ ပြီး စကားစပါတော့သည် __...

လူဆိုး နဲ့ လူကောင်း

Image
 လူဆိုး နဲ့ လူကောင်း 🔳🔳🔳🔳🔳🔳🔳🔳 ● စာရေးသူတို့ဒီလောကကြီးဟာ အမှောင် နဲ့ အလင်း အနိမ့် နဲ့အမြင့် အဆိုး နဲ့အကောင်း ဒွန်တွဲလို့နေတာပဲ အဲဒီတော့ လူဆိုး နဲ့လူကောင်းခွဲခြားတဲ့နေရာမှာ ဘုရားအနားမှာနေသူတိုင်းကိုလည်း လူကောင်းချည်းပဲသက်မှတ်လို့မရသလို အရက်ဆိုင်တစ်ဆိုင်မှာ အရက်သောက်နေသူကိုလဲ ဒီလူဟာလူဆိုးပဲလို့သက်မှတ်လို့မရနိုင်ဘူး ဓမ္မအဓိဋ္ဌာန်ကျကျ ဓမ္မရှုထောင့်ကနေပြီး ပြောရမယ်ဆိုလျှင်ပေါ့ _ ဟိုးအမြင့်ဆုံး ဘုရားအနားမှာနေသူပဲဖြစ်ဖြစ် ဟိုးအနိမ့်ဆုံး အရက်ဆိုင်မှာနေသူပဲဖြစ်ဖြစ် အဲဒီပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ စိတ်ဆိုး စိတ်ယုတ်တွေရှိနေရင် လူဆိုးပဲ စိတ်မြတ်စိတ်ကောင်းတွေရှိနေရင် လူကောင်းပဲ ဒါက လူတစ်ယောက်ကို လူဆိုးနဲ့လူကောင်း ခွဲခြားသက်မှတ်တဲ့ အဓိကလိုရင်းအချက်ပါပဲ ဒီလူဟာ ဘုရားအနားမှာနေတဲ့သူပဲ ဒီတော့ဒီလူဟာလူကောင်းပဲလို့ တွေးယူလို့မရနိုင်ပါဘူး သူတော်ကောင်းနဲ့ အနေနီးနေတာပဲရှိပါသေးတယ် သူတော်ကောင်းနဲ့ နီးကပ်စွာနေတိုင်းသူတော်ကောင်းမဟုတ်သေးဖူး_ လက်ရှိလူတွေအတော်များများဟာ တိုက်ပုံအင်္ကျီဝတ်လို့ပေါ့ ခေါင်းပေါင်းလေးများ ပေါင်းထားလိုက်ကျရင် ရှေးကိုတွေးမနေတော့ဘူး ဒီလူဟာလူကောင်းပဲတွက်လိုက်တာပဲ ဒါ့ကြောင့် ဂေါပကယောင်...

" ညအခါ လသာသာ - ကစားမလား နားမလား "

Image
 " ညအခါ လသာသာ - ကစားမလား နားမလား " 🌍 🌍 🌍 🌍 🌍 🌍 🌍 🌍 🌍 🌍 🌍 🌍🌍 ၁။✔ညအခါ ၂။✔လသာသာ ၃။✔ကစားမလား ၄။✔နားမလား ၁။✔ညအခါ ဟူသည် _ သာသနာပကာလကို ရည်ညွှန်းခြင်းဖြစ်၏ သာသနာပ ကာလဟူသည်မှာ ဘုရားမပွင့်သောကာလကိုပြောဆိုခြင်းသာ ဘုရားမပွင့်သောကာလ တစ်ခု၌ သံဃာဟူသည်မရှိသလို တရားတော်များ၏ အသံတော်ကိုလည်းကြားနာရဖို့ဆိုတာလည်း လုံးဝမဖြစ်နိုင်ပါပေ _ ထို့ကြောင့် ရတနာသုံးပါးဆိတ်သုဉ်းသော ကာလတစ်ခုမှာ လူတစ်ယောက်ဖြစ်ရခြင်းသည် လူတစ်ယောက်ဖြစ်ရအကျိုးသည်မနပ်ပေစွ အဘယ့်ကြောင့်နည်း ဟူသော် ကောင်းအကျိုး ဆိုးအကျိုး ကောင်းတာမကောင်းတာ နားလည်သိရှိနိုင်စွမ်းမရှိနိုင်သောကြောင့်၎င်း သစ္စာတရားတော်များမနာကြားနိုင်သောကြောင့်၎င်း သံသရာမှလွတ်မြောက်ရန်လမ်းမရှိသောကြောင့်၎င်း ဒါတွေကြောင့် လူတစ်ယောက်ဖြစ်သော်လည်း လူဖြစ်ရခြင်းမနပ်ဟူ၍ဆိုလိုခြင်းသာဖြစ်ပေ၏ ကံကောင်းထောက်မှစွာဖြင့်လူရသော်လည်း ညအခါမှာ မမြင်မစမ်းနှင့် လမ်းလျှောက်နေရသူ ဥပမာတိုင်းဖြစ်ရလေသည် ထို့ကြောင့် သာသနာပကာလသည် လမိုက်ညနှင့်တူသော ညအခါနှင့်အလွန်တူလှပေစွတကား။ ၂။✔လသာသာ ဟူသည် _ သာသနာတွင်းကာလကိုရည်ညွှန်းခြင်းသာဖြစ်၏ သာသနာတွင်းကာလသည် ရတနာသုံးပါးလည်းထွန်း၏ အကောင်းအဆိုး အကြောင...

ဗုဒ္ဓ နှင့် လေးဆယ့်ငါးဝါ

Image
 ဗုဒ္ဓ နှင့် လေးဆယ့်ငါးဝါ 🔳🔳🔳🔳🔳🔳🔳🔳🔳 ✔️"ဗုဒ္ဓက" လေးဆယ့်ငါးဝါနေသွားတယ် ငါ့ဘာသာကိုလာပြီးတော့ ကိုးကွယ်လှည့်ပါလို့ တစ်ယောက်မှအတင်းခေါ်ဆောင်ခြင်းမပြုခဲ့ဖူးဘူး ✔️"ဗုဒ္ဓက" လေးဆယ့်ငါးဝါနေသွားတယ် ငါ့ဘာသာထဲကနေထွက်သွားလို့ တစ်ယောက်မှ နှင်မထုတ်ခဲ့ဖူးဘူး ✔️"ဗုဒ္ဓက" လေးဆယ့်ငါးဝါနေသွားတယ် ဘာသာတွေထဲမှာတော့ ငါတည်ထောင်ထားတဲ့ ဘာသာသည်သာ အမြတ်ဆုံး အသာဆုံးလို့ တစ်ခွန်းလေးမျှ ပြောထွက်ခြင်းမပြုခဲ့ဖူးဘူး ✔️"ဗုဒ္ဓက" လေးဆယ့်ငါးဝါနေသွားတယ် ဘုရားတွေ ဘုရားတွေထဲမှာတော့ ငါဘုရားသည်သာ အသာလွန်ဆုံးလို့ ကြွားဝါးခြင်းလည်း မပြုမူခဲ့ဖူးဘူး ✔️"ဗုဒ္ဓက" လေးဆယ့်ငါးဝါနေသွားတယ် တနေ့လေးမှ ကိုယ်အကျိုးအတွက် အချိန်လေးတစ်ချိန်တောင် အသုံးမပြုခဲ့ဖူးဘူး ✔️"ဗုဒ္ဓက" လေးဆယ့်ငါးဝါနေသွားတယ် တစ်ဦးတစ်ယောက် အကျိုးရှိစေတာကိုမြင်ရင် မိုင်ပေါင်းသိန်းသန်းခရီးချီလည်း ဘယ်တော့မှ လျစ်လျူ ရှုခြင်းမပြုခဲ့ဖူးဘူး ✔️"ဗုဒ္ဓက" လေးဆယ့်ငါးဝါနေသွားတယ် ဟုတ်တာကို မဟုတ်ဖူး မဟုတ်တာကို ဟုတ်တယ်လို့လည်း ဘယ်သူ့ကိုမှ လိမ်ညာခြင်းမပြုခဲ့ဖူးသလို ဘယ်ဘဝမှာလည်း လိမ်ညာခြင်းမပြုမူခဲ့ဖူးဘူး ✔️"ဗုဒ္ဓက...

သိပ္ပံကို ကျော်လွန်သော

Image
  ``သိပ္ပံကို ကျော်လွန်သော ------------------ အင်္ဂလိပ်အရေးပိုင်မင်းဟာ ရသေ့ကြီးဦးခန္တီကို စစ်ဆေးဖို့အတွက် သူ့ရဲ့ ပုလိပ်အဖွဲ့နဲ့အတူ ကျောင်းကို ရောက်လာခဲ့တယ်။ ပြီးတော့ ရသေ့ကြီးကို မေးလျှောက်တယ်။ `တပည့်တော်တို့က တာဝန်အရ လာရတာပါဘုရား။ အရှင်ဘုရားဟာ ဝင်ငွေ မရှိပဲနဲ့ ဘုရားတည် ကျောင်းဆောက် လုပ်နေတာတွေဟာ အများကြီးပါပဲ။ ဘယ်က ပိုက်ဆံတွေနဲ့ ဆောက်နေတာပါလဲဘုရား´။ လို့ဆိုပြီး လျှောက်သတဲ့။ `ပြီးတော့ အခုလည်း တန်ဆောင်းဆောက်ဖို့ ဂျာမဏီကိုမှာပြီး သံမဏိဒေါက်တိုင်ကြီးတွေ ဝယ်နေတယ်လို့လည်း ကြားသိရပါတယ်။ အဲ့ဒီလောက်များတဲ့ ငွေတွေကို ဘယ်ကနေများရပါသလဲဘုရားတဲ့ အဲဒီအခါ ရသေ့ကြီးက သိချင်ရင် ခဏစောင့်ဆိုပြီး……… ဘုရားခန်းထဲဝင်ကာ ၄၅ မိနစ်လောက် ပုတီးစိပ်ပြီး ပြန်ထွက်လာခဲ့တယ်။ သိပ်မကြာခင်မှာပဲ အရေးပိုင်မင်းရှေ့မှာတင် လူတွေဟာ တဖွဲဖွဲရောက်လာကြပြီး ရွှေနားကပ်တွေ ရွှေဆွဲကြိုးတွေ ရွှေလက်ကောက်တွေ ဝတ္ထုငွေတွေလှူကြနဲ့ လှူလိုက်ကြတာဟာ ရွှေတွေ ငွေတွေ အပုံလိုက်ကြီးဖြစ်သွားသတဲ့။ အဲဒီတော့မှ အရေးပိုင်မင်းက `တပည့်တော်သဘောပေါက်ပါပြီဘုရား´ ဆိုပြီး ပြန်သွားပါသတဲ့။ ဂျာမဏီတွေကလည်း သူတို့ဆီကို တန်ဆောင်း ဆောက်ဖို့မှာတဲ့ ရသေ့ကြီးဟာ အင်ဂျင်နီယ...

ဒုက္ခ_၇_ပါး

Image
 #ဒုက္ခ_၇_ပါး ************* ၁။ ဒုက်ခ, ဒုက်ခ ------------- ဆင်းရဲသည်သာလျှင် ဖြစ်သော ဒုက္ခ။ ၂။ ဝိပရိဏာမ ဒုက်ခ ------------------ ဖောက်ပြန်ခြင်း၊ ဒုက္ခဖြစ်ခြင်း၏ အကြောင်းဖြစ်သော သုခဝေဒနာ ဒုက္ခ။ ၃။ သင်္ခါရ ဒုက္ခ --------------- လောကီဥပေက္ခာ ဝေဒနာနှင့် ကြွင်းသော တေဘူမကဘုံ၌ ဖြစ်ကုန်သော လောကီသင်္ခါရ အဖြစ်အပျက်သည် နှိပ်စက်အပ်ကုန်သည်၏ အဖြစ်ကြောင့် ဆင်းရဲခြင်း ဒုက္ခ။ ၄။ ပဋိစ်ဆန်န ဒုက္ခ ------------------ ကိုယ်စိတ်၌ ဖြစ်နေသည့် ဖုံးကွယ်သော၊ မထင်ရှားသော ဆင်းရဲခြင်း ဒုက္ခ။ ၅။ အပ်ပဋိစ်ဆန်န ဒုက္ခ ---------------------- ၃၂-ပါးသော နှိပ်စက်ညှဉ်ပန်းမှု အစရှိသည့် မဖုံးကွယ်အပ်သော၊ ထင်ရှားသော ဆင်းရဲခြင်း ဒုက္ခ။ ၆။ ပရိယာယ ဒုက္ခ ------------------ ဒုက္ခ, ဒုက္ခ ကြွင်းသည့် ဇာတိ အစရှိသော၊ အလုံးစုံသော ဆင်းရဲခြင်း ဒုက္ခ။ ၇။ နိပ်ပရိယာယ ဒုက္ခ -------------------- ပရိယာယ် မုချဖြစ်သော ဆင်းရဲခြင်း ဒုက္ခ။ Cred : #ဦးမြင့်ခိုင်, #SaiMyoWin & SAI MYO WIN https://www.facebook.com/sai.myowin.731 

ကြောက်စရာ့ပွဲကြီးစပြီလား

Image
 #ကြောက်စရာ့ပွဲကြီးစပြီလား ——————————- ဟိုးယခင်ကတည်းက ဗုဒ္ဓဘာသာရဲ့ ထေရဝါဒရဲ့ဟာ တကမ္ဘာလုံးကိုပြန်လည်ထွန်းကားမဲ့အကြောင်းအရာတွေကို အချက်အလက်အပြည့်အစုံနဲ့ရေးခဲ့ဘူတဲ့ ဆောင်းပါးတွေဟာ တရာကျော်လောက်ကို ရှိမယ်ထင်ပါတယ်။ မြန်မာပြည်ကရဟန္တာကြီးတွေ ဗျာဒိတ်ပေးခဲ့တာတွေ အိုင်းစတိုင်းတို့ကိုင်ရိုတို့ ပြောခဲ့တာတွေ စတဲ့ အချက်အလက်တွေနဲ ခဏခဏရေးခဲ့ဘူးတယ် လူတွေ အစုလိုက်အပြုံလိုက်သေမဲ့အကြောင်းတွေလည်း ခဏခဏ ရေးခဲ့ဘူးတယ်။ ဘုရားရှင်ရဲ့ တရားတော်တွေဟာ လေးအသင်္ချေကမ္ဘာတသိန်းပါရမီဖြည့်ခဲ့ရတဲ့ စွမ်းပကားကြောင့် ပျက်စီးချိန်မတန်သေးရင် မပျက်စီးသေးပါဘူး ။ နောင်တချိန် သာသနာတော်ပြန်လည်ထွန်းကားလာဖို့ တရားဓမ္မတွေ ဖြန့်ဝေရမဲ့ သံဃာတော်တွေနဲ့ သာသနာပြုနိုင်မဲ့ ဗုဒ္ဓဘာသာ လူ ရှင် ရဟန်းအားလုံးဟာ သီလ သမာဓိ ပညာ ကြီးမားတဲ့သူတော်ကောင်းကြီးတွေနဲ့ အရိယာတွေရဲ့စွမ်းပကားကြောင့် မြန်မာပြည်ဟာ ချမ်းသာရရပါလိမ့်မယ်။ ကမ္မနိယာမသဘောအရတော့ အသေအပျောက်တော့ ရှိပါလိမ့်ဦးမယ် အခု ကမ္ဘာကြီးပေါ်မှာ ရောဂါပိုးကြောင့် သေကြကြေကြသလို ရောဂါပိုးပြီးသွားရင်တောင် စီးပွားရေးဟာတော်တော်နဲ့နလံမထူနိုင်သေးပါဘူး။ ရောဂါပိုးကြောင့် ထိက်လန့်နေကြသလို စက်ရုံတွေပိတ်လို့အလုပ်လက...

#နေ့တိုင်း_တရားထိုင်သင့်တဲ့_အကြောင်းအရင်း_၆_ချက်

Image
 #နေ့တိုင်း_တရားထိုင်သင့်တဲ့_အကြောင်းအရင်း_၆_ချက် ***************************************************** ၁။ ဟိုမုန်းကို မြင့်တက်စေတယ် ~~~~~~~~~~~~~~~~~~~~~ ဟိုမုန်းဓါတ်ဟာ သင့်စိတ်ထဲက ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စတဲ့ ခံစားချက်တွေကို အပြောင်းအလဲ ဖြစ်စေတဲ့ ဟိုမုန်းဓါတ်တွေ ဖြစ်ပါတယ်။ တရားထိုင်ခြင်းအားဖြင့် သင့်ရဲ့စိတ်အတွင်းပိုင်းမှာ ကြည်လင်လာပြီး ငြိမ်းအေးမှုကို ဖြစ်စေပါတယ်။ ဒါ့အပြင် နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းကိုလည်း အထောက်အပံ့ ဖြစ်စေပါတယ်။ ၂။ စိတ်ဓါတ်ကျခြင်း နည်းစေတယ် ~~~~~~~~~~~~~~~~~~~~~~~~ စိတ်ဓါတ်ကျဆင်းခြင်း( Depression ) ဖြစ်နိုင်ချေကို သိသိသာသာ ကျဆင်း စေပါတယ်။ အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်း စတဲ့ သင့်စိတ်ကို ထိခိုက်စေနိုင်မယ့် အကြောင်းအရာတွေကို ရင်ဆိုင်ရာမှာ သင့်စိတ်တွေကို ပိုမို သန်မာလာစေပါတယ်။ ၃။ စိတ်ကို ငြိမ်းအေးစေတယ် ~~~~~~~~~~~~~~~~~~~~ ဒါကတော့ တရားထိုင်တဲ့သူတိုင်း ချက်ချင်း ခံစား ရပါတယ်။ တရားထိုင်ခြင်းဟာ သင့်စိတ်အေးချမ်းမှုရဲ့ ဇစ်မြစ်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ တရားထိုင်တာဟာ ဘာသာရေးနဲ့ သက်ဆိုင်ရုံတင်မကဘဲ စိတ်ကုထုံးအနေနဲ့ပါ အသုံးချလို့ရတာကြောင့် လူအတော်များများဟာ တရာ...

ဥပါဒါန်_အစွဲ

Image
 #ဥပါဒါန်_အစွဲ *************** သဲအင်းဂူဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်အခါက ... ရန်ကုန်မြို့တွင် နေထိုင်သော အသက် (၇၀)ခန့်ရှိ နိုင်ငံရေးသမားကြီး တစ်ဦးက ဆွမ်းပင့်ဖိတ်သဖြင့် ထိုအိမ်သို့ ဆွမ်းစား ကြွရောက်ခဲ့၏။ ဆွမ်းဘုဉ်းပေးပြီးသောအခါ ထို နိုင်ငံရေးသမား ဒကာကြီးက ❝ တပည့်တော် တရား လိုချင်တယ်၊ ဒါပေမယ့် တရားထိုင်လို့ မရဘူး ဖြစ်နေတယ် ဘုရား ❞ ဟု လျှောက်ထား၏။ ထိုအခါ သဲအင်းဂူဆရာတော်ကြီးက ... ❝ ဒကာကြီး ဘာကြောင့် တရားထိုင်လို့ မရတာလဲ၊ ဘုန်းကြီးကို လျှောက်စမ်းပါ ❞ ဟု မိန့်လေ၏။ ❝ မှန်ပါ ဘုရား။ တပည့်တော်က ဘိုင်စကုတ်(ရုပ်ရှင်) သိပ်ကြိုက်တယ် ဘုရား။ ကြည်ကြည်ဌေး ပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတိုင်း မလွတ်တမ်း ကြည့်ပါတယ်။ #တရားထိုင်လိုက်တိုင်း_ကြည်ကြည်ဌေးရဲ့_မျက်နှာကိုမြင်နေလို့_တရားထိုင်မရဘူး_ဖြစ်နေတာပါ_ဘုရား ❞ ဟု လျှောက်ထားလေ၏။ ဆရာတော်ကြီးက ပြုံးတော်မူပြီး ... ❝ ကဲ ... ကဲ ... ဒကာကြီး၊ တကယ် တရားလိုချင်ရင် ဘုန်းကြီးခိုင်းတဲ့အတိုင်း လုပ်မှာလား၊ လုပ်မယ်ဆိုရင် ဘုန်းကြီး တရား ပြပေးမယ် ❞ ဟု မေးလေ၏။ ❝ #တရား_တကယ်ရမယ်_ဆိုရင်_သေချင်သေပါစေ_ဘုရား။ #ဘုန်းကြီးက_အိမ်ပေါ်ကနေ_ခုန်ချဆိုရင်_ခုန်ချမယ်_ဘုရား။ #ခိုင...

ချမ်းသာနှင့်ဆင်းရဲ

Image
 ချမ်းသာနှင့်ဆင်းရဲ ဦးလွင်အောင်(မဟာဝိဇ္ဇာ) လောကလူသားအားလုံး ချမ်းသာမှုကိုလိုလားကြ ပြီး ဆင်းရဲမှုကို မလိုလား မနှစ်သက်ကြပါဘူး။ သို့ပေမဲ့ လိုချင်တဲ့ ချမ်းသာအစား ဆင်းရဲခြင်းတွေကိုပဲ တွေ့ကြုံခံစားနေကြရတာများပါတယ်။ ချမ်းသာချင်လို့ တစ်ခုခုလုပ်တယ်၊လုပ်မိလို့ ဆင်းရဲတယ်။ အဲဒီတော့ နောက်ထပ် ချမ်းသာမယ်ထင်တဲ့ဟာတစ်ခု ထပ်လုပ် တယ်။ ထပ်ပြီး ဆင်းရဲမှုကိုပဲ တွေ့ရပြန်တယ်။ ဒီလိုနဲ့ သတ္တဝါတွေဟာ ချမ်းသာမှုကိုရှာရင်း ရှာရင်း ဆင်းရဲ တွင်းကနေ မတက်နိုင်ကြပါဘူး။ ဆင်းရဲပြီးဆင်းရဲ ဖြစ်နေကြတော့တာပါပဲ။ ဒါဟာ ဘာလို့ ဒီလိုဖြစ်နေကြရတာလဲ။ ချမ်းသာ အစစ်ဆိုတာကို နားမလည်တော့ မလိုချင်၊ ချမ်းသာ တုတွေကို အစစ်ထင်ပြီး လိုချင်နေကြလို့ပါပဲ။ ဒီလိုပဲ ဆင်းရဲအစစ်ကို မသိနားမလည်တော့ မကြောက်ကြဘဲ ဆင်းရဲအတုကိုပဲ ကြောက်ပြီး သက်သာရာရှာနေ ကြလို့ပါ။ အများခံစားလိုတဲ့ ချမ်းသာဆိုတာက ကောင်းတဲ့ အဆင်းလေးတွေ ကြည့်ချင်တိုင်း ကြည့်ခွင့်ရမယ်။ နားထောင်ချင်တဲ့ အသံလေးတွေ နားထောင်ချင်တိုင်း ကြားခွင့်ရှိမယ်။ မွှေးပျံ့တဲ့ရနံ့လေးတွေ ရှူချင်တိုင်း ရှူခွင့်ရမယ်။ ကောင်းတဲ့စားစရာလေးတွေ စားချင်တိုင်း စားရမယ်။ နူးညံ့တဲ့အထိအတွေ့လေးတွေ ထိတွေ့ချင် တိုင်း ထိတွေ့ခွင့်ရမ...

၀ါ၊ ရာထူး၊ ရိုသေခြင်း

Image
 ၀ါ၊ ရာထူး၊ ရိုသေခြင်း ဒေါက်တာအရှင်ဣန္ဒက(Dhamma Garden) ဒေါက်တာအရှင် ဝါလား၊ အရည်အချင်းလား ဆိုတဲ့ ပို့စ်တစ်ခု အွန်လိုင်းမှာ တင်ဖြစ်တယ်။ ရေးနေတဲ့စာရဲ့ ဦးတည်ချက် က သံဃာကို ဘာကြောင့် ဘယ်လို ကိုးကွယ်ရသလဲ ဆိုတာကို ရေးနေတာပါ။ ဒါကို ရေးထားတာ အများကြီးရှိပြီးသားမို့ သိသင့် သိထိုက်တာလေးတွေနဲ့ တွေးမိတွေးရာကလေးတွေကို ကြားညှပ်ပြီး ရေးနေတာပါ။ သာမန်လူတွေထက် သာသနာ့ညီတော်နောင်တော်များ လာပြီး ဖတ်ကြတာ တွေ့ရတယ်။ အားပေးကြတယ်။ အားတက်စရာပဲ။ အဲဒီလို အားပေးတဲ့အထဲမှာ တစ်ယောက်က (ဝါလား၊ အရည်အချင်းလား)ဆိုတဲ့ ပို့စ်နဲ့ပတ်သက်ပြီး ဒီလိုလေး မှတ်ချက်ပြုထားပါတယ်။ ကျေးဇူးအရမ်းတင်ပါတယ်။ Anonymous said ဘုရားရှင်က ရာထူးပေးတဲ့နေရာမှာ ဝါကြီးတဲ့ ဆရာဖြစ်တဲ့ ရှင်အဿဇိကို ကြီးတဲ့ရာထူးမပေးပါဘူး။ တပည့်ဖြစ်တဲ့ ဝါငယ်တဲ့ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ကို ကြီးတဲ့ရာထူး ပေးခဲ့ပါတယ်။ ဒါကိုကြည့်ရင် ဘုရားရှင်က အသက်ကြီးတာထက် အရည်အချင်းရှိတာကို ပိုဦးစားပေးကြောင်း ထင်ရှား ပါတယ်။ (ဒါအရင် ပို့စ်ထဲကဟာကို သူကူးလိုက်တာ။) သူမေးတာက သူသိချင်တာက သူ့ဆန္ဒက ''ဒီနေရာ မှာ အရည်အချင်းဆိုတာ ပါရမီကိုဆိုလိုတာလား ဘုရား၊ တပည့်တော်အမြင်တော့ လက်ဝဲရံ လက်ယ...