သနားလို့ မလှူ တာ
သနားလို့ မလှူ တာ
◽◽◽◽◽◽◽
♻ဘုန်းဘုန်း အကြွေပါရင် မုန့်ဖိုးစွန့်ခဲ့ပါဦး
♻အသံကြားလို့နောက်ပြန်ကြည့်မိသည်
အသက်ရွယ်အားဖြင့် [ ၃၀ ]ကျော်သာသာ
ဒကာမကြီးတစ်ယောက် _
[ ၄ ] နှစ်အရွယ်လောက်ရှိသေးသည့်
ကလေးငယ်လေးကို လက်မှာလည်းပွေ့ချီထားလျှက်
နွေရာသီဆိုတော့ ရန်ကုန်မြေရဲ့ကတ္တရာလမ်းမကြီးက
အလွန်လည်းပူပြင်းလှပေသည် ……
မြင်မြင်ခြင်း ကြားကြားခြင်းမှာတော့
စာရေးသူ၏ရင်ထဲမှာ တကယ်ကရုဏာသက်မိသည်
စာရေးသူလွယ်ထားတဲ့ လွယ်အိပ်ထဲကို
ပြန်ကြည့်မိလိုက်တော့လည်း
အလှူ ခံတွေ့ရင်လှူ ဖို့ဆိုပြီးတော့လည်း
အရံသင့်ဆောင်ထားတဲ့
နှစ်ရာတန် ငါးရာတန်တေလေးတွေလည်း
ရှိနေသေးသည် ဒါပေမယ့်လည်း မတက်နိုင်
ရင်နာနာနှင့် ပြောလွှတ်လိုက်သည်။
♻အကြွေတော့ပါ ပါတယ် ဒကာမကြီး
ဦးဇင်းမလှူ နိုင်ဘူး ဟူ၍စကားသာ?
စာရေးသူ၏နောက်မှပါလာသောကျောင်းသားက
အံ့သြပြီးမျက်လုံးပြူ းပြဲကြည့်နေသည်
ဘာဖြစ်လို့များလည်းဆိုတဲ့ အတွေးများနဲ့……
စာရေးသူသည် အဲဒီလောက် သဒ္ဓါတရားမပွဲပါ
ပေးရ လှူ ရတာကို ပျော်သည်
ဖေးမ ကူညီရတာကို နှစ်သက်သည်
နေပူကြဲကြဲ ကတ္တရာလမ်းမပေါ်မှာ
ကလေးငယ်ကိုပိုက်ပြီး တောင်းရမ်းလို့
ဝမ်းစာရေးရှာနေတဲ့ ထိုဒကာမကြီးတို့မိသားစုကို
မသနားပဲနေနိုင်ပါ့မလား သနားတက်ပါ၏
"သနားလို့လည်း မလှူ လိုက်ခြင်းသာ"။
♻သူ့မှာ အရွယ်အားဖြင့်လည်းကောင်းနေသေး၏
ခြေ လက် အင်္ဂါအစုံတို့လည်းကောင်းနေသေး၏
ကျန်းမာရေးအရလည်းသန်သန်မာမာ
ပြီးပြည့်စုံသော အရွယ်တွေ အချိန်တွေရှိသေးပါလျှက်
ကိုယ့်ဘဝကို မျောချင်ရာမျောဆိုပြီး
မြစ်ကမ်းထဲက ဗေဒါတစ်ပင်လို
ရှင်သန်နေထိုင်နေလို့သာဖြစ်၏
ကိုယ့်ဘဝကို သခင်စိတ်မမွေးပဲ
ကျွန်စိတ်မွေးနေလို့သာဖြစ်၏
ကိုယ့်ဘဝရဲ့ တက်လမ်းအညွန့်တွေကို
ကိုယ်ကိုယ်တိုင်ချိုးဖဲ့နေလို့သာဖြစ်၏
ဒီလိုနေရင်လည်း အဆင်ပြေသားပဲ
လွယ်လွယ်လေးနဲ့ရနေတာ
ပင်ပင်ပန်းပန်းဘဝကို ရုန်းကန်စရာမလို
ဒီလိုသာနေတော့မယ်ဆိုတဲ့စိတ်ဓာတ်တွေ
ခမ်းခြောက်စေဖို့ရိုက်ချိုးတက်စေဖို့အတွက်
မလှူ ခဲ့ခြင်းသာဖြစ်ပါသည်။
♻တစ်ချိန်တုန်းက ဒကာတစ်ယောက်
လက်တစ်ဖက်ပျက်နေသော်လည်း
အရွယ်အားဖြင့်တော့ သန်သန်မာမာ
ဒီလိုပဲ နယ်တကာလှည့်၍
တောင်းရမ်းစားသောက်သည်……
ဘုန်းကြီးကျောင်းတစ်ကျောင်းကို
ဆွမ်းကျန် ဟင်းကျန်လေးများရဖို့အတွက်
ကျောင်းပေါ်တက်ပြီး ကျောင်းထိုင်ဆရာတော်အား
ဆွမ်းကျန် ဟင်းကျန်လေးများပေးစွန့်ရန်
လျှောက်ထားတော့ _
ကျောင်းထိုင်ဆရာတော်ကနေ၍
ကျောင်းပြတင်ပေါက်သို့
ထိုဒကာအားခေါ်ပြီး တောင်ဘက်သို့
လက်ညိုးထိုးကာ _
ဟိုး ……နားက အုတ်ပုံမြင်သလား
အဲဒီအုတ်ပုံကို ငါ့ကျောင်းနားလေးရွှေ့ပေးပါ
ရွှေ့ပေးပြီးရင်တော့ ထမင်းကျွေးပါမယ် တဲ့
ထိုဒကာမှာ စိတ်ထဲ၌ ဒေါသထွက်လေသည်
လက်တစ်ဖက်တည်းသာရှိသည့်
သူ့ကို ဒီလိုအုတ်ပုံကြီးရွှေ့ခိုင်းရသလား ဟု
တွေးတွေးပြီး ကျောင်းထိုင်ဆရာတော်အား
စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသည်
သို့သော်လည်း မလုပ်လို့မဖြစ်
ဒီဟာလုပ်မှ ဆွမ်းကျန်ဟင်းကျန်စားရမှာမို့
ခိုင်းသမျှကို လုပ်ပေးရတော့ပါမည်။
♻တစ်မနက်လုံး လက်တစ်ဖက်တည်းဖြင့်
ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး
အုတ်ပုံကိုရွှေ့လိုက်ရာမှာ
ကျောင်းနားသို့အုတ်ပုံကြီးရွှေ့ပြီးသွားလေ၏
ပြီးသွားတာကိုမြင်သော ကျောင်းထိုင်ဆရာတော်က
ရေချိုး သန့်စဉ်ခိုင်းပြီးတော့
ကျကျနန ထမင်းစားပွဲတစ်ဝိုင်းကိုပြင်ပေးသည်
ထိုထမင်းစားပွဲဝိုင်းကိုလည်း လက်ညိုးထိုးပြီး
ဒီထမင်းဝိုင်းက သူများစားပြီသားတွေမဟုတ်ဖူး
ဒကာရဲ့ တစ်မနက်စာလုပ်အားခအတွက်
ပြင်ပေးတဲ့ထမင်းဝိုင်းပါ ဒါ့ကြောင့် ……
စိတ်လွတ်ကိုယ်လွတ်အားရပါးရပါစားလိုက်ပါတဲ့။
♻ယော့ ဒါက ဒကာရဲ့တစ်မနက်စာလုပ်အားခ
ငွေ သုံးထောင်ပါ ကြိုက်သလိုသုံးစွဲလိုက်ပါ တဲ့။
နယ်တကာလှည့်ပြီးတော့
တောင်းရမ်းစားသောက်နေတဲ့
ဒကာကြီးရင်ထဲမှာ အပုံဖော်လို့မရအောင်
ဝမ်းသာနေရှာပြီး ခွန်အားအသစ်တွေပါရလိုက်သည်
ကိုယ့်အားကို အားကိုးချင်တဲ့စိတ်ဓာတ်တွေပါ
ရင်ထဲမှာရောက်လာသည်
ဘဝဆိုတာ ဘယ်လိုပြဿ နာ
ဘယ်လိုအခက်ခဲမျိုးပဲရှိရှိ
ရုန်းကန်နိုင်ရင် လူတစ်လုံး သူတစ်လုံးနဲ့
ဘဝမှာတနေ့လောကရဲ့အလယ်မှာ
မားမားမတ်မတ်ရပ်တည်နိုင်တာပဲဆိုတဲ့
အတွေးဒဿ နများက သူ့၏ရင်
သူ့နှလုံးသားထဲကိုထိုးဖောက်သွားစေခဲ့ပါသည်။
♻[ ၅ ] နှစ်လောက်ကြာတော့
ဒကာတစ်ယောက် တောက်တောက်ပြောင်ပြောင်
အင်္ကျီအကောင်းစားများဝတ်ဆင်၍
အလှူ ဖွယ်များနဲ့အတူ
ထိုကျောင်းထိုင်ဆရာတော်အား
ကန်တော့ချဝတ်ပြုလှူ ဒါန်းရင်း
ကိုယ်ပိုင်စီးပွားရေးတစ်ခုနဲ့အောင်မြင်နေကြောင်း
မိသားစုလေးတစ်ခုလည်းရနေပြီအကြောင်း
တပည့်တော်က ကျန်ခဲ့တဲ့ [ ၅ ]ကျော်က
ဆရာတော့်ကျောင်းကိုရောက်လာပြီး
ဆွမ်းကျန် ဟင်းကျန်များလာတောင်းစားခဲ့ဖူးတဲ့
ဒကာတစ်ယောက်ဖြစ်ကြောင်း
ဆရာတော့်ရဲ့ အဆုံးအမကြောင့်
ကိုယ့်ကိုယ်ကိုလည်းအားကိုးတက်နေပြီ
ဆိုတဲ့အကြောင်း ဝမ်းသာအားရဖြင့်
ရင်ဖွင့်ရှာနေသည်။
♻လူဆိုတာ ကိုယ့်ဘဝတက်လမ်းကို
လမ်းကြောင်းရှာဖွေတက်ရပါမည်။
ရည်ရွယ်ချက်ကောင်းကောင်း
ထားရှိတက်ရပါမည်။
ကိုယ့်ကိုယ်ကို သခင်စိတ်မွေးတက်ရပါမည်
ကိုယ့်ဘဝကို တန်ဖိုးထားတက်ရပါမည်။
နောက်ဆုတ်ဖို့အတွက်ခြေလှမ်းမပြင်ပဲ
ရှေ့တက်လှမ်းဖို့အတွက်ပဲ
ခွန်အားတွေမွေးထုတ်နေရပါမည်။
♻ဒါ့ကြောင့် ……တကယ်ဒုက္ခရောက်လို့
လှူ လိုက်ရတာက သူ့အတွက်
တကယ်အကျိုးရှိသွားပေမယ့်
တကယ်ဒုက္ခမရောက်ပဲ
ဘဝမှာဖြတ်လမ်းသဘောမျိုးနဲ့
နယ်တကာလှည့်ပြီး အလိမ်ညာဟန်ပြသဘောနဲ့
တောင်းရမ်းစားသောက်သူကို
လှူ လိုက်မိပါက ကိုယ်လှူ လိုက်သော
အဲဒီအလှူ တစ်ခု ကူညီမှုသည်
သူ့ဘဝ၏တက်လမ်း လောင်းရိပ်ကို
အဆိပ်ရေဖြန်းနေသလိုမျိုးဖြစ်နေတက်၏
တကယ်ဆင်းရဲဒုက္ခရောက်နေပါက
ကူညီလိုက်ကြပါလေ ဖေးမပေးလိုက်ကြပါလေ။
credit ဖန်ခါးမြေအရှင်👸
⭐⭐⭐⭐
Comments
Post a Comment