သိပ္ပံကို ကျော်လွန်သော
``သိပ္ပံကို ကျော်လွန်သော------------------
အင်္ဂလိပ်အရေးပိုင်မင်းဟာ ရသေ့ကြီးဦးခန္တီကို
စစ်ဆေးဖို့အတွက် သူ့ရဲ့ ပုလိပ်အဖွဲ့နဲ့အတူ ကျောင်းကို ရောက်လာခဲ့တယ်။ ပြီးတော့ ရသေ့ကြီးကို မေးလျှောက်တယ်။
`တပည့်တော်တို့က တာဝန်အရ လာရတာပါဘုရား။
အရှင်ဘုရားဟာ ဝင်ငွေ မရှိပဲနဲ့ ဘုရားတည် ကျောင်းဆောက် လုပ်နေတာတွေဟာ အများကြီးပါပဲ။ ဘယ်က ပိုက်ဆံတွေနဲ့ ဆောက်နေတာပါလဲဘုရား´။ လို့ဆိုပြီး လျှောက်သတဲ့။
`ပြီးတော့ အခုလည်း တန်ဆောင်းဆောက်ဖို့ ဂျာမဏီကိုမှာပြီး သံမဏိဒေါက်တိုင်ကြီးတွေ ဝယ်နေတယ်လို့လည်း ကြားသိရပါတယ်။ အဲ့ဒီလောက်များတဲ့ ငွေတွေကို ဘယ်ကနေများရပါသလဲဘုရားတဲ့
အဲဒီအခါ
ရသေ့ကြီးက သိချင်ရင် ခဏစောင့်ဆိုပြီး………
ဘုရားခန်းထဲဝင်ကာ ၄၅ မိနစ်လောက် ပုတီးစိပ်ပြီး ပြန်ထွက်လာခဲ့တယ်။
သိပ်မကြာခင်မှာပဲ အရေးပိုင်မင်းရှေ့မှာတင် လူတွေဟာ တဖွဲဖွဲရောက်လာကြပြီး ရွှေနားကပ်တွေ ရွှေဆွဲကြိုးတွေ ရွှေလက်ကောက်တွေ ဝတ္ထုငွေတွေလှူကြနဲ့ လှူလိုက်ကြတာဟာ ရွှေတွေ ငွေတွေ အပုံလိုက်ကြီးဖြစ်သွားသတဲ့။
အဲဒီတော့မှ အရေးပိုင်မင်းက
`တပည့်တော်သဘောပေါက်ပါပြီဘုရား´
ဆိုပြီး ပြန်သွားပါသတဲ့။
ဂျာမဏီတွေကလည်း သူတို့ဆီကို တန်ဆောင်း
ဆောက်ဖို့မှာတဲ့ ရသေ့ကြီးဟာ အင်ဂျင်နီယာ
မဟုတ်ပါပဲ သံယက်မကြီးတွေကို အပိုအလိုမရှိ တွက်ချက် မှာနိုင်တာကို လွန်စွာအံ့သြရပါသတဲ့။
အလွန်လေးစားရတဲ့အတွက် ရသေ့ကြီးရဲ့ ဦးခေါင်းမှာ ဆောင်းထားတဲ့ ဒေါက်ချာကြီးကို
ဂျာမဏီနိုင်ငံမြူးနစ်မြို့ ရဲ့ ပြတိုက်ထဲမှာ ယဉ်ကျေးမှု
အမွေအနှစ်အဖြစ် ယခုထက်ထိတိုင် အမြတ်တနိုး
သိမ်းဆည်းပြသထားတာ တွေ့ရနိုင်ပါတယ်။
ဒီနေရာမှာတော့ ဂျာမနီဟာ အင်္ဂလိပ်တွေထက် အများကြီး သာတာကို တွေ့ရပါတယ်။
မိတ်ဆွေတို့အနေနဲ့လည်း မန္တလေးတောင်ပေါ်ရောက်ခဲ့ရင် ရသေ့ကြီးဦးခန္တီ ရဲ့ တန်ဆောင်းကို လေ့လာကြည့်ပါဦး။
အဲဒီလောက်ကြီးမားတဲ့ သံယက်မကြီးတွေ
သံတိုင်ကြီးတွေကို အပိုအလိုမရှိ မှာနိုင်တာရယ်
အဲ့ဒီ သံယက်မကြီးတွေကို တောင်ပေါ်ကို
ဘယ်လိုဆွဲတင်ခဲ့တယ်ဆိုတာကိုတော့ ယနေ့အထိ ဘယ်သူမှ မသိရှိနိုင်ခဲ့ပါဘူး။
ဦးခန္တီ မှ လွဲ၍ ပေါ့။
#ရသေ့ကြီးဦးခန္တီရွတ်ဆိုပုတီးစိပ်သောဂါထာ
ရသေ့ကြီး ဦးခန္တီရွတ်ဆိုသော
အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊
အမိတံ၊ ဝိရဇံ၊ လလိတံ၊ အတုလံ၊
စရဏံ၊ တိ-ဘဝူပ-သမံ၊ ယမကံ၊
သုခ ဒံ ၊ သရဏံ ၊ ပဏမာမိ ဇိနံ။
အနက်ကို ရွတ်ဆိုရန် မလိုပါ။
အဓိပ္ပါယ် သိရန် ရေးပေးတာပါ။
အထက်ပါ ဂါထာကိုသာ ရွတ်ဆိုပူဇော်ပါ။
၁။အရဟံ=
ပူဇော်အထူးကို ခံယူတော်မူထိုက်သော
မြတ်စွာဘုရားကို
ပဏမာမိ=ရှိခိုးပါ၏။
၂။ဗဟိ-အန်တ-ဇယ=
အတွင်း-အပ ရန်ကို အောင်တော်မူသော
မြတ်စွာဘုရားကို
ပဏမာမိ=ရှိခိုးပါ၏။
၃။သုဂတံ=
ကောင်းသောစကားကို ဟောပြောတတ်သော
မြတ်စွာဘုရားကို
ပဏမာမိ=ရှိခိုးပါ၏။
၄။အမိတံ=
မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာရှိသော
မြတ်စွာဘုရားကို
ပဏမာမိ=ရှိခိုးပါ၏။
၅။ဝိရဇံ=
ကိလေသာမြူ ကင်းတော်မူသော
မြတ်စွာဘုရားကို
ပဏမာမိ=ရှိခိုးပါ၏။
၆။လလိတံ=
တင့်တယ် သပ္ပါယ်တော်မူသော
မြတ်စွာဘုရားကို
ပဏမာမိ=ရှိခိုးပါ၏။
၇။အတုလံ=
အတုမရှိသော မြတ်စွာဘုရားကို
ပဏမာမိ=ရှိခိုးပါ၏။
၈။စရဏံ=
အကျင့်စရဏနှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရားကို
ပဏမာမိ=ရှိခိုးပါ၏။
၉။တိ-ဘဝူပ-သမံ=
ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော
မြတ်စွာဘုရားကို
ပဏမာမိ=ရှိခိုးပါ၏။
၁ဝ။ယမကံ=
ရေမီး အစုံအစုံ
တန်ခိုးပြာဋိဟာနှင့် ပြည့်စုံသော
မြတ်စွာဘုရားကို
ပဏမာမိ=ရှိခိုးပါ၏။
၁၁။သုခဒံ=
ချမ်းသာကို ပေးစွမ်းနိုင်သော
မြတ်စွာဘုရားကို
ပဏမာမိ=ရှိခိုးပါ၏။
၁၂။သရဏံ=
ကိုးကွယ်အားထားရာဖြစ်သော
မြတ်စွာဘုရားကို
ပဏမာမိ=ရှိခိုးပါ၏။
၁၃။ဇိနံ=
မာရ်ငါးပါးကိုအောင်မြင်သော
မြတ်စွာဘုရားကို
ပဏမာမိ=ရှိခိုးပါ၏
ဤဂါထာကို…
မနက်( ၉ )ခေါက် နေ့( ၉ )ခေါက် ည( ၉ )ခေါက်
အမြဲ ရွတ်ဆိုပါ
Comments
Post a Comment