ကြောက်စရာ့ပွဲကြီးစပြီလား
#ကြောက်စရာ့ပွဲကြီးစပြီလား
——————————-
ဟိုးယခင်ကတည်းက ဗုဒ္ဓဘာသာရဲ့ ထေရဝါဒရဲ့ဟာ တကမ္ဘာလုံးကိုပြန်လည်ထွန်းကားမဲ့အကြောင်းအရာတွေကို
အချက်အလက်အပြည့်အစုံနဲ့ရေးခဲ့ဘူတဲ့ ဆောင်းပါးတွေဟာ တရာကျော်လောက်ကို ရှိမယ်ထင်ပါတယ်။
မြန်မာပြည်ကရဟန္တာကြီးတွေ ဗျာဒိတ်ပေးခဲ့တာတွေ အိုင်းစတိုင်းတို့ကိုင်ရိုတို့ ပြောခဲ့တာတွေ စတဲ့ အချက်အလက်တွေနဲ ခဏခဏရေးခဲ့ဘူးတယ်
လူတွေ အစုလိုက်အပြုံလိုက်သေမဲ့အကြောင်းတွေလည်း ခဏခဏ ရေးခဲ့ဘူးတယ်။
ဘုရားရှင်ရဲ့ တရားတော်တွေဟာ လေးအသင်္ချေကမ္ဘာတသိန်းပါရမီဖြည့်ခဲ့ရတဲ့ စွမ်းပကားကြောင့် ပျက်စီးချိန်မတန်သေးရင် မပျက်စီးသေးပါဘူး ။
နောင်တချိန် သာသနာတော်ပြန်လည်ထွန်းကားလာဖို့ တရားဓမ္မတွေ ဖြန့်ဝေရမဲ့
သံဃာတော်တွေနဲ့ သာသနာပြုနိုင်မဲ့ ဗုဒ္ဓဘာသာ လူ ရှင် ရဟန်းအားလုံးဟာ သီလ သမာဓိ ပညာ ကြီးမားတဲ့သူတော်ကောင်းကြီးတွေနဲ့ အရိယာတွေရဲ့စွမ်းပကားကြောင့် မြန်မာပြည်ဟာ ချမ်းသာရရပါလိမ့်မယ်။
ကမ္မနိယာမသဘောအရတော့ အသေအပျောက်တော့ ရှိပါလိမ့်ဦးမယ်
အခု ကမ္ဘာကြီးပေါ်မှာ ရောဂါပိုးကြောင့် သေကြကြေကြသလို ရောဂါပိုးပြီးသွားရင်တောင် စီးပွားရေးဟာတော်တော်နဲ့နလံမထူနိုင်သေးပါဘူး။
ရောဂါပိုးကြောင့် ထိက်လန့်နေကြသလို
စက်ရုံတွေပိတ်လို့အလုပ်လက်မဲ့တွေ ဖြစ်တာတွေ ပြည်ပကပြန်လာမဲ့
ပြန်တော်ပြန်သိန်းပေါင်းများစွာရဲ့ အလုပ်လက်မဲ့ပြဿနာတွေ နယ်မြေမငြိမ်းချမ်းလို့စစ်ဖြစ်နေရတဲ့ တိုင်းရင်းသားတွေ အများကြီး အများကြီးဒုက္ခရောက်လိမ့်ဦးမယ်လို့
တွက်ကိန်းအရတော့ တွက်န်ိုင်ပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံလိုဆင်းရဲတဲ့နိုင်ငံတွေဟာ ဘယ်လိုမှ နလံထူစရာ အကြောင်းမရှိပါဘူး။
ဒါပေမဲ့လည်း မကြောက်ကြပါနဲ့
ဗုဒ္ဓတရားတော်တွေနဲ့သူတော်ကောင်းကြီးတွေရဲ့ မေတ္တာဓတ်တွေက လူဆိုးလူကောင်းကို ခွဲထုတ်ပေးသွားမှာပါ။
တခုပဲ သတိထားကြပါ
သူတော်ကောင်းကြီးတွေ ကယ်လို့ရအောင် အကုသိုလ်အကြီးစားကြီးတွေဖြစ်တဲ့ ရတနာသုံးပါးစော်ကားမူ့တွေ ကို မပြုလုပ်မိကြဖို့ပဲသတိထားပါ။
ပါပါ့ဂြိုဟ် ဝါဆိုက သိမ်းမယ်လို့
ကိန်းအရမှာခဲ့တယ်
အတည်မလွဲမျိုးညစ်
ဆိုးညစ်သူ အကုန်ပျောက်ပါလိမ့်မယ်။
ကြောက်စရာ့ပွဲ
အဲဒီတဘောင်အတိုင်းပဲ လာပါလိမ့်မယ်။
ဘယ်သူက သာသနာတော်ကို စောင့်ရှောက်ပြီး
ဘယ်သူကြောင့် သာသနာတော်ပျက်စီးမယ်ဆိုတာ သိပ်မကြာခင်အဖြေပေါ်လိမ့်မယ်။
အတုအစစ် ခွဲတော့မှာပါ
အခုကေတာ့
ဆဲကြ ဆိုကြ ဦးပေါ့
တရားပြလည်း ပြသူကို ပြန်ဆဲကြမှာမို့
သိပ်တော့မထူးပါဘူး။
အဆုံးအဖြတ်ပေးမဲ့ ပွဲကြီး
မကြာမီလာပါတော့မယ်
ငါးပါးသီလ စောင့်ထိမ်းကြဖို့
အထူးတိုက်တွန်းနိုးဆော်အပ်ပါတယ်။
ကပ်ဘေးက တမျိုးတောင်မဟုတ်ဘူး
သုံးမျိုးလာမယ်တဲ့
ရောဂါပိုးမွှားဘေး
[ရောဂန္တရ ကပ်]
လက်နက်ဘေးနဲ့
[ သတ္တန္တရ ကပ်]
ငတ်မွတ်ခေါင်းပါးဘေး
[ ဒုပိက္ကန္တရ ကပ်]
အကုန်လာမယ်တဲ့
ငလျှင်တွေ ခိုးဆိုးလုနိုက် မုန်တိုင်းဘေး မီးဘေးတွေကလည်း မပြတ်လာမှာတဲ့။
Credit: ဦးမြင့်ခိုင်
သာသနာတော်တကြော့ပြန်ထွန်းကားဖို့
စတေးရမဲ့လူတွေ အများကြီးပါပဲ နော်
အဲဒီအထဲ ကိုယ်မပါအောင်ဂရုစိုက်ကြပါ လို့
စေတနာ မေတ္တာ ဖြင့်
ပြောကြား ရင်း
မြန်မာပြည်သူ/သားအားလုံး
ရတနာ သုံးပါး နဲ့ မိဘဆရာသမား ပစ်မှားခြင်း ကင်းကာ ကပ်ကြီး သုံးပါးကျော်လွှားနိုင်သူများဖြစ်ကြပါစေ ရှင်။
👏👏👏👏👏
စာပေချစ်သူတို့ရဲ့
♥♥ချိုနွယ် ♥♥
Comments
Post a Comment