ကတုံးပေါ်သို့ ဂျင်လှည့်ခြင်း
ကတုံးပေါ်သို့ ဂျင်လှည့်ခြင်း
📌📌📌📌📌📌📌📌📌
"ဘုရားပစ္စည်း ငရဲမီး
သံဃာ့ပစ္စည်း အဆိပ်သီး" တဲ့
လူလူခြင်း လိမ်လည်ပြီးစားနေခြင်းထက်
ရဟန်းသံဃာရဲ့အပေါ်ကိုလိမ်လည်ပြီး
စားနေခြင်းက ပိုမိုအပြစ်ကြီး၏
ရဟန်းတစ်ပါးက ယော့အင့် လို့
မပေးပဲစားသုံးလိုက်တဲ့အရာတစ်ခုသည်
အဲဒီလူအဖို့ အဆိပ်သီးကြီးကို
ကိုက်ဝါးစားနေရသကဲ့လို့ဖြစ်၏
ထိုအဆိပ်သည် ဖြေဆေးလုံးဝမရှိ
တစ်သံသရာတစ်လျှောက်လုံးထိတိုင်
ခံစားလိုက်ပေအံ့။
"မသာကိုဆောင် _
ကျောင်းကိုရှောင်" တဲ့
ရှေးလူကြီးများသည်
မသာပစ္စည်းတစ်ခုကို
အမြတ်တနိုးဆောင်ထားတက်ကြပေမယ့်
ဘုန်းကြီးကျောင်းကပစ္စည်းဆိုရင်တော့
အပ်တိုတစ်ချောင်းက အစ
ဘုန်းကြီးမစွန့်ရင် မယူရဲကြ မစားရဲကြ
အလွန့်လွန်အပြစ်ကြီးသည်ကို
သိသောကြောင့်သာဖြစ်၏ __
ကျန်ခဲ့သော( ၃ ) လကျော်ခန့်က
တနေ့……စာရေးသူတို့သည်
ကိုယ့်အာရုံလေးနဲ့ကို
ဝိုင်းဖွဲ့ပြီးနေ့ဆွမ်းဘုဉ်းပေးကြသည်
အချိန်အားဖြင့် ၁၁ နာရီစွန်းစွန်း
မကြာပါ ……အသက်အားဖြင့် ( ၃၀ )ကျော်
ဒကာတစ်ယောက် ဒကာမတစ်ယောက်
ငါးရာတန်ပေါင်မုန့်တစ်လုံးကိုစွဲပြီး
ကျောင်းထဲဝင်ရောက်လာသည်
ဘုရားကိုဦးချကန်တော့ပြီး ပါလာတဲ့
မုန့်လေးကိုစာရေးသူတို့ဆရာတော်ကို
ကပ်လှူ ပြီး စကားစပါတော့သည် __
ဘုန်းဘုန်းဘုရား တပည့်တော်တို့က
ပေါက်ခေါင်းနယ်ဘက်မှာ
နေထိုင်ကြပါတယ်ဘုရား
ရန်ကုန်လာပြီးအလုပ် လုပ်တာ
မကြာသေးပါဘူး ရက်ပိုင်းပဲရှိပါသေးတယ်
ရွာမှာ တပည့်တော်တို့သားလေး
ကျန်နေခဲ့တယ်ဘုရား ……
အခု တပည့်တော်တို့သားလေး
နေမကောင်းလို့ဖုန်းနဲ့ဆက်ပြီးတော့
အကြောင်းကြားကြတယ်ဘုရား
ဒါ့ကြောင့် တပည့်တော်တို့ကို
သနားသောအားဖြင့် လမ်းစာရိပ်လေး
ပေးစွန့်ပါဘုရား ဟု __
တုန်ရီနေသောအသံများဖြင့်
ဆရာတော်ကိုလျှောက်နေသည်။
ရဟန်းဆိုတာလည်း
ဒကာ ဒကာမတွေကိုအမှီပြုပြီး
နေထိုင်ရှင်သန်နေရသူတွေ
ဖြစ်နေသော်လည်း ……
ဒကာ ဒကာမတွေအဆင်မပြေက
အခက်ခဲများနှင့်ကြုံနေပါက
ဘယ်လိုရဟန်းမျိုးကမှ
ဥပက္ခောမပြု နိုင်ကြပေ
သနားတက်သည် _
နားလည်ပေးတက်ကြသည်_
တကယ်အခက်ခံကြုံနေရင်
ဘာမှမပူတော့နဲ့ ရွာထိ အိမ်ထိတိုင်
လိုက်ပို့ပေးပါ့မယ့် ဒကာကြီးဟု
ဆရာတော်ဖြစ်သူက အားပေးရှာသည်
စာရေးသူလည်းမနေသာတော့
ဆရာတော် ……တပည့်တော်လည်း
ပါဝင်လိုက်ပို့ပေးရပါရစေဘုရား ဟု
လျှောက်လိုက်တော့ ……
စာရေးသူတို့ဆွမ်းစားဝိုင်းက
နောင်တော် ညီတော်များမှာလည်း
သူလည်းလိုက်မယ် ငါလည်းလိုက်မည်ဟု
အလုယက်လျှောက်နေကြသည်
ဒုက္ခရောက်နေသော ထိုဒကာကြီး နှင့်
ဒကာမကြီးတို့ကိုလည်းအားပေးနေကြသည်
ဆွမ်းများဘုဉ်းပေးကြပြီး
ကားနဲ့စထွက်မယ်လုပ်တော့
ဆရာတော်က ဘယ်ဝင်စရာရှိသေးလည်းဟု
မေးမြန်းလေသည်
တပည့်တော်တို့ပစ္စည်းတွေက
သန်လျဉ်ဘက်မှာပါဘုရားဟုလျှောက်၏
သန်လျဉ်ဘက် နှင့် စာရေးသူတို့
နေထိုင်တဲ့ဒေါပုံမြို ့လေးနဲ့မဝေးပေ
တစ်နာရီလောက်ဆီးကရောက်၏
သန်လျဉ်သို့ရောက်ပြီး
သူတို့ပြောတဲ့နေရာသို့ရောက်တော့
ကားလေးရပ်ပေးပြီး
သူတို့ကိုပစ္စည်းသွားယူခိုင်းသည်
အဲဒီမှာဇာတ်လမ်းစပါပြီ ……
တစ်နာရီလည်းပေါ်မလာသေး
နှစ်နာရီထိလည်းပြန်ပေါ်မလာခဲ့
၃နာရီနီးပါးလောက်စောင့်ပေးပြီးတော့
ဆရာတော်ဖြစ်သူက ပြောသည်
ကဲ……ငါ့ရှင်တို့ရေ……
ကတုံးပေါ်လာဂျင်လှည့်တာပဲကွ
ငါတို့တော့အလိမ်ခံလိုက်ရပီ
ဒီအချိန်ထိတောင်ပေါ်မလာသေးတာ
ဒို့ဘက်ကတာဝန်ကျေပါတယ်
ကျောင်းပဲပြန်ကျတာပေါ့ကွာ ……တဲ့
စာရေးသာ၏စိတ်ထဲမှာတော့
အတွေးများစွာနဲ့နယ်ချဲ ့နေရင်း
အော် ……လိမ်ရဲသည် ပေါ့။
နောက်တစ်ခါ ပူပူနွေးနွးလေး
ဖြစ်ရပ်မှန်တစ်ခု ………
မနေ့က စာရေးသူ၏သူငယ်ချင်း
ကျောင်းအပ်ပွဲမှ လှည်းကူးကနေ
နေ့လည် ( ၁ )နာရီလောက်
ကျောင်းတိုက်သို့ပြန်ရောက်လာသည်
ခရီးပန်းတာကြောင့် ကိုရင်လေးတွေတောင်
စာဝါမပို့ချနိုင် ပန်းပန်းနှင့်ကျိန်းစက်လိုက်သည်
( ၃)နာရီကျော်တော့
စာရေးသူ၏ဘွဲ့ကိုခေါ်ပြီး
အခန်းတံခါးခေါက်အသံကြားတာကြောင့်
အပြင်ထွက်ကြည့်မိသည်……
ဦးဇင်းဘွဲ့က _ဦးတိက္ခဥာဏနော်
စာချပေးတဲ့ဦးဇင်းမဟုတ်လား ……ဟု
အသက်အားဖြင့် ၃၀ ဝန်းကျင်
ဒကာမတစ်ယောက် ထီးလေးတစ်ချောင်း
ကိုင်ထားရင်း စာရေးသူကိုမေးနေသည်
စာရေးသူလည်း အိပ်ချင်ကမူးကတူး
ဟုတ်ပါတယ် ဒကာမကြီး
လာပါ အခန်းထဲလာခဲ့လေ ဟု
ဖိတ်ခေါ်မိလိုက်သည် ……
ဘာကိစ္စရှိလို့လည်း ဒကာမကြီး_
ဦးဇင်းရဲ့ ဒီကျောင်းတိုက်က
ဆရာတော်နဲ့စကားပြောပြီးသားပါ
တပည့်တော်အမေက ဆေးရုံတင်ထားရတယ်
အကြတ်တည်းဖြစ်နေလို့ငွေလေးခဏ
လာချေးတာပါဘုရား……
ဆရာတော်က ဦးဇင်းဆီမှာ
သွားယူလို့ဖုန်းဆက်လိုက်တယ်ဘုရား
ဆရာတော်က အပြင်ရောက်နေလို့တဲ့
စာရေးသူလည်း _
တကယ်ရောက်လို့ဖြစ်မှာပါလေလို့
စိတ်ထဲမှာတွေးပြီးသနားမိသည်
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ
မနေ့ကစာရေးသူ၏လက်ထဲမှာ
ပိုက်ဆံက နှစ်သောင်းကျော်သာရှိသည်
ကူညီပေးချင်တဲ့စိတ်ကလေးကြောင့်
ရန်ကုန်ကိုလာပြီးနယ်ဘက်ကနေ
ဆေးလာပြတဲ့သူငယ်ချင်းရဟန်းဆီက
ငွေတစ်သောင်းထက်ချေးပြီး
သုံးသောင်းအကူညီပေးလိုက်သည်
မရှိတဲ့ကြားကနေ
တစ်ပါးသူအခက်ခဲဒုက္ခကို
ကူညီဖြေရှင်းပေးလိုက်ရလို့လည်း
စိတ်ထဲမှာ အမှန်ကြည်နူ းမိမှာသည်
သို့သော်လည်း ……
စေတနာကြောင့်ဖြစ်ပေါ်လာတဲ့
ရင်ထဲကကျေနပ်ကြည်နူ းမိတဲ့
ခံစားချက်ပုံရိပ်သည် နာရီအပိုင်းတွင်းမှာပဲ
တစ်မျိုးတစ်ဖုံပြောင်းလည်းသွားသည် ……
အဘယ့်ကြောင်းနည်း ……
ထိုဒကမကြီးထွက်သွားပြီးမကြာ
ဆရာတော့်အခန်းကိုစာရေးသူသွားတော့
ဆရာတော်သည်အရံသင့်ထိုင်နေတာကို
တွေ့မြင်လိုက်ရသောကြောင့်သာ
ဆရာတော်……အပြင်ရောက်နေတယ်ဆို
ငါဘယ်မှမသွားပါဘူး
တနေ့လုံးရှိပါတယ် ……တဲ့လေ
ဟာ အဲဒါဆိုရင်တော့
ဆရာတော်ပြောသလိုပဲ
ကတုံးပေါ်လာဂျင်လှည့်သွားပြီဘုရား
အစ အဆုံးပြောပြလိုက်တော့
ဆရာတော်ဖြစ်သူက
အနည်းဆုံးတော့ မင်းငါ့ဆီကို
ဖုန်းလေးတော့ တော့သင့်တာပေါ့ကွ
ဆရာတော်ကလည်း
တပည့်တော်က ဆရာတော့်အပေါ်နဲ့
အဲဒီဒကာမကြီးအပေါ်ကို
အကြွင်းမဲ့ယုံကြည်မိလိုက်တာကိုးဘုရား
ဒါ့ကြောင့် ဖုန်းမခေါ်မိလိုက်တာပါ။
သြော် ……ဒါ့ကြောင့်
တစ်ချို ့သော လူများသည်
တစ်ခဏသာ အဆင်ပြေရေးအတွက်
တစ်ဘဝစာအတွက်မတွေးမိပဲ
ရဟန်း သံဃာတွေအပေါ်တွေမှာတောင်
လိမ်ရဲလာကြသည်
ညာရဲလာကြသည်
ကတုံးပေါ်ဂျင်လှည့်တက်လာကြပြီပေါ့လေ
ထိုသို့သော ပုဂ္ဂိုလ်များအတွက်
စိတ်မကောင်းခြင်းများစွာဖြင့် နဲ့
credit ဖန်ခါးမြေ အရှင်👸
⭐⭐⭐
Comments
Post a Comment