ရဟန်းဒါယကာ [ ၅ ] မျိုး
ရဟန်းဒါယကာ [ ၅ ] မျိုး
🔳🔳🔳🔳🔳🔳🔳🔳🔳
[ ၁ ] ✔မျိုးစေ့သာချ၍ ရေးမလောင်းသော
ရဟန်းဒါယကာ✔
❖ ဘယ်လိုအပင်မျိုးပင်စိုက်စိုက် အရင်ဆုံး
မျိုးစေ့ကိုစိုက်ပျိုးချရစမြဲသာဖြစ်၏၊မျိုးစေ့သာချပြီး
ရေမလောင်းလျှင်ကား ထိုမျိုးစေ့သည် မည်သို့ပဲ
အမျိုးနွယ်ကောင်းကောင်း လုံလောက်သောရေကို
သောက်သုံးခွင့်မရလျှင်ကား အချိန်ကာလ
ကြာလာသည်နှင့်အမျှ မြေကြီးထဲမှာပင်
သေဆုံးရစမြဲသာဖြစ်၏။
ထိုနည်းအတူ မြတ်သောသိမ်တော်ပေါ်၌
တက်သစ်စ ရဟန်းတစ်ပါးသည်
မျိုးစေ့ပမာတူပေ၏ ၊ ရဟန်းဒါယကာသည်
ရေလောင်းသူနှင့်တူလှပေ၏။
~~~~~~~~~~~~~~~~~
[ ၂ ] ✔လက်ဝတ်ရတနာကိုသာ ဝတ်ချင်တဲ့
ရဟန်းဒါယကာ✔
❖ပုထုဇဉ်အများစု၏ ပင်ကိုသဘောသဘာဝသည်
လူတစ်ယောက် လက်ဝတ်ရတနာကောင်းကောင်း
ဝတ်ဆင်လာတာမြင်တွေ့ပါက
လူကြီးလူကောင်းဆန်ဆန် မဆန်ဆန်
လူယုတ်ပဲဖြစ်၍ သူခိုးပင်ဖြစ်စေဦး
ဂုဏ်ယူဝန့်ကြွားစွာ ခင်မင်တတ်ကြ၍
အထင်ကြီးလေးစားတက်ကြသူကများ၏
ထိုနည်းအတူ ပညာတတ်သော
ဓနကြွယ်သော သိုင်းဝိုင်းကောင်းသော
စာရေးကောင်းသော တရားဟောကောင်းသော
ဗေဒင်ကောင်းသော ယတြာကောင်းသော
ရဟန်းလောင်းကိုမှ ခင်မင်ချင်ကြသည် ရဟန်းခံပေးချင်ကြသည် ရဟန်းအဖြစ်နှင့် ဖြစ်လာမည့်ထိုရဟန်းလောင်းမှာ
ပရိယတ္တိလိုက်စားသူလား၊ပရိပတ္တိလိုက်စားသူလား
အခြေခံသီလ စရဏပိုင်းစိုင်ရာရော
သန့်ရှင်းစင်ကြယ်သူလားဆိုတာတွေကို
ထည့်မစဉ်းစား သူ့ကိုရဟန်းခံပေးလိုက်ရင်
ငါ့တော့ ဂုဏ်တက်မှာပဲ မျက်နာပွင့်မှာပဲဟူ၍
အတွေးမြင်မျိုးဖြင့် လက်ဝတ်ရတနာနှင့်တူသော
အဆင်းသာရှိ၍ အချင်းမရှိသော ရဟန်းမျိုးကို
ရဟန်းခံလိုက်၍ ထိုရဟန်းဒါယကာမျိုးသည်
လက်ဝတ်ရတာကိုသာ ဝတ်ချင်သော
ရဟန်းဒါယကာနှင့်တူလှပေ၏။
~~~~~~~~~~~~~~~~~~
[ ၃ ] ✔ကလေးငို၍ တေးကိုဆိုသော
ရဟန်းဒါယကာ✔
❖ငယ်ရွယ်သော ကလေးဟူသည် လိုချင်စရာရှိက
ပူဇာကြစမြဲသာဖြစ်၏၊လိုချင်တာကိုမရပါက
ငိုကြွေးပြလိုက်သောအခါ ထိုကလေးငယ်၏
ပိုင်ရှင်သည် အငိုတိတ်စေဖို့အတွက်
တေးကိုဆို၍ လိုချင်တာပေးပြီးချော့ရစမြဲသာဖြစ်၏
ကြာလာသောအခါ အငိုတိတ်စေဖို့အတွက်
ဆိုပြသောတေးနှင့် ပေးလိုက်ရတဲ့ပစ္စည်းများက
အဆိပ်များဖြစ်၍ ကလေးငယ်သည်လည်း
လမ်းမှားကိုကြိုက်၍ နည်းမှားဘက်ကို
ရောက်ခြင်းမတက် ရောက်လာကြရစမြဲသာဖြစ်၏။
ထိုနည်းအတူ တက်သစ်စရဟန်းပျိုသည်
ကလေးငယ်ပမာနှင့်လည်းတူလှပေ၏
ချစ်ကြည်ညိုလွန်အားကြီးလျှင်လည်း
ချစ်ရာမရောက် နှစ်ရာလည်းရောက်တက်ပေ၏
တကယ်လိုအပ်လျှင်ပေးလှူ တန်း၍၊ မလိုအပ်လျှင်
ဘယ်လိုပဲပူဇာ ပူဇာ လိုအပ်နေသည့်
အတိုင်းတာတစ်ခုထက် မလှူ ဒါန်းအပ်ပေ
သာသနာမှာ ဒီအဝတ်နဲ့မြဲရေးကို ချင့်ချိန်၍
လမ်းမှန် နည်းမှန် စနစ်တကျမပေးလှူ ပဲ
တောင်းသမျှပေးလျှင်ကား ထိုပစ္စည်းများသည်
ကိုယ့်ရဟန်းကို ထောက်ရာမရောက်ပဲ
အဆိပ်လည်းဖြစ်၍ ဖျောက်ရာရောက်လျှင်ကား
ကလေးငို၍ တေးကိုဆိုပြသော
ရဟန်းဒါယကာမျိုးသာဖြစ်ပေ၏။
~~~~~~~~~~~~~~~~~~
[ ၄ ]✔ မုန့်ကိုချ၍ ဒုတ်ကိုပြတဲ့
ရဟန်းဒါယကာ✔
❖ဒါကိုပြီးအောင်လုပ် လုပ်နိုင်ရင်မုန့်ကျွေးမယ်
မပြီးရင်တော့ ဒုတ်ပဲလို့ မုန့်ကိုချပြီး ဒုတ်ကိုပြကာ
စေညွှန်တက်သော လူတစ်ယောက်သည်
လူသားဆန်တဲ့လုပ်ရပ်မဟုတ်သလို
ကိုယ်ချင်းစာနာတဲ့လုပ်ရပ်လည်းမဟုတ်ပေ
ထိုနည်းအတူ ကိုယ့်ရဟန်းတစ်ပါးကို
တွန်းအားတစ်ခုအနေဖြင့် ဒီနှစ် ဒီအတန်းကို
အောင်မြင်အောင်လုပ်ပါ သူများတွေတောင်
တစ်နှစ်တစ်တန်းအောင်မြင်နေကြသေးတာလို့
အမိန့်ဆန်ဆန် မပေးသင့်သလို
ဒီနှစ်တော့ ဒီလောက်ပဲလှူ နိုင်မယ်ဘုရား
စာမေးပွဲအောင်ရင်တော့ အောင်သလို
လှူ မှာပေါ့လို့စိတ်ထဲမှာတွေးပြီးတော့လည်း
မပေးလှူ သင့်ပေ။ ရဟန်းခံပေးထားသော်လည်း
ထိုရဟန်းသည် ကိုယ့်ရင်သွေးသားအရင်းခြာ
မဟုတ်ပေ၊ကိုယ့်ကိုအမှီသဟဲပြုနေသော
စာသင်သားရဟန်းပျိုတစ်ပါးသာဖြစ်၏
ရှက်တတ်၏ ကြောက်တတ်၏ အားငယ်တတ်၏
စာသင်သားဟူသည် အနေလည်းဆင်းရဲသည်
အစားလည်းဆင်းရဲသည်။ ထို့ကြောင့်
ဒီလိုဆင်းရဲတဲ့နေရာမျိုးကို ဘယ်လိုရဟန်းမျိုးကမှ
ရေရှည်မနေချင်ကြပေ ဘဝပညာရေးအတွက်မို့
အားမာန် ဇွဲသန်သန်ဖြင့် ကိုယ်ဆီပန်းတိုင်ကို
လျှောက်လှမ်းနေရသူတွေချည်းသာဖြစ်၏
သူများတွေလိုအောင်မြင်ချင်ကြသည်
ဒါ့ကြောင့်လည်း တစ်နှစ်ထက်တစ်နှစ်
မတူအောင်လည်းကြိုးစားကြသည်
ကြိုးစားနေတာကို တစ်နှစ်လည်း ကျ
တစ်နှစ်လည်းကျ ကျဖန်များလာတော့
စိတ်ဓာတ်တွေပါကျလာရသည်
စိတ်ဓာတ်တွေကျဆင်းလာတော့
စိတ်တွေပါပြောင်းလဲလာစေပြီး
ဒီစာတွေကိုစွန့်လွှတ် ဒီအဝတ်ကိုရည်ပြစ်ပြီး
ထွက်ပြေးချင်လာကြသည် ။
ဒါ့ကြောင့် စာနာသောစိတ်ထားများဖြင့်
ဒီနှစ်မအောင်လည်း နောင်နှစ်ပေါ့ဘုရား
ကြိုးစားပါ စာပေနဲ့ပတ်သက်ရင်လည်း
လိုအပ်တာပြော အားမနာနဲ့ကိုယ့်မိသားစုပဲဟူ၍
ခွန်အားတွေတိုးပွားလာအောင် အားပေးရမှာသာ
ဖြစ်၏။ စာမေးပွဲအောင်မှကြည်ညိုမယ်
စာမေးပွဲအောင်မှ ထောက်ပန့်မယ်ဆိုတဲ့
အတွေးမျိုးနှင့်လုပ်ရပ်မျိုးသည် မုန့်ကိုချ၍
ဒုတ်ကိုပြတဲ့ ရဟန်းဒါယကာမျိုးသာဖြစ်ပေ၏။
~~~~~~~~~~~~~~~~~
[ ၅ ]✔ ပန်းကိုမပန် ပန်းကိုပြင်သော ဥယျာဉ်မှူ း
ရဟန်းဒါယကာ✔
❖ ဥယျာဉ်မှူ းတစ်ယောက်၏ ဘဝသည် ပန်း၊
ပန်းသည် ဥယျာဉ်မှူ းတို့ဘဝသာဖြစ်ပေ၏၊
ဒါ့ကြောင့် သူကိုယ်တိုင်ပျိုးစိုက်ထားသောပန်းကို
ပိုးမကိုက်အောင် မနွမ်းခြောက်အောင်
နေ့စဉ်ကြည့်ရှုဂရုစိုက်သကဲ့သို့
ထိုနည်းအတူ ပန်းဆိုတာမျိုးသည်
ရဟန်းတစ်ပါးနှင့်တူ၍ ဥယျာဉ်မှူ းဆိုတာသည်
ရဟန်းဒါယကာနှင့်တူပေ၏။ ဒါ့ကြောင့်
ကိုယ်ရဟန်းခံထားတဲ့ရဟန်းသည်
ဒီအချိန်ဆိုဘာတွေလုပ်နေမလည်း
နေများကောင်းရဲ့လား ဆွမ်းကွမ်းရော
အဆင်ပြေရဲ့လား ဘာတွေများလိုအပ်နေမလည်း
အပြစ်လုပ်ရင် ပြုပြင်ပေးပြီး
ကြိုးစားရင် အားပေးမှုတွေနဲ့အတူ
စောင့်ရှောက်ကာ ကရုဏာတရားများနဲ့
သွေးသားအရင်းကဲ့သို့ရင်ဝယ်ပိုက်
ပြုစုပျိုးထောင် အလင်းရောင်ပေးသူမျိုးကို
ဘာမျှော်လင့်ချက်မထားပဲ မေတ္တာ စေတနာ
သန့်သန့်နဲ့ အရင်းနှီးသာထုတ်ပေးတဲ့
ပန်းကိုမပန် ပန်းတွေကိုသာပြုပြင်ပျိုးထောင်ပေးတဲ့
ဥယျာဉ်မှူ း ရဟန်းဒါယကာမျိုးသာဖြစ်၏။
~~~~~~~~~~~~~~~~~
ဒီသာသနာရှိ ဒီရဟန်း နှင့် ဒီဒါယကာ
ရေနှင့်ကြာပမာ ရေရှည်ထာဝရလက်တွဲ
ငြိမ်းချမ်းကာမဖြုတ်တမ်းပဲ လျှောက်လှမ်းနိုင်ကြပါစေ
ဆန္ဒဆုမွန်ဖြင့် ………
credit ဖန်ခါးမြေ အရှင် 👸
⭐⭐⭐⭐
Comments
Post a Comment