လူဆိုး နဲ့ လူကောင်း
လူဆိုး နဲ့ လူကောင်း
🔳🔳🔳🔳🔳🔳🔳🔳
● စာရေးသူတို့ဒီလောကကြီးဟာ
အမှောင် နဲ့ အလင်း
အနိမ့် နဲ့အမြင့်
အဆိုး နဲ့အကောင်း ဒွန်တွဲလို့နေတာပဲ
အဲဒီတော့ လူဆိုး နဲ့လူကောင်းခွဲခြားတဲ့နေရာမှာ
ဘုရားအနားမှာနေသူတိုင်းကိုလည်း
လူကောင်းချည်းပဲသက်မှတ်လို့မရသလို
အရက်ဆိုင်တစ်ဆိုင်မှာ အရက်သောက်နေသူကိုလဲ
ဒီလူဟာလူဆိုးပဲလို့သက်မှတ်လို့မရနိုင်ဘူး
ဓမ္မအဓိဋ္ဌာန်ကျကျ ဓမ္မရှုထောင့်ကနေပြီး
ပြောရမယ်ဆိုလျှင်ပေါ့ _
ဟိုးအမြင့်ဆုံး ဘုရားအနားမှာနေသူပဲဖြစ်ဖြစ်
ဟိုးအနိမ့်ဆုံး အရက်ဆိုင်မှာနေသူပဲဖြစ်ဖြစ်
အဲဒီပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ
စိတ်ဆိုး စိတ်ယုတ်တွေရှိနေရင် လူဆိုးပဲ
စိတ်မြတ်စိတ်ကောင်းတွေရှိနေရင် လူကောင်းပဲ
ဒါက လူတစ်ယောက်ကို လူဆိုးနဲ့လူကောင်း
ခွဲခြားသက်မှတ်တဲ့ အဓိကလိုရင်းအချက်ပါပဲ
ဒီလူဟာ ဘုရားအနားမှာနေတဲ့သူပဲ
ဒီတော့ဒီလူဟာလူကောင်းပဲလို့
တွေးယူလို့မရနိုင်ပါဘူး သူတော်ကောင်းနဲ့
အနေနီးနေတာပဲရှိပါသေးတယ် သူတော်ကောင်းနဲ့
နီးကပ်စွာနေတိုင်းသူတော်ကောင်းမဟုတ်သေးဖူး_
လက်ရှိလူတွေအတော်များများဟာ
တိုက်ပုံအင်္ကျီဝတ်လို့ပေါ့ ခေါင်းပေါင်းလေးများ
ပေါင်းထားလိုက်ကျရင် ရှေးကိုတွေးမနေတော့ဘူး
ဒီလူဟာလူကောင်းပဲတွက်လိုက်တာပဲ
ဒါ့ကြောင့် ဂေါပကယောင်ယောင်
ဘိုးတော်ယောင်ယောင်တွေနဲ့ ခဏခဏ
အလိမ်ညာခံနေကြရတာပေါ့ _
ဒါ့ကြောင့် ………
လူတစ်ယောက်မွဲတေနေလို့အင်္ကျီစုတ်စုတ်
ပြက်ပြက်ဝတ်ထားလို့လည်းပဲ
လူဆိုးလို့သက်မှတ်လို့မရနိုင်သလို
လူတစ်ယောက်ဟာ အရက်ပုလင်းကိုင်ပြီး
လမ်းပေါ်မှာလျှောက်နေပေမယ့်
သူ့ရဲ့စိတ်ထဲမှာ တစ်ပါးသူတွေရဲ့ဘဝကို
ဖျက်စီးဖို့စိတ်မရှိဘူး သူများတွေရဲ့အတင်း
အဖျင်းလည်းပြောဖို့ဆန္ဒမရှိဘူး
အရက်သောက်နေတာက သောက်နေတာပဲ
ဒါပေမယ့်သူ့ကြောင့်တစ်ပါးသူတွေကို
စိတ်ထိခိုက်အောင် မပြော မဆို မလုပ်ရင်
ဒီလူဟာလည်း လူကောင်းလို့သက်မှတ်လို့ရတယ်
ဒါက အရက်သမားတစ်ယောက်ကို
အမွှန်းတင်တာမဟုတ်ဖူး အဲဒီလိုလည်း
မမြင်စေချင်ဘူး ဟိုး …… အောက်ထစ်ဆုံး
သောက်စားနေပေမယ့် သူ့စိတ်ထဲမှာ
ယုတ်မာတဲ့စိတ်တွေရှိမနေရင်
လူကောင်းတစ်ယောက်လို့သက်မှတ်လို့
ရသေးတာကိုပြောချင်တာပါ
အဓိက ကတော့ ကောက်ကျစ်တဲ့စိတ်နဲ့
ယုတ်မာတဲ့စိတ်လူတစ်ယောက်မှာရှိမနေဖို့ပါ။
● လူတစ်ယောက်အပေါ်ကို
ကောက်ကျစ်တဲ့စိတ်နဲ့
ယုတ်မာတဲ့စိတ်ရှိနေရင်တော့
အဲဒီလူဟာ ဘာတွေဝတ်ထားထား
ဘယ်လိုနေရာမျိုးမှာနေရနေရ
လူဆိုးတစ်ယောက်ဆိုတာပါပဲ __
တစ်ချိန်တုန်းက စားသောက်ကြီးတစ်ဆိုင်ပေါ့
လူမျိုးစုံစားသောက်နေကြတယ်
နေပူကြီးထဲနေပြီးတော့ အဖွားအိုတစ်ယောက်
အဲဒီစားသောက်ဆိုင်မှာ စားသောက်နေကြတဲ့
လူတွေဆီကို စားစရာပေးဖို့အတွက်
လက်ဟန်ခြေဟန်နဲ့တောင်းရှာတယ်
စကားမပြောတတ်တဲ့ပုံစံအနေထားတစ်ခုပါ
ဒါပေမယ့် လူအတော်များများဟာ
စားစရာလာတောင်းတဲ့အဖွားရဲ့အပြုမူကို
မသိဟန်ပြုပြီး သူတို့အစားစာပဲသူတို့
စားသောက်နေကြတယ် အဲဒီဆိုင်ကြီးထဲမှာ
တရုတ်လည်းပါတယ် ကုလားလည်းပါတယ်
မြန်မာတွေလည်းပါတယ် ဝတ်ကောင်းစားလှတွေနဲ့
လူကုန်ထံအသိုင်းဝိုင်းတွေလည်းအများကြီးပါ
ဒါပေမယ့် အဖွားအိုဟာ ဒီလောက်လူတွေ
အများကြီးရှိနေတာကို တစ်ယောက်သောအထံကမှ
စားစရာရမသွားရှာဘူး __
နောက်ဆုံး ဆိုင်ကပြန်ထွက်တော့မလို့
အဝင်ပေါက် အထွက်ပေါက်ရဲ့
ဒေါင့်တနေရာမှာ လူတစ်ယောက်
အနည်းငယ်ဆင်းရဲတဲ့အသွင်းပြင်ပါပဲ
ခေါက်ဆွဲကြော်တစ်ပွဲနဲ့အရက်သောက်နေရှာတယ်
အဖွားဟာသူ့ဆီကစားစရာရရှိလိမ့်မယ်လို့လဲ
မျှော်မှန်းမထားတဲ့ပုံပါ ဝင်လာကတည်းကတိုင်
တွေ့မြင်နေပါတယ် ဒါပေမယ့်လည်း
အဖွားထင်သလိုမဟုတ်ပါဘူး
သူ့အနားကိုရောက်တော့ ပိုက်ဆံပေးတယ်
အရက်သောက်နေတဲ့လူငယ်က အဖွားအတွက်
ပိုက်ဆံပေးတော့ အဖွားကလက်မခံဘူး
စားစရာကိုလက်ညိုးထိုးပြလိုက်တယ်လေ
အဲဒီတော့ အဲဒီလူငယ်ဟာ သူစားဖို့အတွက်
မှာထားတဲ့ခေါက်ဆွဲကြော်ကို အဖွားရဲ့
ခွက်ထဲကို တစ်မြှင်မကျန်ထည့်ပေးလိုက်တယ်
ဒါကိုကြည့်ပြီး အဖွားဖြစ်သူဟာ
သိပ်ကိုအံ့သြသွားရှာတယ်
ဘာဖြစ်လို့တုန်းဆိုတော့
သူ့စိတ်ထဲမှာလုံးဝထင်မှတ်မထားသူက
သူ့ကိုစားစရာတွေဝေငှပြီးတော့
သူထင်မှတ်ထားတဲ့သူတွေက သူ့ကို
မသိဟန်ပြုလိုက်ကြလို့ပါပဲ။
● ဒါ့ကြောင့်မလို့ပြောတာပေါ့
လူဆိုးနဲ့လူကောင်းဆိုတာက
အပြင်ပန်းကိုကြည့်ပြီးတော့
ဆုံးဖြတ်လို့ရကောင်းတဲ့အရာမဟုတ်ဖူးဆိုတာ
သူ့အတွင်းကိုကြည့်ပြီးတော့မှ
ဆုံးဖြတ်ရမယ့်အရာသာဖြစ်တယ်
ဒီတော့ဘယ်သူ့ကိုမှ ဒီလူဟာလူဆိုးပဲ
လူကောင်းပဲလို့လွယ်လွယ်နဲ့
ဆုံးဖြတ်ချက်တွေမစောစေချင်ပါ
အတွင်းစိတ်ကိုသာကြည့်၍
လူဆိုးလား လူကောင်းလားဆိုတာ
ခွဲခြားတတ်ကြပါစေ ………
ဖန်ခါးမြေအရှင်
⭐⭐⭐⭐⭐
Comments
Post a Comment