ဗုဒ္ဓ နှင့် လေးဆယ့်ငါးဝါ
ဗုဒ္ဓ နှင့် လေးဆယ့်ငါးဝါ
🔳🔳🔳🔳🔳🔳🔳🔳🔳
✔️"ဗုဒ္ဓက" လေးဆယ့်ငါးဝါနေသွားတယ်
ငါ့ဘာသာကိုလာပြီးတော့ ကိုးကွယ်လှည့်ပါလို့
တစ်ယောက်မှအတင်းခေါ်ဆောင်ခြင်းမပြုခဲ့ဖူးဘူး
✔️"ဗုဒ္ဓက" လေးဆယ့်ငါးဝါနေသွားတယ်
ငါ့ဘာသာထဲကနေထွက်သွားလို့
တစ်ယောက်မှ နှင်မထုတ်ခဲ့ဖူးဘူး
✔️"ဗုဒ္ဓက" လေးဆယ့်ငါးဝါနေသွားတယ်
ဘာသာတွေထဲမှာတော့ ငါတည်ထောင်ထားတဲ့
ဘာသာသည်သာ အမြတ်ဆုံး အသာဆုံးလို့
တစ်ခွန်းလေးမျှ ပြောထွက်ခြင်းမပြုခဲ့ဖူးဘူး
✔️"ဗုဒ္ဓက" လေးဆယ့်ငါးဝါနေသွားတယ်
ဘုရားတွေ ဘုရားတွေထဲမှာတော့
ငါဘုရားသည်သာ အသာလွန်ဆုံးလို့
ကြွားဝါးခြင်းလည်း မပြုမူခဲ့ဖူးဘူး
✔️"ဗုဒ္ဓက" လေးဆယ့်ငါးဝါနေသွားတယ်
တနေ့လေးမှ ကိုယ်အကျိုးအတွက်
အချိန်လေးတစ်ချိန်တောင် အသုံးမပြုခဲ့ဖူးဘူး
✔️"ဗုဒ္ဓက" လေးဆယ့်ငါးဝါနေသွားတယ်
တစ်ဦးတစ်ယောက် အကျိုးရှိစေတာကိုမြင်ရင်
မိုင်ပေါင်းသိန်းသန်းခရီးချီလည်း ဘယ်တော့မှ
လျစ်လျူ ရှုခြင်းမပြုခဲ့ဖူးဘူး
✔️"ဗုဒ္ဓက" လေးဆယ့်ငါးဝါနေသွားတယ်
ဟုတ်တာကို မဟုတ်ဖူး
မဟုတ်တာကို ဟုတ်တယ်လို့လည်း
ဘယ်သူ့ကိုမှ လိမ်ညာခြင်းမပြုခဲ့ဖူးသလို
ဘယ်ဘဝမှာလည်း လိမ်ညာခြင်းမပြုမူခဲ့ဖူးဘူး
✔️"ဗုဒ္ဓက" လေးဆယ့်ငါးဝါနေသွားတယ်
မင်းတို့ဘယ်လိုမကောင်းမှုမျိုးလုပ်လုပ်
တန်ပြန်လာမယ့် ဆိုးကျိုး ကောင်းကျိုးကို
ငါခံပေးမယ်လို့ ကတိတွေမပေးခဲ့ဖူးသလို
ကျားတစ်ကောင်ကို အတောင်တက်ပေးမယ့်
မူဝါဒမျိုးကိုလည်း ဘယ်တော့မှလည်း
မတည်ထောင်ခဲ့ဖူးဘူး
✔️လာခဲ့ပါလို့လည်း "မခေါ်"
ပြန်ပါတော့လို့လည်း "မနှင် "
ယုံကြည်မှ "လက်ခံ"
ကျေနပ်မှ "ကျင့်သုံး"
"ဗုဒ္ဓရဲ့ လေးဆယ့်ငါးဝါ ဝါဒထုံး"✔️
credit ဖန်ခါးမြေ အရှင်👸
⭐⭐⭐⭐⭐
Comments
Post a Comment