" ညအခါ လသာသာ - ကစားမလား နားမလား "
" ညအခါ လသာသာ - ကစားမလား နားမလား "
🌍 🌍 🌍 🌍 🌍 🌍 🌍 🌍 🌍 🌍 🌍 🌍🌍
၁။✔ညအခါ
၂။✔လသာသာ
၃။✔ကစားမလား
၄။✔နားမလား
၁။✔ညအခါ ဟူသည် _
သာသနာပကာလကို ရည်ညွှန်းခြင်းဖြစ်၏
သာသနာပ ကာလဟူသည်မှာ
ဘုရားမပွင့်သောကာလကိုပြောဆိုခြင်းသာ
ဘုရားမပွင့်သောကာလ တစ်ခု၌
သံဃာဟူသည်မရှိသလို တရားတော်များ၏
အသံတော်ကိုလည်းကြားနာရဖို့ဆိုတာလည်း
လုံးဝမဖြစ်နိုင်ပါပေ _
ထို့ကြောင့် ရတနာသုံးပါးဆိတ်သုဉ်းသော
ကာလတစ်ခုမှာ လူတစ်ယောက်ဖြစ်ရခြင်းသည်
လူတစ်ယောက်ဖြစ်ရအကျိုးသည်မနပ်ပေစွ
အဘယ့်ကြောင့်နည်း ဟူသော်
ကောင်းအကျိုး ဆိုးအကျိုး ကောင်းတာမကောင်းတာ
နားလည်သိရှိနိုင်စွမ်းမရှိနိုင်သောကြောင့်၎င်း
သစ္စာတရားတော်များမနာကြားနိုင်သောကြောင့်၎င်း
သံသရာမှလွတ်မြောက်ရန်လမ်းမရှိသောကြောင့်၎င်း
ဒါတွေကြောင့် လူတစ်ယောက်ဖြစ်သော်လည်း
လူဖြစ်ရခြင်းမနပ်ဟူ၍ဆိုလိုခြင်းသာဖြစ်ပေ၏
ကံကောင်းထောက်မှစွာဖြင့်လူရသော်လည်း
ညအခါမှာ မမြင်မစမ်းနှင့် လမ်းလျှောက်နေရသူ
ဥပမာတိုင်းဖြစ်ရလေသည် ထို့ကြောင့်
သာသနာပကာလသည် လမိုက်ညနှင့်တူသော
ညအခါနှင့်အလွန်တူလှပေစွတကား။
၂။✔လသာသာ ဟူသည် _
သာသနာတွင်းကာလကိုရည်ညွှန်းခြင်းသာဖြစ်၏
သာသနာတွင်းကာလသည် ရတနာသုံးပါးလည်းထွန်း၏
အကောင်းအဆိုး အကြောင်းအကျိုးများစွာကို
လမ်းညွှန်ပြသသူလည်းအဆင်သင့်ရှိ၏
သံသရာမှလွတ်မြောက်ရန်ကျိုးစားလိုကလည်း
သံသရာဝဲသြဃမှလွတ်မြောက်နိုင်ပေ၏
သာသနာတွင်းမှာ လူသားတစ်ယောက်ဖြစ်
လူလာဖြစ်ရသည်မှာ အတော်တန်ကောင်းမှု
ကုသိုလ်မဟုတ်ပေ ထူးမြတ်သောပါရမီတွေ
ရှိနေခြင်းသို့သာလူ့ဘုံလူ့ဘဝ မြတ်သော
လူ့ဘဝကိုရရှိပိုင်ဆိုင်နိုင်ရခြင်းသာဖြစ်၏
ဒါ့ကြောင့် သာသနာအတွင်းကာလတစ်ခုမှာ
လူလာဖြစ်ခွင့်ရှိသောကြောင့်၎င်း
ဆုံးမပဲ့ပြင်သူတွေနှင့်ကြုံတွေ့ရသောကြောင့်၎င်း
ကြိုးစားရင်ကြိုးစားရသလောက် သံသရာမှ
လွတ်မြောက်နိုင်သောကြောင့်၎င်း
သာသနာတွင်းလူလာဖြစ်ရခြင်းကို
မြူတိမ်ကင်းသော "လသာသာ"ဟူ၍ ဥပမာ
ရည်ညွှန်းတင်ဖွဲ့လိုက်ခြင်းသာဖြစ်ပေသည်။
၃။✔ကစားမလား ဟူသည် _
လူ့ဘဝရလာတဲ့သက်တမ်းတစ်လျှောက်
အချိန်ကောင်း အခါကောင်းများကိုမေ့လျော့၍
စီးပွားရေးတွေနှင့် သားသမီးမြေးမြစ်များနဲ့အတူ
ပျော်ပျော်ပါးပါးနေနေသူ ကစားနေသူများကို
ပြောဆိုနေခြင်းသာဖြစ်၏ _
မြင့်မြတ်သောလူ့လဘဝကိုတော့ရပါ၏
သို့သော်လည်း တစ်ချို ့သောလူသားများသည်
ဒုစရိုက်များနှင့်သာအချိန်တိုင်းကစား၍နေကြ၏
သားတွေသမီးတွေ မြေးတွေနှင့်သာကစား၍နေ၏
စီးပွားရေးတစ်ခုတည်းသာစောက်ချ၍ကစားနေ၏
ကောင်းမှုကုသိုလ်တစ်ခုခု တစ်မျိုးမျိုးကို
လုပ်ဖို့ရန်ကားမေ့လျော့၍နေတက်ကြပေသည်
ထိုသူမျိုးများ၏နှလုံးသားမှာ __
ရတနာသုံးပါးများဆိတ်သုဉ်းသော
ကုသိုလ်ကောင်းမှုများပြုခွင့်မရှိသော
သာသနာပကာလတစ်ခု၌ လူဖြစ်ရခြင်းပမာ
ညအခါမှာ ကစားနေသူပုံပမာဖြစ်ပေ၏ ။
၄။✔နားမလား ဟူသည် _
ဘုရားရှင် အရိယာအစရှိသောသူတော်ကောင်းများ
ကုသိုလ်ပါရမီများကိုဖြည့်ဆည်း၍
နိဗ္ဗာန်ကိုမြတ်မှောက်ပြုကာ သံသရာဝဲဇလုတ်မှ
အပြီးတိုင်နားသွားကြသူများကိုရည်ညွှန်းပေသည်
လူဖြစ်ရခြင်းအတူတူ တစ်ချို ့သောလူများသည်
စီးပွားရှာရင်းဖြင့်လည်း မြတ်နိဗ္ဗာန်၏အထောက်ကူ
ဖြစ်ရစေဖို့ထိုက်သင့်လျှော်စွာ ကောင်းမှုကိုပြု၏
သားတွေသမီးတွေနှင့် မြေးတွေကြားမှာ
နေထိုင်ရသော်လည်း အခါကောင်းကိုလက်မလွှတ်
အချိန်ကောင်းကိုစောင့်ကာ သံသရာမှ
လွတ်မြောက်ရရန်အတွက် အချိန်ရရင်ရသလို
တရားဘာဝနာများအားထုတ်ကျင့်ကြံကြ၏
တစ်ချို ့လည်းကောင်းမှုကိုနေ့စဉ်ပြု၍
သံသရာထွမ်း မဂ်စခန်းကိုလျှောက်၍နေကြသည်
တစ်ချို ့ကား ကောင်းမှုတစ်ခုခုနေ့စဉ်ပြု၍လည်း
သံသရာထွက်လမ်း မဂ်စခန်းသို့အပြီးတိုင်
မြတ်မှောက်ပြုသွားကြကာ "နားသွား"ကြပေသည်
ဒါ့ကြောင့် လသာသာ နဲ့ဘုရားရှင်သာသနာမှာ
ဘုရားရှင်အစရှိသောအရိယာ _
သူတော်ကောင်းများလို နားနိုင်ကြပါစေ
နားနိုင်အောင်လည်းကြိုးစားနိုင်ကြပါစေလို့
အာသီသစိတ်ဆန္ဒတစ်ခုဖြင့် ……
✔ညအခါ လသာသာ ကစားမလား နားမလား✔
credit ဖန်ခါးမြေအရှင် 👸
⭐⭐⭐⭐
Comments
Post a Comment