#နေ့တိုင်း_တရားထိုင်သင့်တဲ့_အကြောင်းအရင်း_၆_ချက်
#နေ့တိုင်း_တရားထိုင်သင့်တဲ့_အကြောင်းအရင်း_၆_ချက်
*****************************************************
၁။ ဟိုမုန်းကို မြင့်တက်စေတယ်
~~~~~~~~~~~~~~~~~~~~~
ဟိုမုန်းဓါတ်ဟာ သင့်စိတ်ထဲက ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စတဲ့ ခံစားချက်တွေကို အပြောင်းအလဲ ဖြစ်စေတဲ့ ဟိုမုန်းဓါတ်တွေ ဖြစ်ပါတယ်။
တရားထိုင်ခြင်းအားဖြင့် သင့်ရဲ့စိတ်အတွင်းပိုင်းမှာ ကြည်လင်လာပြီး ငြိမ်းအေးမှုကို ဖြစ်စေပါတယ်။ ဒါ့အပြင် နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းကိုလည်း အထောက်အပံ့ ဖြစ်စေပါတယ်။
၂။ စိတ်ဓါတ်ကျခြင်း နည်းစေတယ်
~~~~~~~~~~~~~~~~~~~~~~~~
စိတ်ဓါတ်ကျဆင်းခြင်း( Depression ) ဖြစ်နိုင်ချေကို သိသိသာသာ ကျဆင်း စေပါတယ်။ အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်း စတဲ့ သင့်စိတ်ကို ထိခိုက်စေနိုင်မယ့် အကြောင်းအရာတွေကို ရင်ဆိုင်ရာမှာ သင့်စိတ်တွေကို ပိုမို သန်မာလာစေပါတယ်။
၃။ စိတ်ကို ငြိမ်းအေးစေတယ်
~~~~~~~~~~~~~~~~~~~~
ဒါကတော့ တရားထိုင်တဲ့သူတိုင်း ချက်ချင်း ခံစား ရပါတယ်။ တရားထိုင်ခြင်းဟာ သင့်စိတ်အေးချမ်းမှုရဲ့ ဇစ်မြစ်တစ်ခုလို့လည်း ပြောလို့ရပါတယ်။
တရားထိုင်တာဟာ ဘာသာရေးနဲ့ သက်ဆိုင်ရုံတင်မကဘဲ စိတ်ကုထုံးအနေနဲ့ပါ အသုံးချလို့ရတာကြောင့် လူအတော်များများဟာ တရားထိုင်ခြင်းကို စွဲစွဲမြဲမြဲ လုပ်ဆောင် လာကြပါတယ်။
၄။ ပျော်ရွှင်ခြင်း ဆေးဝါး
~~~~~~~~~~~~~~~~~
တရားထိုင်နေတဲ့ အချိန်မှာ သင့်ရဲ့စိတ်ကို ငြိမ်းအေးမှု ပေးပါလိမ့်မယ်။ ဒီ ငြိမ်းအေးမှုဟာ သင့်ရဲ့ မသိစိတ်ထဲက ပျော်ရွှင်ခြင်းတွေကို နှိုးဆွ ပေးပါတယ်။ သင့်ကိုယ်သင် စိတ်ကျေနပ်မှု ရှိလာမယ်။ လောကကြီးကို အကောင်း မြင်တတ်လာမယ်။
ကြုံတွေ့လာမယ့် အဆိုးတွေကိုလည်း အကောင်းမွန်ဆုံး တုန့်ပြန် ရင်ဆိုင် လာနိုင်မယ်။ ပြောရရင်တော့ တရားထိုင်ခြင်းဟာ ပျော်ရွှင်ခြင်းဆေးဝါး တစ်လက်ပါပဲ။
၅။ အတွေးအခေါ်သစ်တွေကို ရစေတယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~
တရားထိုင်ခြင်းရဲ့ ကောင်းတဲ့ အကျိုးကျေးဇူးတွေထဲမှာ စိတ်ကို ငြိမ်းအေးစေတာ တစ်ခုတည်း မဟုတ်သေးပါဘူး။
သင့်ရဲ့ စိတ်ကူးဥာဏ်တွေကိုလည်း ကွန့်မြူး စေပါတယ်။ ဒါ့ကြောင့် အောင်မြင်တဲ့သူတွေဟာ တရားထိုင်ခြင်းကို
သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲမှာ ထည့်သွင်း လုပ်ဆောင်လေ့ ရှိပါတယ်။
၆။ စျေးပေါသော ကျန်းမာရေးလက်ဆောင်
~~~~~~~~~~~~~~~~~~~~~~~~~~~~~
တရားထိုင်ခြင်းဟာ စိတ်ကျန်းမာရေး တစ်ခုတည်းအတွက်တင် မဟုတ်ပါဘူး။ ကိုယ်ကျန်းမာရေးကိုလည်း များစွာ
အထောက်အကူ ဖြစ်စေပါတယ်။
တစ်နေ့ကို ဆယ့်ငါးမိနစ်ကနေ နာရီဝက်၊ တစ်နာရီလောက် တရားထိုင်ခြင်းဟာ သင့်အတွက် ငွေကုန်ကြေးကျနည်းတဲ့ ကျန်းမာရေးလက်ဆောင်ကောင်းတစ်ခု ဖြစ်လာ ပါလိမ့်မယ်။
Credit,
#ဦးမြင့်ခိုင်, #SaiMyoWin & SAI MYO WIN
Comments
Post a Comment