ရဟန်းဒါယကာ [ ၅ ] မျိုး

ရဟန်းဒါယကာ [ ၅ ] မျိုး 🔳🔳🔳🔳🔳🔳🔳🔳🔳 [ ၁ ] ✔မျိုးစေ့သာချ၍ ရေးမလောင်းသော ရဟန်းဒါယကာ✔ ❖ ဘယ်လိုအပင်မျိုးပင်စိုက်စိုက် အရင်ဆုံး မျိုးစေ့ကိုစိုက်ပျိုးချရစမြဲသာဖြစ်၏၊မျိုးစေ့သာချပြီး ရေမလောင်းလျှင်ကား ထိုမျိုးစေ့သည် မည်သို့ပဲ အမျိုးနွယ်ကောင်းကောင်း လုံလောက်သောရေကို သောက်သုံးခွင့်မရလျှင်ကား အချိန်ကာလ ကြာလာသည်နှင့်အမျှ မြေကြီးထဲမှာပင် သေဆုံးရစမြဲသာဖြစ်၏။ ထိုနည်းအတူ မြတ်သောသိမ်တော်ပေါ်၌ တက်သစ်စ ရဟန်းတစ်ပါးသည် မျိုးစေ့ပမာတူပေ၏ ၊ ရဟန်းဒါယကာသည် ရေလောင်းသူနှင့်တူလှပေ၏။ ~~~~~~~~~~~~~~~~~ [ ၂ ] ✔လက်ဝတ်ရတနာကိုသာ ဝတ်ချင်တဲ့ ရဟန်းဒါယကာ✔ ❖ပုထုဇဉ်အများစု၏ ပင်ကိုသဘောသဘာဝသည် လူတစ်ယောက် လက်ဝတ်ရတနာကောင်းကောင်း ဝတ်ဆင်လာတာမြင်တွေ့ပါက လူကြီးလူကောင်းဆန်ဆန် မဆန်ဆန် လူယုတ်ပဲဖြစ်၍ သူခိုးပင်ဖြစ်စေဦး ဂုဏ်ယူဝန့်ကြွားစွာ ခင်မင်တတ်ကြ၍ အထင်ကြီးလေးစားတက်ကြသူကများ၏ ထိုနည်းအတူ ပညာတတ်သော ဓနကြွယ်သော သိုင်းဝိုင်းကောင်းသော စာရေးကောင်းသော တရားဟောကောင်းသော ဗေဒင်ကောင်းသော ယတြာကောင်းသော ရဟန်းလောင်းကိုမှ ခင်မင်ချင်ကြသည် ရဟန်းခံပေးချင်ကြသည် ရဟန်းအဖြစ်နှင့် ဖြစ်လာမည့်ထိုရဟန်းလောင်းမှာ ပရိယတ္တိလိုက်စားသူလား၊ပရိပတ္တိလိုက်စားသူလ...