ဝမ်းမြောက်ပျော်ရွှင် ဖြစ်စေချင်

ဝမ်းမြောက်ပျော်ရွှင် ဖြစ်စေချင် ဦးကောဝိဒ(မြိတ်) မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတယ်၊ အချစ်နဲ့ အသက်ရှင်ကြတယ်၊ အချစ်ရှိမှ ပျော်ရွှင်ကြတယ်၊ အချစ်မရှိရင် ခြောက်သွေ့တယ် စတဲ့ပျော်ရွှင်မှုဖြစ်ခြင်း ရဲ့အကြောင်းကို အမျိုးမျိုးပြောဆိုနေကြတယ်။လောက လူသားများဟာ ပျော်ရွှင်မှု မရှိရင် အသက်ရှင်ရတာ လည်း အဓိပ္ပာယ်မရှိသလိုခံစားကြရတယ်။ ပျော်ရွှင်မှု ရှိရင် ဘဝမှာနေရတာ အဓိပ္ပာယ်ရှိတယ်လို့ ပြောဆို ကြပါတယ်။ ပျော်ရွှင်တာ ကောင်းတဲ့အရာတစ်ခုပါ။ ဒါကြောင့် လည်း အချို့သူများဟာ ပျော်ရွှင်မှုကို နည်းမျိုးစုံနဲ့ဖန်တီး ယူကြခြင်း ဖြစ်တယ်။ အချို့က ကာမဂုဏ်နဲ့ပျော်ကြ တယ်။ ဇနီးမယား သမီးသား လင်သားများနဲ့လည်း ပျော်ရွှင်ကြတယ်။ စည်းစိမ်ဥစ္စာများ ပိုင်ဆိုင်မှုများလာ လို့လည်း ပျော်ရွှင်ကြတယ်။ အနာရောဂါကင်းပြီး စိတ် သွားတိုင်း ကိုယ်ပါလို့လည်း ပျော်ရွှင်ကြတယ်။ ဒါပေမဲ့ ကာမဂုဏ်တွေ ဆုံးရှုံးပျက်စီးသွားရင် မပျော်နိုင်တော့ဘဲ စိတ်ဓာတ်ကျ နှလုံးတွေ ညှိုးနွမ်း ကြတယ်။ ဒါကြောင့်လည်း ကာမဂုဏ်နဲ့ ပျော်ရွှင်တာ ဟာ အနှစ်မရှိတဲ့ပျော်ရွှင်မှု ဖြစ်တယ်။ ဒါဖြင့် အနှစ်ရှိ တဲ့ပျော်ရွှင်မှုဆိုတာ ဘယ်လိုဟာလဲလို့ မေးစရာရှိတယ်။ အနှစ်ရှိတဲ့ပျော်ရွှင်မှု ဆိုတာ ကု...