ဇမ္ဗူကမထေရ်၏ ဝဋ်ကြွေး
“ဇမ္ဗူကမထေရ်၏ ဝဋ်ကြွေး”
ဇမ္ဗူကသူငယ်သည် ရာဇဂြိုဟ်မြို့၌
ချမ်းသာကြွယ်ဝသောအမျိုးမှ
မွေးဖွားခဲ့သူဖြစ်သည်။
ထိုသူငယ်သည် လမ်းလျှောက်တတ်သော
အရွယ်မှစ၍
အိပ်ရာနေရာတို့၌ မအိပ်၊ မြေ၌ အိပ်သည်။
ထမင်းစသောအစာကို မစား၊ မိမိကိုယ်မှ ထွက်သော
မစင်ကိုသာ စားလေ့ရှိသည်။
အရွယ် အတော်ကြီးလာသော်လည်း အဝတ်ပုဆိုးတို့ကို မဝတ်။မိမိမစင်ကိုသာ စား၍ မြေကြီး၌သာ အိပ်သည်။
အချိန်ကြာလာသောအခါ မိဘတို့သည် မိမိတို့၏ အမျိုးအနွယ်၌ ဤသို့ ယုတ်ညံ့သော သားရှိသည်ကို သူတကာသိမှာ ရှက်သဖြင့်၊သူငယ်ကို အဝတ်မဝတ်သော
အစေလက
အာဇီဝကတို့ထံ ပို့၍ ရဟန်းပြုစေသည်။
ရဟန်းပြုခြင်းကိစ္စပြီးနောက် မိဘတို့သည်
အာဇီဝကတို့ကို မိမိတို့သားနှင့်အတူ အိမ်သို့ ဆွမ်းဘုဉ်းပေးကြွရန် ပင့်ဖိတ်၍
ပြန်ခဲ့ကြသည်။
နောက်ရက်များတွင် ဆွမ်းကိစ္စအတွက်
ရွာတွင်းသို့
သွားရန် ဇမ္ဗူကကို အစေလကတို့က
ခေါ်ဆောင်ကြသည်။
“အသင်တို့သာ သွားကြကုန်လော့။
ငါသည် ဤနေရာ၌သာ နေခဲ့ပါအံ့”
ဟု ပြောဆိုကာ ကျောင်းတွင်နေခဲ့ပြီး ကျောင်းတွင် မည်သူမျှ မရှိသောအခါ မစင်တွင်းသို့ဆင်းကာ မစင်ကို
လက်နှစ်ဘက်ဖြင့်ယူ၍ အားရပါးရ စားသောက်လေသည်။
အစေလကတို့က ရွာတွင်းမှနေ၍ ပို့လိုက်သောဆွမ်းကို လုံးဝ မစားပေ။
ဇမ္ဗူကသည် နောက်ရက်များတွင် ဆွမ်းခံရန်ခေါ်သော်လည်း
မလိုက်ဘဲ မိမိအတွက် စားသောက်ဖွယ်သည် ဤကျောင်းမှာပင် ရှိသည်ဟု ပြောဆိုခဲ့သည်။
သို့အတွက် အစေလကတို့သည် ဇမ္ဗူကအပေါ်၌ သံသယဝင်ကြကာ အကြောင်းစုံသိရန် အစောင့်ချ၍
ချောင်းမြောင်းကြည့်စေသည်။
ဇမ္ဗူကသည် ထုံးစံအတိုင်း အစေလကတို့ ဆွမ်းခံသွား၍
ကျောင်း၌ မည်သူမျှ မရှိသည့်အချိန်တွင် မစင်တွင်းသို့ဆင်း၍ မစင်များကို စားသည်။
စောင့်ကြည့်နေကြသော အစေလကတို့သည် ဇမ္ဗူက၏
အံ့ဩစက်ဆုပ်ဖွယ် မယုံကြည်နိုင်လောက်သော အပြုအမူများကို ဒိဋ္ဌိတွေ့မြင်သွားကြပြီး-
“ဇမ္ဗူက၏ ဤစက်ဆုပ်ဖွယ်ကောင်းသောအမှုကို
ဂေါတမ၏တပည့်များ သိရှိသွားပါက အာဇီဝကတို့သည်
မစင်ပုပ်ကိုစား၍ လှည့်လည်နေကြသည် ဟု မကောင်းသော သတင်းကို လွှတ်ထုတ်
ပြောကြားကုန်ရာ၏။ဤသူသည် ငါတို့နှင့် မသင့်လျော်။”
ဟု အညီအညွတ် ပြောဆိုတိုင်ပင်ကြပြီးလျှင် ဇမ္ဗူကကို
ကျောင်းမှ နှင်ထုတ်လိုက်ကြလေသည်။
ဇမ္ဗူကသည် အာဇီဝကတို့၏ ကျောင်းမှ
ထွက်ခွာလာပြီးနောက် ရာဇဂြိုဟ်မြို့အနီး လူအများ
ကျင်ကြီးကျင်ငယ်စွန့်ရာအရပ်၌ ဖြန့်ခင်းထားသော
ကျောက်ဖျာ၏ အစွန်းအဖျား၌ နေထိုင်ပြီးလျှင်
ညအခါ မစင်ပုပ်ကို စားသည်။
နေ့အချိန် လူတို့ လာသောအခါ၌ကား
လက်တစ်ဘက်ဖြင့်
ကျောက်ဖျာစွန်းကိုထောက်၍ ခြေတစ်ဘက်ကို
မြှောက်ပြီး ဒူးဖြင့်ထောက်လျက် လေလာရာဘက်သို့
မျက်နှာကိုလှည့်ကာ ခံတွင်းကိုဖွင့်၍ နေလေသည်။
လောကသဘာဝတွင် လူအများသည် သူတစ်ပါးမလုပ်သောအလုပ်ကို လုပ်သောသူကို ထူးဆန်းသည်။
မြင့်မြတ်သည်ဟု ထင်ကြသည်။
ပုဂ္ဂိုလ်ထူး၊ တရားထူးပိုင်ရှင်ဟု ထင်မြင်ကြသည်။
ဉာဏ်မရှိသူတို့သည် ထူးဆန်းမှုကိုမြင်လျှင်
မှားသည်၊ မှန်သည် ဉာဏ်မမီဘဲ ဆည်းကပ်
ကိုးကွယ်တတ်သော အလေ့ရှိကြသည်။
ဇမ္ဗူကသည် မိမိ မစင်ပုပ်စားသည့် မကောင်းဆိုး
ညစ်သောအကျင့်ကို ဖုံးကွယ်ရန်အတွက် သူတစ်ပါးတို့နှင့်
မတူသော နေထိုင်နည်းဖြင့် နေလေ့ရှိသည်။
အစာအာဟာရ မစားဘဲ “လေ”ကိုသာ
စားသုံးသူဖြစ်ကြောင်း လိမ်ညာပြောဆိုခဲ့သည်။
ထိုသို့နေထိုင်ခြင်းအကြောင်းကို လူအပေါင်းက
မေးသောအခါ-
“မိမိသည် မြတ်သော-ပြင်းထန်သော အကျင့်မြတ်ရှိသူဖြစ်သည်။ခြေနှစ်ဖက်လုံး ထောက်လိုက်ပါက
ကမ္ဘာမြေကြီး တုန်လှုပ်သွားကြောင်း။သို့အတွက်
ဤကဲ့သို့ နေ့ညဥ့်တို့ပတ်လုံးနေထိုင်ကြောင်း။
ထိုင်ခြင်း၊ အိပ်ခြင်း အလျှင်းမရှိကြောင်း
ပြောကြားသည်။
လူတို့၏သဘောသည် သတင်းစကားကို
ယုံကြည်တတ်သော အလေ့ရှိသည့်အားလျော်စွာ
ဇမ္ဗူက၏ ဂုဏ်သတင်းသည် တစ်ဦးမှတစ်ဦး၊
တစ်ရွာမှတစ်ရွာ၊ တစ်မြို့မှတစ်မြို့၊
တစ်နယ်မှ တစ်နယ် ပျံ့နှံ့သွားခဲ့ရာ ဘဂ္ဂတိုင်း၊
မာဂဓတိုင်း နှစ်တိုင်းရှိ လူအများသည်
အုတ်အုတ်ကျက်ကျက်ဖြစ်ကာ ဇမ္ဗူကထံ
လာရောက်ကာ ကိုးကွယ်ဆည်းကပ်ကြသည်။ အံ့ဩချီးမွမ်းလျက်
လှူဖွယ်များယူလာကြပြီး
ပူဇော်ကြသည်။
ဇမ္ဗူကသည် အခြားသော အစာအာဟာရကို
စားလျှင် မိမိအကျင့်ပျက်လတ္တံ့ ဟုဆိုကာ
လူတို့ဆောင်ယူလာသော အစာအာဟာရများကို
ငြင်းပယ်လေသည်။
လူတို့၏သဘာဝကား မယူလျှင် လှူချင်သည်။
မစားလျှင် ကျွေးချင်သည်။ ယခုလည်း ဇမ္ဗူက
မိမိကို လှူဒါန်းသော စားဖွယ်ကို ငြင်းသောအခါ-
“အရှင်ကဲ့သို့ အကျင့်ရှိသောပုဂ္ဂိုလ်သည်
သုံးဆောင်ခြင်းကို ပြုသည်ရှိသော် ကျွနုပ်တို့မှာ
ရှည်စွာသောကာလပတ်လုံး အကျိုးစီးပွားချမ်းသာခြင်း
ဖြစ်ပါမည်။”
ဟု ပြောဆိုကာ ထပ်ကာထပ်ကာ တောင်းပန်ကြသည်။
ဇမ္ဗူကသည် မစင်မှတစ်ပါး အခြားအစာကို
မနှစ်သက်သော်လည်း လူအပေါင်းက အတင်း
တိုက်တွန်းသဖြင့် လူတို့ယူလာသော ထောပတ်၊ တင်လဲ စသည်တို့ကို သမန်းမြတ်ဖျားဖြင့်ယူ၍
လျှာပေါ်တင်ပြီးလျှင်-
“သွားကြကုန်လော့။ဤမျှဖြင့် သင်တို့ကား အကျိုး
စီးပွားများလောက်ပေ၏” ဟု ပြောဆိုပြန်လွှတ်လေသည်။
ဤနည်းဖြင့် ဇမ္ဗူကသည် (၅၅)နှစ်တို့ကာလပတ်လုံး
အဝတ်မဝတ်ဘဲ မစင်စားလျက် မြေပေါ်၌အိပ်ကာ
အချိန်ကို ကုန်လွန်စေခဲ့သည်။
ဘုရားရှင်တို့မည်သည် နေ့စဉ် မိုးသောက်ယံအချိန်၌
ကျွတ်ထိုက်သော လူအပေါင်းကို သဗ္ဗညုတ
ဉာဏ်တော်ဖြင့် ကြည့်ရှုမြဲဖြစ်သည်။
ထိုနေ့တွင် ဇမ္ဗူက၏ ပဋိသမ္ဘိဒါဉာဏ်နှင့်အတူတကွ အရဟတ္တဖိုလ်ရောက်ကြောင်းကို လည်းကောင်း၊
ဇမ္ဗူကကို အကြောင်းပြု၍ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ အကျွတ်တရားရမည်ကို လည်းကောင်း၊
မြင်တော်မူသည်။
သို့အတွက် ဘုရားရှင်သည် ညနေချမ်းအချိန်တွင် ဇမ္ဗူက ရှိရာသို့ ကြွသွားတော်မူသည်။
ဇမ္ဗူကနေထိုင်ရာသို့ ရောက်သောအခါ ဘုရားရှင်က
“ဇမ္ဗူက” ဟုခေါ်၍ တစ်ညဥ့်မျှ တည်းခို
နေထိုင်ခွင့်တောင်းသည်။ ဇမ္ဗူက-ကမိမိအကြောင်းကို
သိမည်စိုးသောကြောင့် တည်းခိုရန် နေရာမရှိဟု
ငြင်းဆိုလေသည်။
ဘုရားရှင်ကြွလာသောအခါ ဇမ္ဗူက နေရာ
ကျောက်ဖျာပြင်သည် မသန့်ရှင်းမစင်ကြယ်ရကား
နတ်များက ရှေးဦးစွာ မိုးကြီးရွာစေပြီးနောက်
အနံ့အသက်ပိုကောင်းစေရန် ပန်းမိုးပါ
ရွာသွန်းဖျန်းထားသည်။
“ဇမ္ဗူက...ဤသို့မလုပ်ပါလင့်။ရဟန်းများသည် ရဟန်းများကို၊ လူများသည် လူများကို၊
သားကောင်များသည် သားကောင်များကို
မျှော်လင့်တောင့်တမြဲဖြစ်သည်။” ဟု
ဘုရားရှင်က မိန့်ကြားသည်။
“သင် ရဟန်းလား”
“ဟုတ်ပါ၏။”
“သင် ရဟန်းသူမြတ်ဖြစ်လျှင်
အဘယ့်ကြောင့်
ရေဘူး၊ မီးမွှေးယောက်မ၊
ယာဇ်ပူဇော်သောကြိုးများ
မပါပါသလဲ”
“ထိုပစ္စည်းများ ငါ့မှာရှိသည်။ယူဆောင်သွားလာရသည်မှာ
တာဝန်ကြီးလေးလှသောကြောင့် ကိုယ်တွင်းဖြစ်သာ ယူဆောင်လှည့်လည်ပါသည်”
“ရဟန်းဖြစ်လျက် ဤပစ္စည်းများ မယူဘဲ
လှည့်လည်ရသလား” ဇမ္ဗူကက ဒေါသဖြင့်
ပြောဆိုသည်။
ဘုရားရှင်က ဇမ္ဗူကကို စိတ်မဆိုးရန်တောင်းပန်ပြီး ဇမ္ဗူကနှင့် မနီးမဝေး တောင်စွန်းအစွန်း၌ သီတင်းသုံးနေသည်။
ထိုည၌ မြတ်စွာဘုရားထံသို့ ပထမယံ၌ နတ်မင်းကြီးလေးပါးတို့သည်လည်းကောင်း၊
မဇ္ဈိမယံ၌ သိကြားမင်းသည်လည်းကောင်း၊
ပစ္ဆိမယာမ်၌ မဟာဗြဟ္မာကြီးသည်လည်းကောင်း၊အလုံးစုံသောတောအုပ်ကို အရောင်အလင်း တောက်ပစေလျက် လာရောက်ခစားပြီး တရားနာကြလေသည်။
ဇမ္ဗူကသည် တစ်ညလုံး ထူးဆန်းအံ့ဩဖွယ်ကောင်းသော
အရောင်အလင်းများနှင့်ပုဂ္ဂိုလ်များ ဘုရားထံ ချဉ်းကပ်လာသည်ကိုမြင်၍ စူးစမ်းသောအားဖြင့်
ထိုအကြောင်းကို မေးလျှောက်လေသည်။
ဘုရားရှင်က နတ်မင်းကြီးလေးပါး၊ သိကြားမင်း၊
ဗြဟ္မာမင်းတို့ လာရောက် တရားနာကြောင်း မိန့်ကြားသည်။
“ယင်းတို့ထက် သင်ရဟန်းကြီးက သာလွန်သော နတ်မင်းစစ်ဖြစ်သည်။သိကြားမင်းသည် ငါ့အားအလုပ်အကျွေးပြုသော ကပ္ပိယအဆင့်မျှသာရှိသည်။
ငါသည် ဗြဟ္မာတို့ထက် သာလွန်သူဖြစ်သည်။”
“ရဟန်းကြီး...သင်သည် အလွန် ချီးမွမ်း
အံ့ဩဖွယ်ရှိပေစွ။ (၅၅)နှစ်ကာလပတ်လုံး
ဤအရပ်၌နေသောငါ့အား စတုမဟာရာဇ်နတ်မင်း၊
သိကြားမင်း၊ ဗြဟ္မာမင်းတို့တွင် တစ်စုံတစ်ယောက်မျှ
သော်လည်း ခစားဆည်းကပ်ခြင်းငှာ လာဖူးသည် မရှိပါ။
ငါသည် လေကိုစားသုံး၍ အားထုတ်ပါသော်လည်း
အဘယ်နတ်သိကြားမှ ငါ့ဆီမလာပါ။”
“ဇမ္ဗူက...သင်သည် လောက၌ မိုက်မဲတွေဝေ
အသိဉာဏ်မရှိသော လူအပေါင်းကို လှည့်ပတ်၍ရသဖြင့်
ငါ့အား လှည့်ပတ်ရန် သင်အလိုရှိ၏။ သင်သည်
(၅၅)နှစ်တို့ပတ်လုံး မစင်ကိုစား၍
မြေကြီး၌အိပ်ပြီး
အဝတ်မစည်း အချည်းနှီး နေထိုင်လှည့်လည်ရသည်
မဟုတ်လော။ ထန်းစေ့ညှပ်ဖြင့် ဆံတို့ကို နုတ်သည်
မဟုတ်ပါလော။ သို့ပါလျက် ငါသည် လေကိုစား၏။
တစ်ခုသောခြေဖြင့်သာ ရပ်တည်၏။
ထိုင်ခြင်း၊ အိပ်ခြင်းမရှိ ဟု ပြောဆို၏။
“ဇမ္ဗူက...သင်သည် ရှေးရှေးဘဝ၌ ယုတ်မာသော
အယူကိုမှီ၍ ဤမျှလောက်သော ကာလပတ်လုံး
မစင်ပုပ်ကိုစားလျက် မြေကြီးပေါ်၌ အိပ်ပြီး
အချည်းနှီးလှည့်လည်၍ ထန်းစေ့ညှပ်ဖြင့် ဆံပင်ကို
နုတ်ခြင်းသို့ ရောက်ခဲ့ရ၏။
ယခုအခါ၌လည်း ယုတ်မာသောအယူကို ယူပြန်၏”
ဇမ္ဗူကသည် ထိုစကားကိုကြား၍ ရှေးကပြုခဲ့ဖူးသော မကောင်းမှုကို မေးမြန်းသည်။ ဘုရားရှင်က
အတိတ်ဆောင်၍ ဟောကြားပြသသည်။
တရားတော်ကိုနာရ၍ ဇမ္ဗူကသည် ထိတ်လန့်တုန်လှုပ်ခြင်း၊ ရှက်ခြင်းကြောက်ခြင်း သံဝေဂများ
ဖြစ်ပွားလာလေသည်။
ထို့နောက် ဘုရားရှင်ပေးသော ရေသနုပ်ကိုဝတ်ဆင်ပြီး
တရားကို ဆက်လက်နာကြားခဲ့ရာ
ပဋိသမ္ဘိဒါဉာဏ်နှင့်တကွ အရဟတ္တဖိုလ်သို့
ဆိုက်ရောက်လေသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အတိတ်မကောင်းမှုကံ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကဿပဘုရားရှင်လက်ထက်တွင် ဖြစ်သည်။ ရွာတစ်ရွာ၌ သူဌေးတစ်ဦးသည် မထေရ်တစ်ပါးကို ကျောင်းတစ်ဆောင်ဆောက်လုပ်လှူဒါန်းပြီး ပစ္စည်း
လေးပါးဖြင့်လည်း ထောက်ပံ့လှူဒါန်းထားသည်။ မထေရ်သည် သူဋ္ဌေးအိမ်သို့ နေ့စဉ် ဆွမ်းစားကြွရသည်။
တစ်နေ့တွင် ရဟန္တာတစ်ပါးသည် သူကြွယ်ကျောင်း
ဒါယကာအိမ်သို့ ဆွမ်းခံရောက်ရှိလာသည်။
ဒါယကာသည် အာဂန္တုကရဟန်းကို ကြည်ညိုလှသဖြင့်
ဆွမ်းသင်္ကန်းသာမက၊ အဝတ်သင်္ကန်းကိုပါ
ပေးလှူလေသည်။
ထို့ပြင် မိမိလှူဒါန်းသောကျောင်း၌ တည်းခိုစေ၍ မထေရ်အတွက် ဆံရိတ်ရန် ဆတ္တာသည်များကို စေခိုင်းသည်။ ခုတင်ညောင်စောင်းများကိုလည်း လှူဒါန်းသည်။
နောက်နေ့မှစ၍ ကျောင်းနေရဟန်းနှင့်အတူ မိမိအိမ်သို့
ဆွမ်းစားကြွရောက်ရန် ဖိတ်ကြားခဲ့လေသည်။
ကျောင်းဒါယကာ၏ အာဂန္တုရဟန်းအပေါ်၌
ကြည်ညိုလေးစားမှု၊ လှူဒါန်းပူဇော်မှုကို
မြင်တွေ့ရသော ကျောင်းနေရဟန်းသည်-
❖-မိမိကို လှူဒါန်းနေသော ဒါယကာ သူတစ်ပါးကို
မကြည်ညိုစေလိုသော “ကုလမစ္ဆရိယ”။
❖-မိမိကို လှူဒါန်းသော လာဘ်လာဘ သူတစ်ပါးအား
မလှူဒါန်းစေလိုသော “လာဘမစ္ဆရိယ”။
တို့၏ လွှမ်းမိုးနှိပ်စက်ခြင်းကို ခံရသဖြင့်
အာဂန္တုကရဟန်း အပေါ်၌ မကြည်ဖြူနိုင်အောင် ဖြစ်ရလေသည်။
ထို့ကြောင့် ညချမ်းသောအခါဝယ် ထိုအာဂန္တုက မထေရ်ထံသို့သွား၍-
❖ငါ့ရှင် သင်သည် ငါ့ဒါယကာသူကြွယ်အိမ်၌ ဆွမ်းကို စားရခြင်းထက် သင်အား မစင်ပုပ်ကို စားရခြင်းက မြတ်သေး၏၊
❖သူကြွယ်ခေါ်ခဲ့သောဆတ္တာသည်ဖြင့် ဆံကို ချခြင်းထက်
ထန်းစေ့ညှပ်ဖြင့် ဆံပင်ကိုနုတ်ခြင်းက ပိုမြတ်သေး၏။
❖သူကြွယ်ပေးသော အဝတ်ကို ဝတ်ခြင်းထက် သင်အဝတ်မစည်း အချည်းနှီးနေရခြင်းက မြတ်သေး၏။
❖သူကြွယ်ဆောင်ခဲ့သော ညောင်စောင်း၌
အိပ်ခြင်းထက် သင်အား မြေပြင်၌ အိပ်ခြင်းက
မြတ်သေး၏။
ဟု လေးပါးသောအခြင်းအရာတို့ဖြင့် ပြင်းထန်စွာ ဆဲရေးလေ၏။
မိုးသောက်အရုဏ်တက်သောအခါ ဆွမ်းဒါယကာအိမ်သို့ ဆွမ်းဘုဉ်းပေးရန် ကြွသောအခါ၌လည်း မထေရ်နိုးမည်စိုး၍ အုန်းမောင်းကို လက်သန်းဖြင့်
ကုတ်ခြစ်ခဲ့သည်။ ထို့နောက် အာဂန္တုရဟန်းကို မခေါ်ဘဲကျောင်းဒါယကာ သူကြွယ်အိမ်သို့ ဆွမ်းစားကြွလေသည်။ ကျောင်းဒါယကာက အာဂန္တုကရဟန်းမပါခဲ့ဘူးလားဟု မေးသောအခါ-
“သင်ကြည်ညိုသောရဟန်းသည် သင်လှူဒါန်းသော ဆွမ်းကိုဘုဉ်းပေးပြီး အလွန်အအိပ်မက်သည်။
ငါဝေယျာဝစ္စအလှူပြီး၍ ကြေးမောင်းခေါက်၍ အသံပေးနှိုးသည်ကိုပင် မကြား အိပ်ပျော်လျက် နေခဲ့၏။” ဟု လိမ်ညာပြောဆိုလေသည်။
ကျောင်းဒါယကာသည် ပညာရှိ၍ ကျောင်းနေရဟန်း စကားကို မယုံကြည်ပေ။ သို့တွက် အာဂန္တုရဟန်းအတွက်
မွန်မြတ်သောဘောဇဉ်ကို စီစဉ်ပေးပြီး ကျောင်းနေရဟန်း၏
သပိတ်ထဲသို့ ထည့်ပေးပြီး အာဂန္တုကရဟန်းကို လှူပေးရန် လျှောက်ထားပြီး လှူလိုက်သည်။
“ဤမွန်မြတ်သောဘောဇဉ်ကို စားသုံးနေရလျှင် ဤရဟန်းသည် ငါ့ကျောင်းမှာ တွယ်ကပ်နေလိမ့်မည်”
ဟူသော အတွေးဝင်ကာ အာဝါသမစ္ဆရိယ လွှမ်းမိုးနှိပ်စက်သည် ဖြစ်၍ ဘောဇဉ်များကိုလမ်းတွင် စွန့်ပစ်ခဲ့လေသည်။
ကျောင်းနေရဟန်းသည် ဝန်တိုမစ္ဆရိယတရား များနေ၍
အာဂန္တုကရဟန်း ရဟန္တာဖြစ်သည်ကို မသိပေ။
❖ကျောင်းနေရဟန်းသည် ဤမျှသောမကောင်းမှုကို
ပြုခဲ့သဖြင့် အနှစ်နှစ်သောင်း ကာလပတ်လုံး
အားထုတ်ခဲ့သော ရဟန်းတရားက ဆီးဆို့
ပိတ်ပင်ခြင်းမတတ်နိုင်ဘဲ သေပြီးနောက်
“အဝီစိငရဲ”၌ ကျရောက်ခဲ့ရသည်။
❖ဤကဿပ၊
ဂေါတမဘုရားနှစ်ဆူကာလကြားဝယ်
ဆင်းရဲအမျိုးမျိုး ခံစားခဲ့ရသည်။
❖ယခုပစ္ဆိမဘဝဝယ် (၅၅)နှစ်ကာလပတ်လုံး မစင်စားရခြင်း၊ မြေ၌အိပ်ရခြင်း၊ အဝတ်မဝတ်ရခြင်း၊
ထန်းစေ့ညှပ်ဖြင့် ဆံနုတ်ခံရခြင်းတို့ကို ခံစားရလေသည်။
မစ္ဆရိယတရားတို့ လောင်မြိုက်ပွားပြီး ဝစီကံဖြင့် ရဟန္တာကိုစော်ကားခဲ့သော ဇမ္ဗူက၏ ဝဋ်လိုက်ခံရမှုသည် ထိတ်လန့်ဖွယ်၊
ကြောက်လန့်ဖွယ်ပင် ဖြစ်ပါတော့သည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီ-အေ)】
Posted by►
Young Buddhist Association
https://m.facebook.com/story.php?story_fbid=539057043429590&id=100019758974320
________________________________________________
<Zawgyi>
“ဇမ္ဗူကမထေရ်၏ ဝဋ်ကြွေး”
ဇမ္ဗူကသူငယ်သည် ရာဇဂြိုဟ်မြို့၌
ချမ်းသာကြွယ်ဝသောအမျိုးမှ
မွေးဖွားခဲ့သူဖြစ်သည်။
ထိုသူငယ်သည် လမ်းလျှောက်တတ်သော
အရွယ်မှစ၍
အိပ်ရာနေရာတို့၌ မအိပ်၊ မြေ၌ အိပ်သည်။
ထမင်းစသောအစာကို မစား၊ မိမိကိုယ်မှ ထွက်သော
မစင်ကိုသာ စားလေ့ရှိသည်။
အရွယ် အတော်ကြီးလာသော်လည်း အဝတ်ပုဆိုးတို့ကို မဝတ်။မိမိမစင်ကိုသာ စား၍ မြေကြီး၌သာ အိပ်သည်။
အချိန်ကြာလာသောအခါ မိဘတို့သည် မိမိတို့၏ အမျိုးအနွယ်၌ ဤသို့ ယုတ်ညံ့သော သားရှိသည်ကို သူတကာသိမှာ ရှက်သဖြင့်၊သူငယ်ကို အဝတ်မဝတ်သော
အစေလက
အာဇီဝကတို့ထံ ပို့၍ ရဟန်းပြုစေသည်။
ရဟန်းပြုခြင်းကိစ္စပြီးနောက် မိဘတို့သည်
အာဇီဝကတို့ကို မိမိတို့သားနှင့်အတူ အိမ်သို့ ဆွမ်းဘုဉ်းပေးကြွရန် ပင့်ဖိတ်၍
ပြန်ခဲ့ကြသည်။
နောက်ရက်များတွင် ဆွမ်းကိစ္စအတွက်
ရွာတွင်းသို့
သွားရန် ဇမ္ဗူကကို အစေလကတို့က
ခေါ်ဆောင်ကြသည်။
“အသင်တို့သာ သွားကြကုန်လော့။
ငါသည် ဤနေရာ၌သာ နေခဲ့ပါအံ့”
ဟု ပြောဆိုကာ ကျောင်းတွင်နေခဲ့ပြီး ကျောင်းတွင် မည်သူမျှ မရှိသောအခါ မစင်တွင်းသို့ဆင်းကာ မစင်ကို
လက်နှစ်ဘက်ဖြင့်ယူ၍ အားရပါးရ စားသောက်လေသည်။
အစေလကတို့က ရွာတွင်းမှနေ၍ ပို့လိုက်သောဆွမ်းကို လုံးဝ မစားပေ။
ဇမ္ဗူကသည် နောက်ရက်များတွင် ဆွမ်းခံရန်ခေါ်သော်လည်း
မလိုက်ဘဲ မိမိအတွက် စားသောက်ဖွယ်သည် ဤကျောင်းမှာပင် ရှိသည်ဟု ပြောဆိုခဲ့သည်။
သို့အတွက် အစေလကတို့သည် ဇမ္ဗူကအပေါ်၌ သံသယဝင်ကြကာ အကြောင်းစုံသိရန် အစောင့်ချ၍
ချောင်းမြောင်းကြည့်စေသည်။
ဇမ္ဗူကသည် ထုံးစံအတိုင်း အစေလကတို့ ဆွမ်းခံသွား၍
ကျောင်း၌ မည်သူမျှ မရှိသည့်အချိန်တွင် မစင်တွင်းသို့ဆင်း၍ မစင်များကို စားသည်။
စောင့်ကြည့်နေကြသော အစေလကတို့သည် ဇမ္ဗူက၏
အံ့သြစက်ဆုပ်ဖွယ် မယုံကြည်နိုင်လောက်သော အပြုအမူများကို ဒိဋ္ဌိတွေ့မြင်သွားကြပြီး-
“ဇမ္ဗူက၏ ဤစက်ဆုပ်ဖွယ်ကောင်းသောအမှုကို
ဂေါတမ၏တပည့်များ သိရှိသွားပါက အာဇီဝကတို့သည်
မစင်ပုပ်ကိုစား၍ လှည့်လည်နေကြသည် ဟု မကောင်းသော သတင်းကို လွှတ်ထုတ်
ပြောကြားကုန်ရာ၏။ဤသူသည် ငါတို့နှင့် မသင့်လျော်။”
ဟု အညီအညွတ် ပြောဆိုတိုင်ပင်ကြပြီးလျှင် ဇမ္ဗူကကို
ကျောင်းမှ နှင်ထုတ်လိုက်ကြလေသည်။
ဇမ္ဗူကသည် အာဇီဝကတို့၏ ကျောင်းမှ
ထွက်ခွာလာပြီးနောက် ရာဇဂြိုဟ်မြို့အနီး လူအများ
ကျင်ကြီးကျင်ငယ်စွန့်ရာအရပ်၌ ဖြန့်ခင်းထားသော
ကျောက်ဖျာ၏ အစွန်းအဖျား၌ နေထိုင်ပြီးလျှင်
ညအခါ မစင်ပုပ်ကို စားသည်။
နေ့အချိန် လူတို့ လာသောအခါ၌ကား
လက်တစ်ဘက်ဖြင့်
ကျောက်ဖျာစွန်းကိုထောက်၍ ခြေတစ်ဘက်ကို
မြှောက်ပြီး ဒူးဖြင့်ထောက်လျက် လေလာရာဘက်သို့
မျက်နှာကိုလှည့်ကာ ခံတွင်းကိုဖွင့်၍ နေလေသည်။
လောကသဘာဝတွင် လူအများသည် သူတစ်ပါးမလုပ်သောအလုပ်ကို လုပ်သောသူကို ထူးဆန်းသည်။
မြင့်မြတ်သည်ဟု ထင်ကြသည်။
ပုဂ္ဂိုလ်ထူး၊ တရားထူးပိုင်ရှင်ဟု ထင်မြင်ကြသည်။
ဉာဏ်မရှိသူတို့သည် ထူးဆန်းမှုကိုမြင်လျှင်
မှားသည်၊ မှန်သည် ဉာဏ်မမီဘဲ ဆည်းကပ်
ကိုးကွယ်တတ်သော အလေ့ရှိကြသည်။
ဇမ္ဗူကသည် မိမိ မစင်ပုပ်စားသည့် မကောင်းဆိုး
ညစ်သောအကျင့်ကို ဖုံးကွယ်ရန်အတွက် သူတစ်ပါးတို့နှင့်
မတူသော နေထိုင်နည်းဖြင့် နေလေ့ရှိသည်။
အစာအာဟာရ မစားဘဲ “လေ”ကိုသာ
စားသုံးသူဖြစ်ကြောင်း လိမ်ညာပြောဆိုခဲ့သည်။
ထိုသို့နေထိုင်ခြင်းအကြောင်းကို လူအပေါင်းက
မေးသောအခါ-
“မိမိသည် မြတ်သော-ပြင်းထန်သော အကျင့်မြတ်ရှိသူဖြစ်သည်။ခြေနှစ်ဖက်လုံး ထောက်လိုက်ပါက
ကမ္ဘာမြေကြီး တုန်လှုပ်သွားကြောင်း။သို့အတွက်
ဤကဲ့သို့ နေ့ညဉ့်တို့ပတ်လုံးနေထိုင်ကြောင်း။
ထိုင်ခြင်း၊ အိပ်ခြင်း အလျှင်းမရှိကြောင်း
ပြောကြားသည်။
လူတို့၏သဘောသည် သတင်းစကားကို
ယုံကြည်တတ်သော အလေ့ရှိသည့်အားလျော်စွာ
ဇမ္ဗူက၏ ဂုဏ်သတင်းသည် တစ်ဦးမှတစ်ဦး၊
တစ်ရွာမှတစ်ရွာ၊ တစ်မြို့မှတစ်မြို့၊
တစ်နယ်မှ တစ်နယ် ပျံ့နှံ့သွားခဲ့ရာ ဘဂ္ဂတိုင်း၊
မာဂဓတိုင်း နှစ်တိုင်းရှိ လူအများသည်
အုတ်အုတ်ကျက်ကျက်ဖြစ်ကာ ဇမ္ဗူကထံ
လာရောက်ကာ ကိုးကွယ်ဆည်းကပ်ကြသည်။ အံ့သြချီးမွမ်းလျက်
လှူဖွယ်များယူလာကြပြီး
ပူဇော်ကြသည်။
ဇမ္ဗူကသည် အခြားသော အစာအာဟာရကို
စားလျှင် မိမိအကျင့်ပျက်လတ္တံ့ ဟုဆိုကာ
လူတို့ဆောင်ယူလာသော အစာအာဟာရများကို
ငြင်းပယ်လေသည်။
လူတို့၏သဘာဝကား မယူလျှင် လှူချင်သည်။
မစားလျှင် ကျွေးချင်သည်။ ယခုလည်း ဇမ္ဗူက
မိမိကို လှူဒါန်းသော စားဖွယ်ကို ငြင်းသောအခါ-
“အရှင်ကဲ့သို့ အကျင့်ရှိသောပုဂ္ဂိုလ်သည်
သုံးဆောင်ခြင်းကို ပြုသည်ရှိသော် ကျွန်ုပ်တို့မှာ
ရှည်စွာသောကာလပတ်လုံး အကျိုးစီးပွားချမ်းသာခြင်း
ဖြစ်ပါမည်။”
ဟု ပြောဆိုကာ ထပ်ကာထပ်ကာ တောင်းပန်ကြသည်။
ဇမ္ဗူကသည် မစင်မှတစ်ပါး အခြားအစာကို
မနှစ်သက်သော်လည်း လူအပေါင်းက အတင်း
တိုက်တွန်းသဖြင့် လူတို့ယူလာသော ထောပတ်၊ တင်လဲ စသည်တို့ကို သမန်းမြတ်ဖျားဖြင့်ယူ၍
လျှာပေါ်တင်ပြီးလျှင်-
“သွားကြကုန်လော့။ဤမျှဖြင့် သင်တို့ကား အကျိုး
စီးပွားများလောက်ပေ၏” ဟု ပြောဆိုပြန်လွှတ်လေသည်။
ဤနည်းဖြင့် ဇမ္ဗူကသည် (၅၅)နှစ်တို့ကာလပတ်လုံး
အဝတ်မဝတ်ဘဲ မစင်စားလျက် မြေပေါ်၌အိပ်ကာ
အချိန်ကို ကုန်လွန်စေခဲ့သည်။
ဘုရားရှင်တို့မည်သည် နေ့စဉ် မိုးသောက်ယံအချိန်၌
ကျွတ်ထိုက်သော လူအပေါင်းကို သဗ္ဗညုတ
ဉာဏ်တော်ဖြင့် ကြည့်ရှုမြဲဖြစ်သည်။
ထိုနေ့တွင် ဇမ္ဗူက၏ ပဋိသမ္ဘိဒါဉာဏ်နှင့်အတူတကွ အရဟတ္တဖိုလ်ရောက်ကြောင်းကို လည်းကောင်း၊
ဇမ္ဗူကကို အကြောင်းပြု၍ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ အကျွတ်တရားရမည်ကို လည်းကောင်း၊
မြင်တော်မူသည်။
သို့အတွက် ဘုရားရှင်သည် ညနေချမ်းအချိန်တွင် ဇမ္ဗူက ရှိရာသို့ ကြွသွားတော်မူသည်။
ဇမ္ဗူကနေထိုင်ရာသို့ ရောက်သောအခါ ဘုရားရှင်က
“ဇမ္ဗူက” ဟုခေါ်၍ တစ်ညဉ့်မျှ တည်းခို
နေထိုင်ခွင့်တောင်းသည်။ ဇမ္ဗူက-ကမိမိအကြောင်းကို
သိမည်စိုးသောကြောင့် တည်းခိုရန် နေရာမရှိဟု
ငြင်းဆိုလေသည်။
ဘုရားရှင်ကြွလာသောအခါ ဇမ္ဗူက နေရာ
ကျောက်ဖျာပြင်သည် မသန့်ရှင်းမစင်ကြယ်ရကား
နတ်များက ရှေးဦးစွာ မိုးကြီးရွာစေပြီးနောက်
အနံ့အသက်ပိုကောင်းစေရန် ပန်းမိုးပါ
ရွာသွန်းဖျန်းထားသည်။
“ဇမ္ဗူက...ဤသို့မလုပ်ပါလင့်။ရဟန်းများသည် ရဟန်းများကို၊ လူများသည် လူများကို၊
သားကောင်များသည် သားကောင်များကို
မျှော်လင့်တောင့်တမြဲဖြစ်သည်။” ဟု
ဘုရားရှင်က မိန့်ကြားသည်။
“သင် ရဟန်းလား”
“ဟုတ်ပါ၏။”
“သင် ရဟန်းသူမြတ်ဖြစ်လျှင်
အဘယ့်ကြောင့်
ရေဘူး၊ မီးမွှေးယောက်မ၊
ယာဇ်ပူဇော်သောကြိုးများ
မပါပါသလဲ”
“ထိုပစ္စည်းများ ငါ့မှာရှိသည်။ယူဆောင်သွားလာရသည်မှာ
တာဝန်ကြီးလေးလှသောကြောင့် ကိုယ်တွင်းဖြစ်သာ ယူဆောင်လှည့်လည်ပါသည်”
“ရဟန်းဖြစ်လျက် ဤပစ္စည်းများ မယူဘဲ
လှည့်လည်ရသလား” ဇမ္ဗူကက ဒေါသဖြင့်
ပြောဆိုသည်။
ဘုရားရှင်က ဇမ္ဗူကကို စိတ်မဆိုးရန်တောင်းပန်ပြီး ဇမ္ဗူကနှင့် မနီးမဝေး တောင်စွန်းအစွန်း၌ သီတင်းသုံးနေသည်။
ထိုည၌ မြတ်စွာဘုရားထံသို့ ပထမယံ၌ နတ်မင်းကြီးလေးပါးတို့သည်လည်းကောင်း၊
မဇ္ဈိမယံ၌ သိကြားမင်းသည်လည်းကောင်း၊
ပစ္ဆိမယာမ်၌ မဟာဗြဟ္မာကြီးသည်လည်းကောင်း၊အလုံးစုံသောတောအုပ်ကို အရောင်အလင်း တောက်ပစေလျက် လာရောက်ခစားပြီး တရားနာကြလေသည်။
ဇမ္ဗူကသည် တစ်ညလုံး ထူးဆန်းအံ့သြဖွယ်ကောင်းသော
အရောင်အလင်းများနှင့်ပုဂ္ဂိုလ်များ ဘုရားထံ ချဉ်းကပ်လာသည်ကိုမြင်၍ စူးစမ်းသောအားဖြင့်
ထိုအကြောင်းကို မေးလျှောက်လေသည်။
ဘုရားရှင်က နတ်မင်းကြီးလေးပါး၊ သိကြားမင်း၊
ဗြဟ္မာမင်းတို့ လာရောက် တရားနာကြောင်း မိန့်ကြားသည်။
“ယင်းတို့ထက် သင်ရဟန်းကြီးက သာလွန်သော နတ်မင်းစစ်ဖြစ်သည်။သိကြားမင်းသည် ငါ့အားအလုပ်အကျွေးပြုသော ကပ္ပိယအဆင့်မျှသာရှိသည်။
ငါသည် ဗြဟ္မာတို့ထက် သာလွန်သူဖြစ်သည်။”
“ရဟန်းကြီး...သင်သည် အလွန် ချီးမွမ်း
အံ့သြဖွယ်ရှိပေစွ။ (၅၅)နှစ်ကာလပတ်လုံး
ဤအရပ်၌နေသောငါ့အား စတုမဟာရာဇ်နတ်မင်း၊
သိကြားမင်း၊ ဗြဟ္မာမင်းတို့တွင် တစ်စုံတစ်ယောက်မျှ
သော်လည်း ခစားဆည်းကပ်ခြင်းငှာ လာဖူးသည် မရှိပါ။
ငါသည် လေကိုစားသုံး၍ အားထုတ်ပါသော်လည်း
အဘယ်နတ်သိကြားမှ ငါ့ဆီမလာပါ။”
“ဇမ္ဗူက...သင်သည် လောက၌ မိုက်မဲတွေဝေ
အသိဉာဏ်မရှိသော လူအပေါင်းကို လှည့်ပတ်၍ရသဖြင့်
ငါ့အား လှည့်ပတ်ရန် သင်အလိုရှိ၏။ သင်သည်
(၅၅)နှစ်တို့ပတ်လုံး မစင်ကိုစား၍
မြေကြီး၌အိပ်ပြီး
အဝတ်မစည်း အချည်းနှီး နေထိုင်လှည့်လည်ရသည်
မဟုတ်လော။ ထန်းစေ့ညှပ်ဖြင့် ဆံတို့ကို နုတ်သည်
မဟုတ်ပါလော။ သို့ပါလျက် ငါသည် လေကိုစား၏။
တစ်ခုသောခြေဖြင့်သာ ရပ်တည်၏။
ထိုင်ခြင်း၊ အိပ်ခြင်းမရှိ ဟု ပြောဆို၏။
“ဇမ္ဗူက...သင်သည် ရှေးရှေးဘဝ၌ ယုတ်မာသော
အယူကိုမှီ၍ ဤမျှလောက်သော ကာလပတ်လုံး
မစင်ပုပ်ကိုစားလျက် မြေကြီးပေါ်၌ အိပ်ပြီး
အချည်းနှီးလှည့်လည်၍ ထန်းစေ့ညှပ်ဖြင့် ဆံပင်ကို
နုတ်ခြင်းသို့ ရောက်ခဲ့ရ၏။
ယခုအခါ၌လည်း ယုတ်မာသောအယူကို ယူပြန်၏”
ဇမ္ဗူကသည် ထိုစကားကိုကြား၍ ရှေးကပြုခဲ့ဖူးသော မကောင်းမှုကို မေးမြန်းသည်။ ဘုရားရှင်က
အတိတ်ဆောင်၍ ဟောကြားပြသသည်။
တရားတော်ကိုနာရ၍ ဇမ္ဗူကသည် ထိတ်လန့်တုန်လှုပ်ခြင်း၊ ရှက်ခြင်းကြောက်ခြင်း သံဝေဂများ
ဖြစ်ပွားလာလေသည်။
ထို့နောက် ဘုရားရှင်ပေးသော ရေသနုပ်ကိုဝတ်ဆင်ပြီး
တရားကို ဆက်လက်နာကြားခဲ့ရာ
ပဋိသမ္ဘိဒါဉာဏ်နှင့်တကွ အရဟတ္တဖိုလ်သို့
ဆိုက်ရောက်လေသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အတိတ်မကောင်းမှုကံ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကဿပဘုရားရှင်လက်ထက်တွင် ဖြစ်သည်။ ရွာတစ်ရွာ၌ သူဌေးတစ်ဦးသည် မထေရ်တစ်ပါးကို ကျောင်းတစ်ဆောင်ဆောက်လုပ်လှူဒါန်းပြီး ပစ္စည်း
လေးပါးဖြင့်လည်း ထောက်ပံ့လှူဒါန်းထားသည်။ မထေရ်သည်
Comments
Post a Comment