သဗ္ဗညုမြတ်စွာဘုရားနှင့် ပစ္စေကဗုဒ္ဓါတို့၏ တူပုံနှင့် ခြားနားပုံများ
သဗ္ဗညုမြတ်စွာဘုရားနှင့် ပစ္စေကဗုဒ္ဓါတို့၏ တူပုံနှင့် ခြားနားပုံများ
မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
ဘုရားနှင့် ပစ္စေကဗုဒ္ဓါတို့၏ တူပုံနှင့် ခြားနားပုံများကို အသေးစိတ်လေးများ သိရှိခွင့်ရရင် သိရှိလိုပါသည်။
ဘုရား၊ ပစ္စေကဗုဒ္ဓါတို့ရဲ့ ခြားနားချက်ကို မပြော ခင် 'ဗောဓိနဲ့၊ ဗောဓိသတ္တ' အကြောင်းကို အရင်ပြောပြ ဖို့ လိုပါတယ်။ ဒီလို ဗောဓိအကြောင်းကို ပြောမယ်ဆိုရင် သာဝကအကြောင်းလည်း ထည့်ပြောရမှာဖြစ်လို့ မေးခွန်း ထဲမှာ မပါပေမဲ့ ဒီနေရာမှာ သာဝကအကြောင်းကိုပါ ထည့်သွင်းပြောကြားပေးမှာ ဖြစ်ပါတယ်။ ဗောဓိဆိုတာ မဂ်Óာဏ်၊ ဖိုလ်Óာဏ်၊ သဗ္ဗညုတÓာဏ်တော်တွေကို ပြောတာဖြစ်ပြီး ဒီÓာဏ်တော်တွေကို ရဖို့ကြိုးစားကာ ပါရမီဖြည့်ကြတဲ့ အလောင်းတော်တွေကို ဗောဓိသတ္တလို့ ဆိုတာ ဖြစ်ပါတယ်။
ဗောဓိသုံးမျိုးနဲ့ ဗောဓိသတ္တများ
ဒီဗောဓိ၊ ဗောဓိသတ္တများဟာ အမျိုးအစားအနေနဲ့ သုံးမျိုးသုံးစား ရှိပါတယ်။ အဲဒါတွေကတော့ -
၁။ သမ္မာသမ္ဗောဓိ
၂။ ပစ္စေကဗောဓိ
၃။ သာဝကဗောဓိ ဆိုတဲ့ ဗောဓိသုံးမျိုးနဲ့ ဒီဗောဓိ Óာဏ်ကို ရရှိဖို့ ပါရမီဖြည့်ကျင့်ကြတဲ့ ဗောဓိသတ္တများ ဟာလည်း သမ္မာသမ္ဗောဓိသတ္တ၊ ပစ္စေကဗောဓိသတ္တ၊ သာဝကဗောဓိသတ္တဆိုပြီး သုံးမျိုးသုံးစား ကွဲပြားကြ ပါတယ်။
ပါရမီဖြည့်ကျင့်တယ်ဆိုတာ ဒါန၊ သီလ၊ နေက္ခမ၊ ပညာ၊ ဝီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာ ဆိုတဲ့ ပါရမီဆယ်ပါးကို ဘဝအမျိုးမျိုးမှာ၊ ပုံစံအမျိုးမျိုး နဲ့ ပြုလုပ်ဆည်းပူး ကြိုးစားအားထုတ်ခြင်းကို ဆိုတာ ဖြစ်ပါတယ်။ ဒီÓာဏ်တွေကိုရဖို့ ပါရမီဖြည့်ကြတဲ့ အလောင်းတော်တွေဟာ ပါရမီပြည့်မြောက်ပြီး အဲဒီÓာဏ် အသီးသီးကို ရရှိတော်မူပြီးတဲ့အခါမှာတော့ -
၁။ သမ္မာသမ္ဗောဓိÓာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ် သူမြတ်ကို သဗ္ဗညုမြတ်စွာဘုရား (အလုံးစုံကို သိတော် မူတဲ့ဘုရား)
၂။ ပစ္စေကဗောဓိÓာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ် သူမြတ်ကို ပစ္စေကဗုဒ္ဓ (ဘုရားငယ်)
၃။ သာဝကဗောဓိÓာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ် သူမြတ်ကို (တပည့်သား အရိယာသာဝက)လို့ ဖြည့်ကျင့် ပြီး ရရှိတဲ့ ဗောဓိÓာဏ်အလိုက် အမည်အဆင့်အတန်း ကွဲပြားကြပါတယ်။
အလောင်းတော်များနဲ့ ပါရမီဖြည့်ရာကာလ
သမ္မာသမ္ဗောဓိသတ္တ (ခေါ်) သဗ္ဗညုမြတ်စွာဘုရား ဖြစ်ဖို့ ပါရမီဖြည့်ကျင့်တော်မူကြတဲ့ ဘုရားလောင်းတွေ အနေနဲ့ ပွင့်တော်မူပြီး ဘုရားတစ်ဆူဆူထံမှာ 'ဘယ် အချိန်မှာ ဧကန်မုချ ဘုရားဖြစ်လိမ့်မယ်' လို့ နိယတ ဗျာဒိတ် ရရှိတော်မူပြီးတဲ့နောက်မှာ ပညာကို အဓိက ထားကျင့်တဲ့ 'ပညာဓိက' ဘုရားလောင်းဆိုရင် လေး အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ 'သဒ္ဓါ' ကို အဓိထားကျင့် တဲ့ သဒ္ဓါဓိက ဘုရားလောင်းဆိုရင် ရှစ်အသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း၊ 'ဝီရိယ' ကို အဓိကထားကျင့်တဲ့ ဝီရိယာဓိက ဘုရားလောင်းဆိုရင် တစ်ဆယ့်ခြောက်အသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ကြာအောင် ပါရမီတော်တွေကို ဖြည့်ကျင့် တော်မူပြီး ပါရမီတော် အထွတ်အထိပ်ကို ရောက်တော် မူတဲ့ အခါမှာတော့ ဆရာမရှိဘဲ မိမိကိုယ်တိုင် ထိုးထွင်း ပြီး သစ္စာလေးပါးတရားကိုသိတဲ့မဂ်Óာဏ်၊ ဘာပဲဖြစ်ဖြစ် အလုံးစုံအကုန်လုံးကို အြ<ွကင်းမဲ့ သိမြင်တော်မူတဲ့ သဗ္ဗညုတÓာဏ်ဆိုတဲ့ သမ္မာသမ္ဗောဓိÓာဏ်တော်ကို ရရှိ တော်မူပါတယ်။ အဲဒီလို သမ္မာသမ္ဗောဓိÓာဏ်ကို ရရှိ တော်မူတဲ့ လောကသုံးပါးမှာ အတုမရှိ၊ အတူမရှိတဲ့ ပုဂ္ဂိုလ်သူမြတ်ကို 'သမ္မာသမ္ဗုဒ္ဓ' (သဗ္ဗညုမြတ်စွာဘုရား) လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။
'ပစ္စေကဗောဓိသတ္တ' ခေါ် ပစ္စေကဗုဒ္ဓါ အလောင်း အလျာတွေ အနေနဲ့ 'နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း' ကာလကြာအောင် ပါရမီတွေကို ဖြည့်ကျင့်တော်မူပြီး ပါရမီပြည့်မြောက် အထွတ်အထိပ်ကို ရောက်တဲ့အခါမှာ တော့ ဆရာမရှိဘဲ မိမိကိုယ်တိုင်ထိုးထွင်းပြီး သစ္စာ လေးပါးကိုသိတဲ့ မဂ်Óာဏ်လို့ခေါ်တဲ့ ပစ္စေက ဗောဓိÓာဏ်ကို ရရှိတော်မူပါတယ်။ အဲဒီလို ပစ္စေက ဗောဓိÓာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို ပစ္စေကဗုဒ္ဓ(ဘုရားငယ်)လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။
သာဝကဗောဓိသတ္တ ခေါ် သာဝက အလောင်း အလျာတွေ အနေနဲ့ 'အဂ္ဂသာဝကလောင်း' (အရှင် သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့လိုမျိုး) ဆိုရင် တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ မဟာသာဝကလောင်း (အရှင်ကောဏ္ဍည၊ အရှင်အာနန္ဒာ စတဲ့ ရဟန္တာမထေရ် ကြီးတွေလိုမျိုး) ဆိုရင် ကမ္ဘာတစ်သိန်း၊ ပကတိသာဝက (သာမန်အရိယာ သာဝကမျိုး) ဆိုရင် ကမ္ဘာတစ်ရာ၊ ကမ္ဘာတစ်ထောင် စတဲ့ ကာလကြာအောင် ပါရမီတွေကို ဖြည့်ကျင့်ပြီး ပါရမီပြည့်မြောက်တဲ့ အခါမှာတော့ မြတ်စွာ ဘုရားလို့ခေါ်တဲ့ ဆရာရှိမှ သစ္စာလေးပါးကိုသိတဲ့ မဂ်Óာဏ်လို့ခေါ်တဲ့ 'သာဝကဗောဓိÓာဏ်' ကို ရရှိတော် မူပါတယ်။ အဲဒီလို သာဝကဗောဓိÓာဏ်ကို ရရှိတော်မူ တဲ့ ပုဂ္ဂိုလ်သူမြတ်များကို အဆင့်အတန်းအလိုက် 'အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက' ဆိုတဲ့ အမည်အသီးသီးနဲ့ သာဝကဗုဒ္ဓလို့ခေါ်ဆိုတာ ဖြစ်ပါ တယ်။ ဒါက ဆုပန်ပြီး ပါရမီဖြည့်ကျင့်ကြတဲ့ သာဝကတွေ အတွက် ပြောတာဖြစ်ပါတယ်။ ဆုမပန်ဘဲ သာမန် ကိလေသာကုန်ခန်း ရဟန္တာဖြစ်ကာ နိဗ္ဗာန်ဝင်ဖို့အတွက် တော့ သီးသန့် သတ်မှတ်ချက်နဲ့ ပါရမီဖြည့်ကျင့်ရာကာလ အတိအကျမရှိပါဘူး။
'ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝက' တွေရဲ့ လုပ်ငန်းစဉ် အထက်မှာ ပြောခဲ့သလို ပါရမီတွေကို အသီးသီး ဖြည့်ကျင့်ပြီး သမ္မာသမ္ဗုဒ္ဓလို့ခေါ်တဲ့ သဗ္ဗညုမြတ်စွာဘုရား အဖြစ်၊ ပစ္စေကဗုဒ္ဓလို့ ခေါ်တဲ့ ပစ္စေကဗုဒ္ဓါအဖြစ်၊ တပည့် အရိယာသာဝကလို့ခေါ်တဲ့ သာဝကဗုဒ္ဓအဖြစ်ကို ရရှိ တော်မူကြတဲ့ ပုဂ္ဂိုလ်သူမြတ်များထဲမှာ သဗ္ဗညုမြတ်စွာ ဘုရားရှင်တို့ကို တာရယိတုပုဂ္ဂိုလ် (ကိုယ်တိုင်လည်း သံသရာမှ ကူးမြောက်ပြီး ဝေနေယျတို့ကိုလည်း သံသရာမှ ထုတ်ဆောင်ကယ်တင်တော်မူတဲ့ အမြတ်ဆုံး 'ပုဂ္ဂိုလ်') လို့ ခေါ်ဆိုပါတယ်၊ မှန်ပါတယ်၊ အလုံးစုံကို အြ<ွကင်း အကျန်မရှိ အကုန်အစင် သိတော်မူတဲ့ သဗ္ဗညုတÓာဏ်ကို ရရှိတော်မူတဲ့ မြတ်စွာဘုရားရှင်ဟာ သစ္စာလေးပါးတရားတော်ကို ကိုယ်တော်တိုင်လည်း ထိုးထွင်းပြီး သိတော်မူသလို ကိုယ်တော်မြတ် သိတော်မူတဲ့ အတိုင်းလည်း ကျွတ်ထိုက်တဲ့ သတ္တဝါဝေနေယျတွေကို သူတို့ရဲ့ အလိုဆန္ဒကို လိုက်ပြီး သစ္စာတရားကို သိအောင် ဟောပြော ချေချွတ်တော်မူနိုင်တဲ့အတွက် အတုမရှိ တာရယိတုပုဂ္ဂိုလ်မြတ် ဖြစ်ပါတယ်။ ဒီလို သတ္တဝါ ဝေနေယျတွေရဲ့ အလိုကို သိပြီး သစ္စာတရားကို ဟောကြားပေးနိုင်မှုဟာ သဗ္ဗညုတဘုရားရှင်တွေပဲ စွမ်းဆောင်နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အနှိုင်းမဲ့ ဗုဒ္ဓ၊ အလုံးစုံကို အကုန်အစင် သိတော်မူတဲ့ ဘုရား၊ အတုမရှိမြတ်စွာလို့ ဆိုခြင်းဖြစ်ပါတယ်။
'ပစ္စေကဗုဒ္ဓါ' တို့ကိုတော့ စာလို တရိတပုဂ္ဂိုလ် (မိမိကိုယ်တိုင်သာ သံသရာမှ ကိုယ်စွမ်းဖြင့် ကူးမြောက် နိုင်ပြီး သူတစ်ပါးတို့ကို သံသရာမှ ထုတ်ဆောင် ကယ်တင်မှု မပြုနိုင်တဲ့ ပုဂ္ဂိုလ်)လို့ ခေါ်ဆိုပါတယ်။ မှန်ပါတယ်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေဟာ သဗ္ဗညု မြတ်စွာဘုရားရှင်များ ဖြစ်ပွင့်တော်မူတဲ့ အခါကာလမျိုးမှာ ဖြစ်ပွင့်ခြင်းမရှိဘဲ ဘုရားရှင်တစ်ဆူဆူတို့ရဲ့ ကြားကာလ ဖြစ်တဲ့ သာသနာပကာလမှာပဲ ပွင့်တော်မူကြပါတယ်။ ပစ္စေက ဗုဒ္ဓါ အရှင်မြတ်တွေဟာ သဗ္ဗညုဘုရားရှင်တွေ လို သစ္စာတရားကို ကိုယ်တိုင်လည်းသိ၊ သူတစ်ပါးကို လည်း သိစေနိုင်တာမျိုး မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်သာ ဆရာမကူဘဲ သစ္စာတရားကို ထိုးထွင်းသိမြင်ပြီး သူ တစ်ပါးတွေကို သိအောင်ဟောပြနိုင်ခြင်း မရှိပါဘူး။ မဂ် ဖိုလ်နိဗ္ဗာန်ဆိုတဲ့ ပဋိဝေဓတရား အနက်သဘောကို ကိုယ်တိုင်သိမြင်ပေမဲ့ အဲဒီမဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာတရားကို နာမပညတ်တင်ကာ သူတစ်ပါး တို့ သိအောင် ဟောပြာနိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် အဋ္ဌကထာ ဆရာတွေက 'ပစ္စေကဗုဒ္ဓါ' အရှင်မြတ်တို့ရဲ့ သစ္စာလေးပါး တရားကို သိမြင်ခြင်းဆိုတဲ့ ဓမ္မာဘိသမယ ကို စကားမပြောတတ်သူ အိပ်မက်မက်ခြင်းနဲ့တူကြောင်း 'ဥပမာ'ပေး ပြောဆိုကြခြင်း ဖြစ်ပါတယ်။ ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်တွေဟာ ရဟန်းပြုချင်ကြတဲ့ သူတစ်ပါးတို့ကို ရဟန်းပြုပေးပြီး ''ဒီလိုသွား၊ ဒီလိုနေ၊ ဒီလိုထိုင်၊ ဒီလိုပြော'' စသည်ဖြင့် အာဘိသမာစရိက ကျင့်ဝတ်ကို သင်ကြားပေးတော်မူ နိုင်ပေမဲ့ 'ဒီလိုရုပ်နာမ်ကို ခွဲခြားပြီး လက္ခဏာယဉ် တင်ရမည်၊ ဒီလို ရှုမှတ်ရမည်' စသည်ဖြင့် နာကြားသူတွေကို မဂ်ဖိုလ်ရောက်လောက်အောင် တရားဓမ္မ ဟောပြော ပြသတော်မမူနိုင်ကြပါဘူး။ ဒါကြောင့် ပစ္စေက ဗုဒ္ဓအရှင်သူမြတ်တွေကို ကိုယ်တိုင်သာ သိပြီး သူတစ်ပါးကို သိစေတော်မမူနိုင်တဲ့ အငယ်စား ဘုရား၊ ဘုရားငယ် လို့ ခေါ်ဆိုတော်မူခြင်း ဖြစ်ပါတယ်။
သာဝကဗုဒ္ဓဖြစ်တော်မူကြတဲ့ တပည့်သား 'အရိယာ သာဝက' တွေကို တာရိတပုဂ္ဂိုလ်(အထုတ် အဆယ် အကယ်အတင်ခံပုဂ္ဂိုလ်) လို့ ခေါ်ပါတယ်။ ဒီနေရာမှာ သာဝကဗုဒ္ဓလို့ သုံးလိုက်တဲ့အတွက် ဗုဒ္ဓဆို တဲ့ စကားလုံးကို မြတ်စွာဘုရားရှင်လိုမျိုး ဘုရားလို့ အဓိပ္ပာယ် အမှတ်မလွဲဖို့ လိုပါတယ်။ ဒီမှာပြောတဲ့ ဗုဒ္ဓ ဆိုတာ သစ္စာတရားကို သိမြင်ခြင်းဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးတဲ့စကားလုံးဖြစ်ပြီး တပည့်သာဝကအနေနဲ့ သစ္စာ တရားကိုသိခြင်းလို့ ဆိုလိုတာ ဖြစ်ပါတယ်။ အချို့က အရှင်သာရိပုတ္တရာလောင်း ဥပတိဿပရိဗိုဇ်ဟာ အရှင် အဿဇိမထေရ်ထံမှ တရားတော်ကို နာယူပြီး သောတာပတ္တိမဂ်ဖိုလ်၌ တည်တော်မူတဲ့ အချက်ကို ထောက်ပြီး တပည့်သား ပရိယာသာဝကတို့ကို ကိုယ်တိုင် လည်း အကယ်တင်ခံ၍ သူတစ်ပါးတို့ကိုလည်း ကယ်တင် တော်မူတတ်တဲ့ (တာရယိတု)ပုဂ္ဂိုလ်လို့ ထင်မှတ်တတ်ပါ တယ်။ တကယ်တော့ တပည့်သား အရိယာ သာဝကတို့ ဟောကြားကြတဲ့ တရားများဟာ မြတ်စွာဘုရားရှင်ထံမှ စတင် ဖြစ်ပေါ်တော်မူခဲ့တဲ့အပြင် ဘုရားရှင်၏ လမ်းညွှန် မပါဘဲ ကိုယ်တိုင်သီးခြား နည်းတစ်ပါးနဲ့ ဟောကြားခြင်း မဟုတ်တဲ့အတွက် တပည့်သား အရိယာ သာဝကတွေကို တာရယိတုပုဂ္ဂိုလ်လို့ မခေါ်နိုင်ပါဘူး။ ဒါကြောင့် တပည့် သာဝက အရိယာတွေကို ဆရာမရှိဘဲ သစ္စာလေးပါးကို မသိနိုင်ဘဲ ဆရာအကူအညီ ရမှသာ သစ္စာလေးပါးကို ဟောကြားနိုင်၊ မဂ်Óာဏ်ဖိုလ်Óာဏ်တို့ကို ရနိုင်တဲ့အတွက် တာရိတပုဂ္ဂိုလ်လို့ပဲ ခေါ်ဆိုနိုင်တာ ဖြစ်ပါတယ်။ ဒီလောက် ဆိုရင်တော့ လူတော်တော်များများ မရှင်းဘဲဖြစ်နေကြတဲ့ 'ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝက' တို့ရဲ့ ခြားနားချက်တွေကို အထိုက်အလျောက် နားလည်သဘောပေါက်နိုင်မယ်လို့ ထင်ပါတယ်။
မေးခွန်းရှင် မေးထားသလို ဘုရားနဲ့ ပစ္စေကဗုဒ္ဓ တို့ရဲ့ တူညီချက်, ခြားနားချက်ကိုပဲ သီးသန့်ထုတ် ပြောပါဆိုရင်တော့ ဘုရားနဲ့ ပစ္စေကဗုဒ္ဓတွေဟာ ဖြည့်ကျင့် တော်မူကြတဲ့ ပါရမီ အရေအတွက်၊ ဖြည့်ကျင့်ပုံ တူညီ ခြင်း၊ သစ္စာလေးပါး တရားတော်ကို ဆရာမကူဘဲ ကိုယ်တော်တိုင် ထိုးထွင်း၍ သိမြင်တော်မူခြင်းဆိုတဲ့ အချက်တွေလောက်တော့ တူညီတယ်လို့ ပြောလို့ရနိုင်ပြီး၊ မတူညီတဲ့အချက်တွေဆိုရင်တော့ ပါရမီဖြည့်ကျင့်တဲ့ ကာလမတူညီခြင်း၊ သစ္စာလေးပါးကို သူတစ်ပါးသိအောင် ဟောပြောနိုင်မှု မတူညီခြင်း၊ ရရှိတော်မူတဲ့ Óာဏ်တော် မတူခြင်း၊ ပွင့်တော်မူတဲ့ အချိန်ကာလ မတူညီခြင်းစတဲ့ အချက်တွေပဲလို့ အကြမ်းဖျင်း နားလည်ထားရင်လည်း လုံလောက်မယ် ထင်ပါတယ်။
မိမိတို့အနေနဲ့ကတော့ ပါရမီဖြည့်ပြီး ပါရမီအစဉ် အတိုင်းပဲ နိဗ္ဗာန်သွားမှာလား၊ ဒါမှမဟုတ် သံသရာ တစ်လျှောက်မှာ ဖြည့်ခဲ့ဖူးတဲ့ မမြင်နိုင်တဲ့ ပါရမီအားကိုး ကိုယူပြီး ဒီဘဝမှာပဲ ဘာဝနာအလုပ် အားထုတ်ရင်း ကိလေသာကင်းရာ နိဗ္ဗာန်ကို ယူကြမှာလားဆိုတာကို တော့ ကိုယ်ပိုင်ရွေးချယ်မှုနဲ့ကိုယ်တိုင်ပဲ အားထုတ်ကြည့် ကြဖို့ပဲ ဖြစ်ပါကြောင်း အကြံပြုလိုက်ရပါတယ်။
ကျမ်းကိုး = မဟာဗုဒ္ဓဝင်(ပထမတွဲ၊ ပထမပိုင်း) မင်းကွန်းတိပိဋက ဆရာတော်
မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
Comments
Post a Comment