သရဏဂုံသုံးပါး ပုတီးစိပ်နည်း
"သရဏဂုံသုံးပါး ပုတီးစိပ်နည်း " ______________________________ ဤ " သရဏဂုံ ပုတီးစိပ်နည်း "သည်.... သမာဓိရလွယ်၍ ကာယစိတ္တသုခနှစ်ဖြာပွားစေသည်။ သူတစ်ပါးတို့ မနှိပ်စက်နိုင် ၊ မညှဥ်းဆဲနိုင် ။ ဂါထာမန္တာန်တို့ထက် ထက်မြတ်ခြင်း ၊ သြဇာအာဏာကြီးခြင်း၊ နတ်အများတို့ချစ်ခင် လေးစားကြခြင်း ၊ သမ္မာဒေဝ နတ်ကောင်းနတ် မြတ်တို့၏ အစောင့် အရှောက်တို့ကို ရရှိခြင်း ၊ ကြံသမျှ ပြောသမျှ ပြုသမျှ ကိစ္စအဝဝတို့ အောင်မြင်ပြီးစီးနိုင်သည်။ မျက်နှာတည်ကြည်၍ မတွေမဝေ သေရခြင်း ၊ နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်စေနိုင်ခြင်း စသော အကျိုးကျေးဇူးများရှိသည် .... ၁။ "ဩကာသကန်တော့" ________________________ ဩကာသ၊ ဩကာသ၊ ဩကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာ ရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျဿနတရား င...
Comments
Post a Comment