" ဂုဏ်တော်တစ်ထောင် ပုတီးစိပ်နည်း "

  

" ဂုဏ်တော်တစ်ထောင် ပုတီးစိပ်နည်း "

________________________________

၁။ သော ဘဂဝါ ဣတိပိ 

အရဟံ = ၁ - ပါတ်။

၂။ သော ဘဂဝါ ဣတိပိ

သမ္မာသမ္ဗုဒ္ဓေါ = ၁ - ပါတ်။


၃။ သော ဘဂဝါ ဣတိပိ

ဝိဇ္ဇာစရဏသမ္ပန္နော = ၁ - ပါတ်။




၄။ သော ဘဂဝါ ဣတိပိ


သုဂတော = ၁ - ပါတ်။




၅။ သော ဘဂဝါ ဣတိပိ


လောကဝိဒူ = ၁ - ပါတ်။




၆။ သော ဘဂဝါ ဣတိပိ


အနုတ္တရောပုရိသဒမ္မသာရထိ = ၁ - ပါတ်။




၇။ သော ဘဂဝါ ဣတိပိ


သတ္ထာဒေဝမနုဿာနံ = ၁ - ပါတ်။




၈။ သော ဘဂဝါ ဣတိပိ


ဗုဒ္ဓေါ = ၁ - ပါတ်။




၉။ သော ဘဂဝါ ဣတိပိ


ဘဂဝါ = ၁ - ပါတ်။




၁၀။ သော ဘဂဝါ ဣတိပိ


အရဟံ = ၁ - ပါတ်။




ဤသို့ စိပ်သဖြင့် တစ်ရာ့ရှစ်လုံး


ပုတီးကုံး ၁၀ - ပတ် ပြည့်သောအခါ


ဂုဏ်တော် တစ်ထောင် ရပါသည်။




[ " #မှတ်သားရန်အထူး " ]


_______________________




▪︎ #စိပ်နည်း ( ၁) ။




"သော ဘဂဝါ ဣတိပိ အရဟံ" ပုတီးတစ်လုံးချ၊


"သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ"ပုတီးတစ်လုံးချ၊




ဤသို့ စသည်ဖြင့်"သော ဘဂဝါ ဣတိပိ ဘဂဝါ"


အထိ စိပ်သွားပြီး ..တစ်ဖန် ..


"" သော ဘဂဝါ ဣတိပိ အရဟံ ""မှ ပြန်စ၍ စိပ်ပါ။


ဤသို့စိပ်သဖြင့် တစ်ရာ့ရှစ်လုံး ပုတီးကုံး ၁၀ - ပတ်ပြည့်


သောအခါ ဂုဏ်တော်တစ်ထောင် ရပါသည်။




▪︎ #စိပ်နည်း (၂) ။




" သော ဘဂဝါ ဣတိပိ အရဟံ "တစ်ပါးတည်း


ပုတီးတစ်ပတ် ပြည့်အောင်စိပ်ပါ။ နောက်...


" သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ " စသည်ဖြင့်


ဂုဏ်တော်တစ်ပါးလျှင် ပုတီးတစ်ပတ်စီ


စိပ်သွားပါကလည်း ဂုဏ်တော်ကိုးပါး ပြည့်လျှင်


ကိုးပတ်ပြည့်သဖြင့် ဂုဏ်တော်တစ်ထောင် ရပါသည်။




▪︎ #စိပ်နည်း (၃) ။




"" သော ဘဂဝါ ဣတိပိ အရဟံ "" မှ


"" သော ဘဂဝါ ဣတိပိ ဘဂဝါ "" အထိ


ဂုဏ်တော်ကိုးပါး ဆုံးအောင်ပွားပြီးမှ ပုတီးတစ်လုံးချပါ။


ဤသို့ ဂုဏ်တော်ကိုးပါးဆုံးမှ ပုတီးတစ်လုံးတစ်လုံးစီ


ချ၍ စိပ်ခြင်းအားဖြင့်လည်း တစ်ရာရှစ်လုံး ပုတီးတစ်


ပတ်ရလျှင် ဂုဏ်တော်တစ်ထောင် ဖြစ်ပါသည်။




မှတ်ချက်။ ။ဂုဏ်တော် ၉၇၂ .ပါးကိုပင်လျှင်


ဂုဏ်တော် ၁၀၀၀ ဟု ခေါ်ဆိုခြင်းဖြစ်သည်။




♤ " #ရတနာသုံးပါးပူဇော်ပုံ "


___________________________________




• ဣမာယ ဓမ်မာနုဓမ်မပဋိပတ်တိယာ ဗုဒ်ဓံ ပူဇေမိ ။




• ဣမာယ ဓမ်မာနုဓမ်မပဋိပတ်တိယာ ဓမ်မံ ပူဇေမိ ။




• ဣမာယ ဓမ်မာနုဓမ်မပဋိပတ်တိယာ သံဃံ ပူဇေမိ ။




လောကုတ္တရာ​တရား​ကိုး​ပါး​အားလျော်​သော


ဤ​ကျင့်ဝတ် ပဋိပတ်ဖြင့် မြတ်​စွာဘုရား​ကို


ပူဇော်​ပါ​၏ အရှင်ဘုရား။


တ​ရားတော်​ကို ပူဇော်​ပါ​၏ အရှင်ဘုရား။


သံ​ဃာတော်​ကို ပူဇော်​ပါ​၏ အရှင်ဘုရား။




• ဣဒံ မေ ပုညံ အာသဝက်ခယာဝဟံ ဟောတု ။




• ဣ​ဒံ မေ ပု​ညံ နိဗ္ဗ​န​ဿ ပစ္စ​ယော ဟော​တု ။




• ဣမံ ပုညဘာဂံ သဗ်ဗသတ်တာနံ ဘာဇေမ ။



Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း