☆☆☆ဘယ်ကလာလို့ ဘယ်ကိုသွားကြမှာလဲ☆☆☆

☆☆☆ဘယ်ကလာလို့ ဘယ်ကိုသွားကြမှာလဲ☆☆☆

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြတ်စွာဘုရားရှင် ဟောကြားခဲသော

မရဏဿတိကို ယက်ကန်းသည်မလေးသည်

သဒ္ဒါကြည်ညိုစွာပွားများခဲ့သဖြင့် ၃-နှစ်ကြာသောအခါ

ဥာဏ်တော်ရင့် နေသည်ကို သိတော်မူသော မြတ်စွာဘုရားက

ရာဇဂြိုလ်ပြည် ဇေတ၀န်ကျောင်းတော် တွင် သီတင်းသုံး

ရာမှ အာဠဝီပြည် သို့ ကြွတော်မူ၍တရားပွဲကျင်း

ပရာ လူပရိသတ်အလယ်`၌ယက်ကန်း

သည်မ ၏ သမီးကို ပြဿနာလေးချက်အား မေးလေ၏။


(ဗုဒ္ဓ)………………သတို့သမီး..သင်ဘယ်ကလာသနည်း၊

(သတို့သမီး)……မသိပါ အရှင်ဘုရား…၊။


(ဗုဒ္ဓ)……………….သင်ဘယ်သို့ သွားမည်နည်း။

(သတို့သမီး)……မသိပါ အရှင်ဘုရား……..။


(ဗုဒ္ဓ)……………….သတို့သမီးငယ်…….သင်မသိဘူးလား။

(သတို့သမီး)……..သိပါ၏ အရှင်ဘုရား……..။


(ဗုဒ္ဓ)………………..သတို့သမီးငယ်.သင် သိ၏လော။

(သတို့သမီး) …….မသိပါ အရှင်ဘုရား…..။


☆☆☆☆☆☆☆☆

ဤ သို့လျှင် မြတ်စွာဘုရားရှင်သည်

သတို့သမီးငယ်ကို ပြဿနာ လေးချက် မေးမြန်း

တော်မူလေ၏။ သတို့သမီးငယ် ကလည်း မိမိ၏ လေးနက်

သောအဓိပ္ပယ် ဖြင့် မြတ်စွာဘုရားရှင်၏ အလိုတော်

ကိုသိကာဖြေကြားလေ၏ ။



(၁) အမေး…..(သင် ဘယ်ကလာသနည်း)…. အဘယ်ဘုံမှလာ၍ ဤယက်ကန်းသည်ဘ၀`၌ ဖြစ်ရသနည်း ။


အဖြေ….အဘယ်ဘုံဘ၀ မှ လာ၍ ဤယက်ကန်းသည်ဘ၀ `၌ငါဖြစ်ရ သည်ကို မသိပါ။


(၂) အမေး…(သင် ဘယ်သို့သွားမည်နည်း).. ဤ လူ့ပြည်မှ စုတေ၍ အဘယ်ဘုံဘ၀သို့ သွားမည်းနည်း ။


အဖြေ…ဤဘ၀မှ စုတေ သော် ဘယ်ဘုံ`၌သွားရောက်ဖြစ်ရမည် ကိုမသိပါ။


(၃) အမေး…(သင် မသိဘူးလော)…သေရမည့်အဖြစ်ကို မသိဘူးလော


အဖြေ….သေရမည့်အဖြစ်ကို သိပါသည်။


(၄) အမေး…(သင် သိပါ၏လော)..မည်သည့်အခါ`၌ သေရမည် ကိုသိပါ၏လော။


အဖြေ….မိမိ ၏သေရမည့် အဖြစ်ကိုသာသိပါ၏ ညဉ့်နေ့နံနက် အစရှိသောအခါတို့တွင်

ဤမည်သောအခါ`၌ သေရမည် ကိုမသိပါ။

☆☆☆☆☆

မြတ်စွာဘုရားရှင်သည်

သတို့သမီး ၏ အဖြေ များကို

ရှင်းလင်းစွာသိပြီးသောအခါ…သာဓု..

ခေါ်ဆိုတော်မူ၍ ``

``အန္ဓီဘူတော အယံ

လောကော``အစရှိ

သောဂါထာကို ဟော

တော်မူရာ များစွာသော

လူအပေါင်းတို့အကျိုး

တရားရ၍ သတို့သမီးငယ်မှာ သောတာပတ္တိဖိုလ်`၌တည်လေ၏။


ဖေါ်ပြပါ အကြောင်းအရာ ကို ထောက်ရှု လို့

ဓမ္မများမိတ်​ဆွေများလည်း ဘယ်ကလာလို့ ဘယ်ကို

သွားမယ် ဆိုတာမသိနိုင်တဲ့အတွက် ကိုယ့်ရဲ့ ဘ၀ လား

ရာဂတိ ကောင်းကို ရှေ့ရှ ု နိုင်ဖို့ ဝိပဿနာကိ်ု အားထုတ်

ကြပါစို့…ဝိပဿနာ အားထုတ်လို့မဂ် ဖိုလ် ကို ရပြီ ဆိုရင်တော့

သောတာပန် က နောက်ထပ်ကာမဘုံမှာ(၇)ဘ၀ ကျင်လည်မှာဖြစ်ပြီး

သုဂတိ ဘုံ မှာ ပဲ စံပျော် ရမှာ ဖြစ်ပါတယ်..သကဒါဂမ် အရိယာ ကတော့

နောက်ထပ်ကာမဘုံ(၃)ဘ၀ ကျင်လည် မှာဖြစ်ပြီး သူလဲ သုဂတိ ဘုံမှာ လူချမ်းသာ

နတ်ချမ်းသာ ဘ၀ နဲ့ နေသွားမှာဖြစ်ပါတယ် အနာဂမ် အရိယာ ကတော့ နောက်ထပ်

(၁)ဘ၀ သာ နေမှာဖြစ်ပြီး ဗြဟ္မာကြီး အဖြစ်နဲ့ဗြဟ္မာပြည်မှာ မဟာကပ်ကမ္ဘာ နဲ့ချီ ပြီး

အသက်ရှည် မယ် ဗြဟ္မာပြည်မှာ ပဲ ပရိနိဗ္ဗာန် ပြုမှာ ဖြစ်ပါတယ်.. မသေချာမရေရာတဲ့

သေခြင်းတရားတွေ နဲ့ဘ၀ကူးသွားတာမျိုးမဖြစ် ရအောင် အချိန်ရှိခိုက်မှာ

လုံလ စိုက်လို့အားထုတ်ကြိုးပမ်းနိုင်ပါစေလို့ဆုတောင်းပါတယ်။။

👏👏👏👏👏👏👏👏👏👏👏👏👏👏👏👏👏👏


။ ။ကျမ်းကို,,,,,

မဟာဗုဒ္ဓ၀င်-စတုတ္ထတွဲ ပေသကာရဓီတု၀တ္ထု {စာ-၃၇၁ }။ ။

ပိဋကတ်သုံးပုံ သရုပ်စုံ အဘိဓါန် < စာ,,> {၅၁၅}မှကူးယူတင်ဆင်​ပေးသည်။


တင်ဆက်​ပေးသူ

✏✏♡~sasasn~♤

🌹🌹🌹🌹🌹🌹🌹🌹 

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း