ပုတီးစိတ်နည်း

ပုတီးစိပ်ခြင်းသည် စိတ်တည်ကြည်၍

သမာဓိရလွယ်သော အလုပ်ဖြစ်သည် ။

၁။ ပုတီး၌ စိတ်ကို မရောက်စေရ။

၂။ ဂုဏ်တော်ကိုစိတ်၌ ထင်မြင်အောင်ပွားရမည်။

( အရဟံ အဓိပ္ပါယ် စသည်ကို သိအောင်ပြုပြီး
ပါဠိ + အဓိပ္ပါယ် နှစ်မျိုးလုံးပွားလျှင် ပိုကောင်း၏ )


၃။ ဘုရားဂုဏ်တော်ကို တိုတိုအားဖြင့်
ထင်မြင်အောင် ပွားများရမည် ။

( "သော ဘဂဝါ ဣတိပိ အရဟံ"
ပူဇော်အထူးကို ခံတော်မူထိုက်သောမြတ်စွာဘုရား။
စသည်ဖြင့် တိုတိုနဲ့လိုရင်းသာ ပွားများရမည်
ဒါမှ စိတ်တည်ကြည်၍ သမာဓိရလွယ်၏ ။ )

၄။ ဂုဏ်တော်ပွားပြီးလျှင် သစ္စာပြုပါ ။

("တပည့်တော် / မ သည် ဘုရားဂုဏ်တော်
များကို စိပ်ပုတီးဖြင့်ပွားများခဲ့ပါသည်
ဤစကားသည်မှန်ပါသည်ဘုရား"
ဤမှန်သောသစ္စာစကားကြောင့်လည်းကောင်း။
ဤဘုရားဂုဏ်တော်၏ တန်ခိုးတေဇော်အာနုဘော်
ကြောင့်လည်းကောင်း တပည့်တော် / မ သည်
"စာမေးပွဲအောင်မြင်ရပါလို၏ဘုရား" ။
( မိမိလိုသောဆု တစ်ခုကိုသာ မပြောင်းမလွဲတောင်းပါ)

၅။ အမျှဝေပါ ။

ယနေ့ ပြုလုပ်ရသော ဒါနကုသိုလ်.သီလကုသိုလ်.
ဘာဝနာကုသိုလ်အစုစုတို့ကို ကိုယ့်စောင့်နတ်
အိမ်စောင့်နတ်စသော နတ်ဒေဝါ အပေါင်းတို့အား
အမျှပေးဝေပါ၏ ...
( စသည်ဖြင့် ၃၁.ဘုံ အားလုံးကို အမျှပေးဝေပါ )

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း