ဒေါသဖြေနည်း ၁၁-နည်း

ဒေါသဖြေနည်း ၁၁-နည်း။

------------------


၀ိသုဒ္ဓိမဂ်မှာ ....

ဒေါသ၀င်လာရင် ဖြေဖျောက်နည်း

၁၁-နည်းကို ပေးထားပါတယ်။


၁၊ မေတ္တာပွား၍ ဖျောက်ခြင်း၊


၂၊ မြတ်စွာဘုရား၏ အဆုံးအမသြ၀ါဒကို

ဆင်ခြင်၍ ဖျောက်ခြင်း၊


၃၊ ရန်သူ၏ ကောင်းကွက်ကို ရှာ၍ ဖျောက်ခြင်း၊


၄၊ သနား၍ ဖျောက်ခြင်း၊


၅၊ မိမိကိုယ်ကို ဆုံးမ၍ ဖျောက်ခြင်း၊


၆၊ ကမ္မဿကတာဉာဏ်ဖြင့် ဖျောက်ခြင်း၊


၇၊ သည်းခံပုံ ဇာတ်တော်လာ နည်းများဖြင့်

ဖျောက်ခြင်း၊


၈၊ သံသရာတစ်လျှောက်၌

ဆွေမျိုးမတော်ခဲ့သူမရှိဟု ဆင်ခြင်၍ ဖျောက်ခြင်း၊


၉၊ မေတ္တာအကျိုးကို ဆင်ခြင်၍ ဖျောက်ခြင်း၊


၁၀၊ ဓာတ်ခွဲ၍ ဖျောက်ခြင်း၊( သင်သည်ဆံပင်စသည်ကို အမျက်ထွက်သလော ပထဝီဓာတ်စသည်ကို အမျက်ထွက်သလော စသည်ဖြင့် )၊


၁၁၊ ဥစ္စာပေးယူ၍ ဖျောက်ခြင်း၊

အားလုံးပေါင်း ၁၁-နည်းပါ။


ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ ဒေါသရန်ငြိုးကို..

အထက်က ၁၁-နည်းထဲက ကိုယ်နှစ်သက်ရာ

တစ်နည်းနည်းနဲ့ ဖျောက်ပါတဲ့။


မေတ္တာပွားမယ့်ပုဂ္ဂိုလ်ဟာ ဒေါသရန်ငြိုးကို

ဖြစ်တဲ့နည်းနဲ့ ဖျောက်ရပါမယ်။ ဒါမှလည်း

မေတ္တာပွားလို့ရမှာပါ။


ရန်ငြိုးဖျောက်နည်း ၁၁-နည်းထဲက

ကိုယ်နှစ်သက်ရာ တစ်နည်းနည်း

သိရှိနားလည်ခြင်းဖြင့်

ဒေါသပါးအောင်ကျင့်ဆောင်နိုင်ကြပါစေ၊၊


Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း