မိမိကိုယ်ကို ညစ်နွမ်းအောင် မပြုလုပ်ရာ

◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►

“မိမိကိုယ်ကို ညစ်နွမ်းအောင် မပြုလုပ်ရာ”

◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►

သူတစ်ပါးတို့အား မဂ်ရောက် ဖိုလ်ရောက် နိဗ္ဗာန်ပေါက်' ကမ္မဋ္ဌာန်းတရားကို ဟောကြားညွှန်ပြဆုံးမလိုသောပုဂ္ဂိုလ်သည်'မိမိကိုယ်တိုင်က ရှေးဦးစွာ' မဂ်ရောက်'ဖိုလ်ရောက်' နိဗ္ဗာန်ပေါက်ကမ္မဋ္ဌာန်းတရားကို ကြိုးစားမယုတ်' အားထုတ်ကျင့်ပြီးမှသာ' သူတစ်ပါးတို့အား ဟောကြားညွှန်ပြ ဆုံးမ သင့်လှပေ၏။


"သာကီဝင် မင်းသားဖြစ်သော'ဥပနန္ဒမထေရ်သည်' မိမိကိုယ်တိုင်က တရားကို ကြိုးစားမယုတ်' အားထုတ်ကျင့်ကြံခြင်း မရှိပဲ' သူတစ်ပါးတို့အားသာ'ကြိုးစားမယုတ် အားထုတ် ကျင့်ကြံရန် တရားဟောတတ်လေသည်။


တရားဟောကောင်းသော ပုဂ္ဂိုလ် ဖြစ်သည့်လျှောက်'

ဥပနန္ဒမထေရ်၏ တရားကိုကြားနာ ကြရသောပုဂ္ဂိုလ်တို့သည်' မိမိ၌ ရှိသော'သင်္ကန်း သပိတ်' ပရိက္ခရာတို့ကို' စွန့်ပစ်ကာ'ဥပနန္ဒမထေရ်ဟောကြား ညွှန့်ပြ ဆုံးမသည့်အတိုင်း လိုက်နာ ကျင့်ကြံကြိုးကုတ်အားထုတ်ကြလေသည်။


ဥပနန္ဒမထေရ်ကား ထိုတရား အားထုတ်သော ပုဂ္ဂိုလ်တို့' စွန့်ပစ်အပ်သော သင်္ကန်း သပိတ် ပရိက္ခရာတို့ကို ကျောင်းတော်သို့ သယ်ယူကါ အမျိုးမျိုး ဝတ်ရုံ သုံးဆောင်ခံစား၍' နေပေ၏။


ထိုအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ ဘုရားရှင်က "အို…ဥပနန္ဒ အသင်သည်' မိမိကိုယ်တိုင်က တရားအားထုတ် ကျင့်ကြံခြင်း အမှုကို မပြုပဲ' သူတစ်ပါးတို့အားသာ'ကျင့်ကြံ ကြိုး ကုတ်အားထုတ်ရန် တရားဟောနေသည်- ဆိုသော'စကား မှန်ပါ၏လော-?ဟုမေးတော်မူ၏။


အို…ဘုန်းတော်အလွန်ကြီးတော်မူလှသောမြတ်စွာဘုရား- -ဘုရားရှင် ကြားသိတော်မူသည့် အတိုင်း' မှန်ပေ၏' ဟုအတိအ လင်း ဝန်ခံ၏။


ထိုအခါ ဘုရားရှင်သည်'ဥပနန္ဒမထေရ်အား- အမျိုးမျိုး ကဲ့ရဲ့ ရှုံ့ချတော်မူ၍----အို…ငါ၏ ချစ်သား ရဟန်းများတို့' သူတစ် ပါးတို့အား တရားဟောလိုသောပုဂ္ဂိုလ်သည်'မိမိကိုယ်တိုင် ဦးစွာ ပဋ္ဌမ' မဂ်ရောက်'ဖိုလ်ရောက်'နိဗ္ဗာန်ပေါက် သူတော်ကောင်းတရားကို'ကြိုးစားမယုတ် အားထုတ်ကျင့်ကြံကာ မိမိကိုယ်တိုင်- သင့်တော်လျှောက်ပတ်သော တရား၌ (နှလုံး)သွင်းထားရာ၏။


မိမိကိုယ်တိုင် ပဋ္ဌမ မဂ်ရောက် ဖိုလ်ရောက် နိဗ္ဗာန် ပေါက် 'သူတော်ကောင်းတရားကို ကြိုးစားမယုတ် အားထုတ်ကျင့်ကြံ ပြီးသောအခါမှသာ' သူတစ်ပါးတို့အား' မဂ်ရောက်ဖိုလ်ရောက် နိဗ္ဗာန်

ပေါက်'သူတော်ကောင်းတရားကို ကြိုးစားမယုတ် အားထုတ်ကျင့်ကြံစေရန် ဟောကြားညွှန်ပြ ဆုံးမရာ၏။

မိမိကိုယ်တိုင်က မဂ်ရောက် ဖိုလ်ရောက် နိဗ္ဗာန်ပေါက်' သူ တော်ကောင်းတရားကို ကြိုးစားမယုတ် အားထုတ် ကျင့်ကြံခြင်းမရှိပဲ'သူတစ်ပါးတို့အားသာ မဂ်ရောက်ဖိုလ်ရောက် နိဗ္ဗာန်ပေါက်' သူ တော် ကောင်းတရားကို ဟောကြားညွှန်ပြ ဆုံးမခြင်း ဖြင့်' မိမိကိုယ်ကို ညစ်နွမ်းအောင် မပြုလုပ်ရာဟု-- ဘုရားရှင် ဟောကြားတော်မူလေသည်။

(ဓမ္မပဒပါဠိတော်)

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း