☆ ဧတဒဂ်ဘွဲ့ရ ရဟန်းယောက်ျားများ ☆
🍀🌿🍀🌿🍀🌿🍀🌿🍀🌿🍀🌿🍀🌿🍀
(၁) 'အဂ္ဂရတ္တညူ' ဘွဲ့တံဆိပ်ရသူ အရှင်ကောဏ္ဍည၊
(၂) 'အဂ္ဂ မဟာပညာ' ဘွဲ့တံဆိပ်ရသူ အရှင် သာရိပုတ္တရာ၊
(၃) တန်ခိုးအရာ၌ 'အဂ္ဂ ဣဒ္ဓိမန္တ' ဘွဲ့တံဆိပ်ရသူ အရှင်မောဂ္ဂလ္လာန်၊
(၄) ဓူတင်ဆောင် 'အဂ္ဂ ဓုတင်္ဂဓရ'ဘွဲ့တံဆိပ်ရသူ အရှင် မဟာကဿဖ
(၅) 'ဒိဗ္ဗစက္ခုဥာဏ်' ဘွဲ့တံဆိပ်ရသူ အရှင်အနုရုဒ္ဓါ၊
(၆) အမျိုးမြတ်'အဂ္ဂ ဥစ္စကုလိက' ဘွဲ့တံဆိပ်ရသူ အရှင် ဘဒ္ဒိယ၊ ၎င်းသည် ဘ၀မခြားဘဲ ငါးရာတိုင်တိုင်ဆက်၍မင်းဖြစ်ဖူးသောကြောင့် အမျိုးမြတ်ဘွဲ့ထူးတံဆိပ်ရသည်ဟူ၏၊
(၇) အသံကောင်း 'အဂ္ဂ မဉ္ဇူသရ' ဘွဲ့တံဆိပ်ရသူ အရှင်လကုဏ္ဍက ဘဒ္ဒိယ၊
(၈) ခြင်္သေ့သံဖြင့်ကြုံးဝါးသည့် 'အဂ္ဂ သီဟနာဒိက' ဘွဲ့တံဆိပ်ရသူ အရှင် ပိဏ္ဍောလ ဘာရဒွါဇ၊ ၎င်းင်းသည် အရဟတ္တဖိုလ်ရသည့်နေ့မှာပင် မဂ်ဖိုလ်၌ သံသယရှိသောသူ သည်ငါ့ကိုမေးကြဟု မကြောက်မရွံ့ ခြင်္သေ့သံဆို၍ ဘုရားရှေ့တော်၌လည်း အရှင်ဘုရားသာသနာ တော်၌ပြုဖွယ်ကိစ္စသည် အကျွန်ုပ်အား အပြီးတိုင်ရောက်ပါပြီဟု ခြင်္သေ့သံကိုဆိုလေသည်၊ ထို့ကြောင့် ဧတဒဂ်ရသည်ဟူ၏၊
(၉) တရားဟောကောင်း 'အဂ္ဂ ဓမ္မကထိက' ဘွဲ့တံဆိပ်ရသူ အရှင်ပုဏ္ဏ၊
(၁၀) အကျဉ်းကိုအကျယ်ဖွဲ့တတ်ရာ၌ တံဆိပ်ရသူ အရှင်မဟာကစ္စည်း၊
(၁၁) စိတ်နှလုံးဖြင့်ပြီးသော ကိုယ်ကိုဖန်ဆင်းရာ၌ 'အဂ္ဂ စေတာ ဝိ၀ဋ္ဋ' ဘွဲ့တံဆိပ်ရသူ အရှင်စူဠပန်၊
(၁၂) 'အဂ္ဂ သညာ ဝိ၀ဋ္ဋ ကုသလ' အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် မဟာပန်၊
(၁၃) ကိလေသာကင်း၍နေသောအရာ မြတ်သောအလှူခံပုဂ္ဂိုလ်အရာတို့၌ ဘွဲ့တံဆိပ်နှစ်ထပ်ရသူ အရှင် သုဘူတိထေရ်၊
(၁၄) အရညကင်တောရ ဘွဲ့တံဆိပ်ရသူ ရှားတောနေ အရှင်ရေ၀တထေရ်၊
(၁၅) စျာန်၀င်စားသောအရာ၌ဘွဲ့တံဆိပ်ရသူ အရှင် ကင်္ခါရေ၀တ၊
(၁၆) လုံ့လဝီရိယအရာ၌ ဘွဲ့တံဆိပ်ရသူ ကုဋေ ၂၀-တန် တန်ဆာကို လူ့ဘ၀က ၀တ်ဆင်ခဲ့ဖူးသော သူဌေးသား သောဏခေါ် အရှင်ကောဋိဝိသသောဏ၊
(၁၇) သာယာ နာပျော်ဖွယ်ရှိအောင် ရွတ်ဖတ်တတ်သောအရာ၌ 'အဂ္ဂ ကလျာဏ ဝါက္ကရ' ဘွဲ့တံဆိပ်ရသူ လူ့ဘ၀က တစ်ကုဋေတန် နားတောင်းတန်ဆာ ဆင်ပန်ခဲ့ဖူးသည့် အရှင် ကုဋိကဏ္ဏသောဏ၊
(၁၈) လာဘ်ပေါများသော အရာ၌ 'အဂ္ဂ လာဘီ' ဘွဲ့တံဆိပ်ရသူ အရှင်သီ၀လိ၊
(၁၉) သဒ္ဓါအားကြီးသောအရာ၌ 'အဂ္ဂ သဒ္ဓါဓိမုတ္တ' ဘွဲ့တံဆိပ်ရသူ အရှင် ၀က္ကလိ၊
(၂၀) သိက္ခာသုံးပါးကို လိုလားလိုက်နာရာ၌ 'အဂ္ဂ သိက္ခာကာမ' ဘွဲ့တံဆိပ်ရ သားတော် အရှင်ရာဟုလာ။
(၂၁) 'အဂ္ဂ သဒ္ဓါ ပဗ္ဗဇ္ဇိတ' အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် ရဋ္ဌပါလ၊
(၂၂) စာရေးတံခေါ် မဲလိပ်ချအလှူကို ရှေးဦးစွာယူရာ၌ 'အဂ္ဂ ပဌမ သလာက ဂဏှန္တ' ဘွဲ့တံဆိပ်ရသူ အရှင် ကောဏ္ဍဒါန၊
(၂၃) ကဗျာကာထာ သီကုံးဖွဲ့ဆိုရာ၌ လျင်မြန်ခြင်း 'အဂ္ဂ ပဋိဘာ၀န၀န္တ' ဘွဲ့တံဆိပ်ရသူ အရှင် ၀င်္ဂီသ၊
(၂၄) ထက်၀န်းကျင်ကြည်ညိုဖွယ်ကို ဆောင်ရာ၌ 'အဂ္ဂ သမန္တ ပါသာဒိက' ဘွဲ့တံဆိပ်ရသူ အရှင် ဥပသေန၊
(၂၅) ကျောင်းအိပ်ယာနေရာ ခင်းတတ်ရာ၌ 'အဂ္ဂ သောနာသန ပညာပက' ဘွဲ့တံဆိပ်ရသူ အရှင် ဒဗ္ဗ၊
(၂၆) နတ်တို့ချစ်မြတ်နိုးအပ်သည့်အရာ၌ 'အဂ္ဂ ဒေဝါနံ ဝိယမနာပ' ဘွဲ့တံဆိပ်ရသူ အရှင် ပိလိန္ဒ၀စ္ဆ၊
(၂၇) တရားကို လျင်စွာသိသောအရာ၌ 'အဂ္ဂ ခိပ္ပါဘိည'ဘွဲ့တံဆိပ်ရသူ အရှင်ဒါရုစိ၊
(၂၈) ဆန်းဆန်းကြယ်ကြယ်စကားကိုပြောဆိုတတ်ရာ၌ 'အဂ္ဂ စိတ္တ ကထိက' ဘွဲ့တံဆိပ်ရသူ အရှင်ကုမာရကဿပ၊
(၂၉) 'အဂ္ဂ ပဋိသမ္ဘိဒါပတ္တ' ဥာဏ်အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် မဟာကောဋ္ဌိတ၊
(၃၀) ဗဟုသုတအရာ, သတိမမေ့သည့်အရာ, ပညာလျင်သည့်အရာ, လုံ့လရှိသည့်အရာ, အလုပ်အကျွေးကောင်း, ပေါင်း ဘွဲ့တံဆိပ်ငါးထပ်ရသူ အရှင် အာနန္ဒ။
(၃၁) အခြံအရံများခြင်း၌ 'အဂ္ဂ မဟာပရိသ' ဘွဲ့တံဆိပ်ရသူ အရှင် ဥရုဝေဠကဿပ၊
(၃၂) အမျိုးကို ကြည်ညိုအောင်ပြုလုပ်တတ်ရာ၌ 'အဂ္ဂ ကုလပသာဒက' ဘွဲ့တံဆိပ်ရသူ အရှင် ကာလုဒါယီ၊
(၃၃) အနာရောဂါကင်းရာ၌ 'အဂ္ဂ အပ္ပါဗာဓိက' ဘွဲ့တံဆိပ်ရသူ အရှင် ဗာကုလ၊ ၎င်းင်းသည် အယုတ်သဖြင့် သန်းဝြေခင်း ချေဆတ်ခြင်းမျှမရှိ ဟူသတ်၊
(၃၄) ပုဗ္ဗေနိဝါသဥာဏ်၌ 'အဂ္ဂ ပုဗ္ဗေနိဝါသ အနုဿရန္တ' ဘွဲ့တံဆိပ်ရသူအရှင်သောဘိတ၊
(၃၅) ဝိနည်းဓိုရ်ရာထူး၌ 'အဂ္ဂ ဝိနယဓရ' ဘွဲ့တံဆိပ်ရသူ အရှင် ဥပါလိ၊ (၃၆) ဘိက္ခုနီမတို့ကိုဆုံးမရာ၌ အကောင်းဆုံး 'အဂ္ဂဘိက္ခုနောဝါဒက' ဘွဲ့တံဆိပ်ရသူ အရှင် နန္ဒက၊
(၃၇) ဣနြေ္ဒကောင်းရာ၌'အဂ္ဂ ဣနြေ္ဒိယဂုတ္တဒွါရ' ဘွဲ့တံဆိပ်ရသူ ညီတော်မင်းနန်ခေါ် အရှင်နန္ဒ၊
(၃၈) ရဟန်းတော်တို့ကို ဆုံးမရာ၌အကောင်းဆုံး 'အဂ္ဂ ဘိက္ခု သြ၀ါဒက' ဘွဲ့တံဆိပ်ရသူ အရှင် မဟာကပ္ပိန္န၊
(၃၉) တေဇောကသိုဏ်းရာထူး၌'အဂ္ဂ တေဇောဓါတု ကုသလ' ဘွဲ့တံဆိပ်ရသူ အရှင် သာဂတထေရ်၊
(၄၀) ဒေသနာတော် အသစ်အသစ်တင်ရာ၌ 'အဂ္ဂ ပဋိဘာနေယျက' ဘွဲ့တံဆိပ်ရသူ အရှင် ရာဓ၊
(၄၁) ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ 'အဂ္ဂ လုခ စီ၀ရ ဓရ' ဘွဲ့တံဆိပ်ရသူ အရှင် မောဃရာဇ။
ကျမ်းကိုး = အဂုင်္တ္တရ။ ပါ။ ပ-အုပ်၊ နှာ- ၂၃။
သုတေသနသရုပ်ပြကျမ်း။
#မျှဝေသူ
//☆▪SaSaNa▪♡
💙💙💙💙💙💙💙
………………………………
Comments
Post a Comment