တရားအားထုတ်သူများ_ရှောင်ကြဉ်စရာ

#တရားအားထုတ်သူများ_ရှောင်ကြဉ်စရာ

***************************************


၁။ အပြော နည်းပါစေ။

မနောကံ မလုံရင်

ဝစီကံလည်း မလုံချင်ဘူး။


ရပ်ထဲ၊ ရွာထဲက

အာရုံငါးပါး လိုက်စားနေသူတွေကို

မဆိုထားပါနဲ့၊


တရားသမားတွေ တောင်မှ

စကား များချင်ချင်ရယ်။


၂။ တရားသမားဟာ

မုသားပြော လွတ်ကင်း၊

အချင်းချင်း ကုန်းတိုက်၊

ဆဲရေးတိုင်းထွာ မရှိတော့ပေမဲ့ ..


အရေမရ၊ အဖတ်မရ

" သမ္ဖပ္ပလာပ " စကားမျိုးတော့

ပြောတတ်သေးတယ်။


ဝစီဒုစရိုက်က မလွတ်သေးဘူး။


၃။ တရား မတွေ့သေးပေမဲ့လည်း

တွေ့သယောင်ယောင်

စကား ဖောင်နေတတ်တယ်။


တွေ့ပြီး သူကလည်း၊ တရား အမွှန်းတင်

စကားဘောင်ဘင်ခတ် နေတတ်ပါတယ်။


၄။ ဝစီ မလုံရင်၊ အိပ်ပေါက်နဲ့ ဖားကောက်ပဲ။


ပထမထိုင်စဉ်က ရထားတဲ့

မှတ်အားတွေ စကားထဲ ရောပါသွားပြီး

ဒုတိယအထိုင်ကို အကူ မပေးနိုင်တော့ဘူး။


၅။ မှတ်နေတာက

စိတ်ငြိမ်ပြီး နှလုံးအိမ်နဲ့

ဘဝင်လေ များများ

မလှုပ်ရှားအောင် ဖိအား ပေးနေတာ။


၆။ ပြောနေတာက

စိတ်ထလာအောင် နှလုံးအိမ်နဲ့

ဘဝင်လေကို ဖွပေး၊ ဆွပေး နေတာ။


၇။ အမှတ်က လက်နဲ့ရေး၊

အပြောက ခြေနဲ့ဖျက် ..


ဒါကြောင့် တရားအလုပ်မှာ

" အပြောမှန်သမျှ နည်းနည်းမှ

မရောမိအောင် စိတ်ကို သိမ်းဆည်းပေးပါ။ "


🙏ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်🙏


Credit,


#ဦးမြင့်ခိုင်. #SaiMyoWin, SAI MYO WIN & Sai Myo Win 

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း