ကံ-အကြောင်း"နှင့် " ကံ-ကံ၏အကျိုး{၁၄}မျိုး
<><><><><><><><<<><><><><><><><>
သေဗ္ဗသတ္တာ ကမ္မ သကာ လို့မြတ်စွာဘုရားဟောတော်မူခဲ့တယ်
ဓမ္မမိတ်ဆွေတို့ရေ ကံ-ဆိုတာ၊ကမ္မ ပြုလုပ်မှု့ပါဘဲ။
မိမိပြုလုပ်တဲ့အလုပ်,အကောင်း,အဆိုး,အပေါ်မူ
တည်ပြီး အကျိုးပေးကလည်း အကောင်း
အဆိုးရယ်လို့ ကွဲပြားခြားနားသွားပါတယ်
သတ္တဝါတွေ အကျိုးပေးမတူခြားနားကြတာဟာ
ဘယ်နတ်, သိကြား , ဗြဟ္မာ,တွေကမှဖန်ဆင်းတာ
မဟုတ်ပါဘူး ။ ကိုယ်ပိုင်ဥစ္စာလို့ခေါ်တဲ့ ကိုယ်ပိုင်ပြုလုပ်ခဲ့တဲ့ ကံ -အကြောင်းတရားကြောင့်ပါဘဲ■■■အကြောင်းတရားတွေက
ဘာတွေလဲဆိုတော့
ကံကံ၏အကျိုး ၁၄= မျိုး
၁။ သူတပါးအသတ်ကို သတ်ခြင်းကြောင့်
ကိုယ်အသတ်တိုတယ်
၂။ သူတပါးအသတ်ကို မသတ်ခြင်းကြောင့်
အသတ်ရှည်တယ်
၃။ သူတပါးကို ညှင်းဆဲခြင်းကြောင့်
ကိုယ်မှာ အနာရောဂါများတယ်
၄။ သူတပါးကို မညှင်းဆဲခြင်း
{ ဝါ } သနားကြင်နာခြင်းကြောင့်
ကိုယ်မှာအနာရောဂါကင်းတယ်
၅။ ဒေါသကြီးခြင်းကြောင့် အဆင်းမလှ
ဖြစ်ရတယ်
၆။ ဒေါသနည်းခြင်း{ဝါ}မေတ္တာပွားခြင်းကြောင့်
ကိုယ့်မှာမျက်နှာအဆင်းကြည်လင်လှပတယ်
၇။ သူတပါးကို မနာလို ငြူစူခြင်းကြောင့် တန်ခိုး
သြဇာ အခြွေရံ မဲ့ရတက်တယ်
၈။ သူတပါး ကောင်းစားချမ်းသာတာကို ကြည်ဖြူ
ဝမ်းမြောက်ခြင်းကြောင့် တန်ခိုး သြဇာ
အခြွေရံ ပေါများတယ်
၉။ အလှူဒါနနည်းခြင်းကြောင့် ဆင်းရဲ
နှမျးပါး မှဲတကွေရဲတေက
၁၀။ အလှူဒါနများခြင်းကြောင့် ကြွယ်ဝ
ချမ်းသာရတယ်
၁၁။မာနကြီးသောကြောင့်အမျိုးယုတ်ညံ့တယ်
၁၂။မာန ကင်းပြီး ရိုသေကိုင်းညွတ်ခြင်းကြောင့်
အမျိုးမြင့်မြတ်တယ်
၁၃။ ပညာရှိကို မမှီဝဲသောကြောင့် ပညာ ဥာဏ်
ခေါင်းပါးတယ်
၁၄။ ပညာရှိကိုမှီဝဲသောကြောင့် ပညာ ဥာဏ်
ကြီးမားထက်မြတ်ရတယ်
ရယ်လို့၁၄မျိုးရှိပါတယ်
အကိုးကား ,,,,,
ဘယ်လောက်များ တန်ဖိုးရှိလိုက်ပါသလဲသူတော်စင်တို့ရေ
အလေးအနက်ထားပြီးစဥ်းစားဖို့ကောင်းတယ်နော်
{ လုပ်ဆောင်မှုတိုင်းမှာ တူညီတဲ့ တုံ့ပြန်မှု့ရှိတယ်လို့
ဆိုတဲ့ }နယူတန်ရဲ့ သိပ္ပံပညာနိယာမဟာ ဦးဇင်းတို့
ရဲ့ မြတ်ဘုရားဟောတဲ့ ကံ-ကံရဲ့အကျိုးသဘောတရားကို မလွမ်းမိုးနိုင်သလို ဘယ်တော့မှလဲကျော်လွှားနိုင်မှာမဟုတ်ဘူးဆိုတာ သိထားဖို့ကောင်းတယ်နော် ,,,,,,
ကျမ်းကိုး ,,,
ရှင်မဟာရဌသာရ၏ ကိုးခန်းပျိုး အပိုဒ်၄၂မှ
ကူယူတင်ဆက်ပေးသည်။
အလက်ာကိုတော့ကူးယူ တင်ဆက်ပေးတော့ပါ
Comments
Post a Comment