"စေတနာ မရှိဘဲ ပြုသော မကောင်းမှုကံမည်သည်မရှိ”

◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►

“စေတနာ မရှိဘဲ ပြုသော မကောင်းမှုကံမည်သည် မရှိ”

◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►

ဗုဒ္ဓရှင်တော်မြတ် လက်ထက်တော်က ကုက္ကုဋမိတ္တ အမည်ရသည့် မုဆိုးတစ်ဦးရှိ၏။ ထိုမုဆိုးသည် သားသမင်များကို ဖမ်း ဆီးသတ်ဖြတ်ကာ လှည်းဖြင့်လှည့်လည် ရောင်းချရင်း တစ်ချိန်တွင် ရာဇဂြိုဟ်ပြည်သို့ ရောက်လာခဲ့၏။

ရာဇဂြိုဟ်မြို့တွင်း လှည့်လည်ရောင်းချနေသည့် မုဆိုးကို

ရာဇဂြိုဟ်ပြည်ရှိ သူဌေးသမီး တစ်ဦးသည် မြင်မြင်ချင်းပင် ချစ်ခင်နှစ်သက်မှုကိုဖြစ်ကာ မိဘများမသိစေဘဲ လိုအပ်သည့် လက်ဝတ်တန်ဆာများ ယူဆောင်လျက် မုဆိုးနောက်သို့ လိုက်လေတော့၏။

မုဆိုးသည် သူဌေးသမီးကို မလိုက်ရန် ပြောသော်လည်း သူဌေးသမီးက သူမအနေဖြင့် မုဆိုးအပေါ် ချစ်ခင်နှစ်သက်မှု ရှိသူဖြစ်ပြီး ယခုလို မုဆိုးနောက်ကို လိုခြင်းသည် အရှင်ကခေါ်၍ လိုက်ခြင်းမဟုတ်ဘဲ မိမိသဘောဖြင့်သာ လိုက်ခြင်းဖြစ်သဖြင့် စိုးရိမ်စရာမရှိကြောင်း ပြောဆိုသဖြင့် နောက်ဆုံးတွင် မုဆိုးကြီးလည်း သဘောတူ လက်ခံကာ သူဌေးသမီး၏ မိဘများ မသိရာ အရပ်တွင် အတူတကွ ပေါင်းသင်း နေထိုင်ကြလေ၏။


မုဆိုးကြီးသည် ရာဇဂြိုဟ်သူဌေးသမီးနှင့် အိမ်ထောင်ကျပြီး သား (၇)ယောက်အထိ ထွန်းကားခဲ့၏။ မုဆိုးနှင့် သူဌေးသမီးတို့၏ ဘဝသည် မုဆိုးလုပ်ငန်းဖြင့် အသက်မွေးသူနှင့် မုဆိုးကြီး

ခိုင်းသမျှကို လုပ်ပေးရသည့် ဇနီးမယား အဖြစ်ဖြင့်သာ နှစ်ပေါင်းမြောက်များစွာ နေထိုင်လာခဲ့ကြ၏။


သားများ အရွယ်ရောက်ပြီး အိမ်ထောင်အသီးသီးပင် ကျသွားပြီဖြစ်သော်လည်း မုဆိုးကြီး၏ မုဆိုးအလုပ်ကား အဆုံးမသတ်နိုင်သေးပေ။ ထို့အတူ ဇနီးဖြစ်သူ ရာဇဂြိုဟ်သူဌေး သမီး၏ မုဆိုးခိုင်းသမျှ အလုပ်ကို လုပ်ပေးနေရခြင်းသည်လည်း အဆုံးမသတ်နိုင်သေးပေ။


မုဆိုးအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရသော မုဆိုးကြီးအား တစ်နေ့တွင် သားများနှင့်အတူ တရားရရန်အ‌ကြောင် းဖြစ်လာတော့သည်။


မြတ်စွာဘုရား ရှင်၏ ရွှေဉာဏ်တော်တွင်လည်း မုဆိုးနှင့်သားများ၏ တရားရမည့်အကြောင်း ထင်မြင်တော်မူလာ၏။

ထို့ကြောင့် ထိုနေ့တွင် မြတ်စွာဘုရားရှင်သည် မုဆိုးကြီးထောင်ထားသည့် ကျော့ကွင်း၌ ခြေတော်ရာကို ချထားလိုက်ပြီး သားသမင် မမိစေရန် ဖန်တီးထားလိုက်၏။


သားသမင်ထောင်ထားသည့် ကျော့ကွင်းသို့ ရောက်ရှိလာသည့် မုဆိုးကြီးသည် မိနေကျ ကျော့ကွင်းတွင် မည်သည့်သား ကောင်မျှ မရှိဘဲ ခြေရာကိုသာ တွေ့ရသဖြင့် ဤခြေရာကြောင့်သာ သားသမင် မမိခြင်း ဖြစ်ရမည်ဟု တွေးမြင်ကြိမ်းမောင်းကာ

ခြေရာပိုင်ရှင်ကို လိုက်ရှာလေ၏။


ထိုသို့ရှာရင်း မနီးမဝေး သစ်ပင်အောက်တွင် သီတင်းသုံးနေတော်မူသည့် ဘုရားရှင်ကို တွေ့မြင်သွားပြီး မြတ်ဗုဒ္ဓအား မြားဖြင့်ခွင်းရန် လေးကိုတင်လေ၏။ သို့သော် မြတ်ဗုဒ္ဓ၏ တန်ခိုးတော်ကြောင့် အလွယ်တကူ တင်နေကျလေးမှာ တင်မရဘဲဖြစ်နေခဲ့၏။

အကြိမ်ကြိမ် ကြိုးစားသော်လည်း မည်သို့မျှ တင်မရဖြစ်နေပြီး အချိန်သာ ကုန်လာခဲ့၏။


အိမ်တွင်ကျန်နေခဲ့သည့် ဇနီးနှင့် သားများ၊ ချွေးမများသည် အချိန်တန်သော်လည်း ပြန်မလာသေးသည့် ဖခင်နောက်သို့ လိုက်လာရင်း ဖခင်နှင့်ဘုရားရှင်တို့၏ အခြေအနေကို သိရှိသွားခဲ့၏။


ထိုအခြေအနေကို မြင်တွေ့ရသည့် ရာဇဂြိုဟ်သူဌေးသမီးသည် မိဘအိမ်တွင် နေစဉ်ကပင် သောတာပန်တစ်ယောက် ဖြစ်ခဲ့ပြီးဖြစ်သဖြင့် ဘုရားရှင်အပေါ် အလွန်ကြည်ညိုရင်း ရှိသည့် အ လျောက် အဖဘုရားဟု နှုတ်တော်မှထုတ်ဖော်ကာ ရိုသေတုပ်ဝပ်စွာ ရှိခိုးကန်တော့လေ၏။


မုဆိုးနှင့်သားသမီးများသည် ဘုရားကို ဘုရားဟုမသိဘဲ မိခင်၏ အဖဟူသည့် အသံအရ အမှန်ပင် သူဌေးသမီး၏ အဖေဟု

ထင်မှတ်ကာ အားလုံးရိုသေသမှုဖြင့် ဦးညွတ် လိုက်ကြ၏။ ထိုအခါမှ ဘုရားရှင်သည် မုဆိုးနှင့်သားများ၊ ချွေးမများအား တရားစကား မိန့်ကြားတော်မူ၏။


ဘုရားရှင်၏ တရားတော်ကို နာရသဖြင့် မုဆိုးနှင့်သားများ၊ ချွေးမများသည် သောတာ ပတ္တိဖိုလ်၌ တည်သွားကြ၏။

မုဆိုးကြီးနှင့် ဇနီးမယားမိသားစု အားလုံး တရားရသွားပြီးနောက် ထိုအကြောင်းအရာနှင့် စပ်လျဉ်း၍ ဘုရားတပည့်သား ရဟန်းတော်များ ကြားတွင် ဆွေးနွေးပြောဆိုမှုများ ရှိလာကြ၏။


“မိဘအိမ်တွင် ရှိစဉ်ကပင် သောတာပန်တည်ပြီးသော အမျိုးသမီးသည် မုဆိုးနှင့် အိမ်ထောင်ကျပြီးနောက်တွင် နှစ်ပေါင်းများစွာ မုဆိုးခိုင်းသည့် အလုပ်များဖြင့် အသက်မွေးရမည်မှာအမှန် ပင် ဖြစ်ကြောင်း၊ မုဆိုးကြီး တောလိုက်ရန်အတွက် မြားယူခဲ့ဆိုလျှင်လည်း ယူပေးရမှာဖြစ်ကြောင်း၊ လေးယူခဲ့ဆိုလျှင်လည်း ယူပေးရမှာဖြစ်ကြောင်း၊ ဓားလှံလက်နက် စသည်ယူခဲ့ဆိုလျှင်လည်း

ဆောင်ယူပေးရမှာ ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ပေးရသည့်

ဇနီးမယားသည်လည်း တစ်နည်းအားဖြင့် သူ့အသက်ကို သတ်နေခြင်းပင်ဖြစ်ကြောင်း၊ သို့ဆိုလျှင် သောတာပန်လည်း ပါဏာတိပါတကံ ကျူးလွန်ရာ ရောက်နေကြောင်း” စသည်ဖြင့် ဆွေးနွေးပြောဆို နေကြ၏။


ထိုရဟန်းတော်များ၏ ဓမ္မသာကစ္ဆာဝိုင်းသို့ ဘုရားရှင် ရောက်တော် မူလာသည့်အခါ မြတ်ဗုဒ္ဓက ထိုအကြောင်းနှင့်စပ်လျဉ်း ၍ “ ချစ်သားရဟန်းတို့ .....

သောတာပန်မည်သည် သူ့အသက်သတ်ခြင်းကို မပြုကြကုန်၊ ထိုအမျိုးသမီးသည်ကား လင်ယောက်ျားစကားကို လိုက် နာရုံ သက်သက် သာ ဆောင်ရွက်ပေးခြင်းဖြစ်၏၊


ဤလေးမြားလက်နက် စသည်ကိုယူကာ မုဆိုးကြီးအနေဖြင့် သားသမင်စသည်တို့ကို သတ်ဖြတ်ပါစေ၊ သားသမင်များသည်လည်း ဤလက်နက်များကြောင့် အလွယ်တကူ သေပါစေစ သည့် စိတ်စေတနာသည် ထိုအမျိုးသမီးအား မရှိ၊


လက်ဝါးပြင်၌ အနာမရှိလျှင် အဆိပ်ကို ကိုင်ယူသောသူအား အဆိပ်ဒဏ်သည် မဖြစ်နိုင်သကဲ့သို့ အကုသိုလ် စေတနာ မရှိခြင်းကြောင့် မကောင်းမှုကို မပြုလိုသောသူအား လေးလက်နက်စသည်ကို ထုတ်ပေးနေသော်လည်း မကောင်းမှုမည်သည် မဖြစ်နိုင်” စသည်ဖြင့် မိန့်တော်မူကာ...

“လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။ အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မလိုက်၊။ စေတ နာ မရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ” ဟူ၍

အထက်ပါ တရားစကားကို မိန့်ကြားတော် မူလိုက်လေ၏။


(ဓမ်မပဒ၊ ပါပဝဂျ၊ ကုက်ကုဋမိတ်တမုဆိုးဝတ်ထု)


#Credit

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း