လောကပါလပျက်စီးခြင်း
-----------------
လောကပါလ တရား နှစ်ပါးဖြစ်တဲ့ ဟိရိ သြတ္တပ္ပ ဆိုတဲ့ အရှက်တရားနဲ့ အကြောက်တရား ဟာ ကမ္ဘာကို စောင့်ကြပ်တဲ့ တရားနှစ်ပါး ပါပဲ
အဲဒီနှစ်ပါးထွန်းကားရင် ကမ္ဘာကြီးငြိမ်းချမ်းမယ် အဲဒီနှစ်ပါး ပျက်စီးရင် ကမ္ဘာကြီးပျက်စီးမယ် လို့ ဗုဒ္ဓ ဟောကြားထားခဲ့ပါတယ်
ဒါပေမဲ့ အဲဒီတရားသဘောကို ဗုဒ္ဓ ဘာသာတွေပဲသိတယ် ဖန်ဆင်းရှင်ဝါဒတွေကအယုံအကြည်မရှိနိုင်ဘူး
မြန်မာနိုင်ငံဟာ ဗုဒ္ဓ ဘာသာနိုင်ငံဖြစ်ပေမဲ့လည်း အခု အဲဒီတရာနှစ်ပါးပျက်စီးသလောက်ဖြစ်နေပြီ
မြင်အပ် မမြင်အပ် သုံးဆယ့်တဘုံသားတွေမှာ နတ်တွေဗြမ္ဘာတွေ ကနည်းပြီး မမြင်နိုင်တဲ့ ဘုတ်ပြိတ္တာ ဘီလူး တွေက အဆမတန်များလွန်းတယ် ဒါပေမဲ့ သူတော်ကောင်းနတ်တွေဟာ တန်ခိုးကြီးတဲ့အတွက် ဘုတ် ပြိတ္တာ ဘီလူးတွေဟာ မလွန်ဆန်နိုင်ဘူး
မြန်မာပြည်မှာ သောတာပန် သကဒါဂန် အနာဂါမ် ရဟန္တာ ဆိုတဲ့ အရိယာတွေနဲ့
သူတော်ကောင်းကြီးတွေ ရှိသလို သီလသမာဓိ ပညာ ပြည့်ဝတဲ့ သံဃာတော်တွေ အများကြီးရှိတယ်
အဲဒီသီလ သမာဓိ ပညာ အရှိန်အဝါတွေကြောင့်ပဲ သာသနာစောင့်နတ်တွေနဲ့
သူတော်ကောင်းနတ်ကြီးတွေဟာ လောကကြီးကိုမပျက်စီးအောင်စောင့်ရှောက်ပေးနေတာပါ
အခု မြန်မာပြည်မှာ သူတော်ကောင်းကြီးတွေကို စော်ကားနေကြပြီ အမြင့်မြတ်ဆုံး ရတနာသုံးပါးကို ပြစ်မှားနေကြပြီ
အဲဒါကြောင့်ပဲ လောက ကိုစောင့်ရှောက်တဲ့ နတ်တွေဟာ မစောင့်ရှောက်ကြတော့ဘူး အဲဒီအတွက် ကပ်ဘေးဆိုတဲ့အကြောင်းတရား ဖြစ်ပေါ်လာရတာပါပဲ
အခု မြန်မာနိုင်ငံလို ဗုဒ္ဓ ဘာသာထွန်းကားတဲ့ နေရာမှာတောင် ရတနာ သုံးပါးနဲ့ အနန္တောအနန္တ ငါးပါးကို ပြစ်မှားစော်ကားနေကြပြီဆိုတော့ ကမ်းကုန်နေပါပြီ
ဘုရားရှင်လက်ထက်က ကပ်ဘေးဖြစ်တော့ ဘီလူးတွေ ဝေသါလီပြည်ကိုအများကြီးဝင်ရောက်ဖျက်စီးတယ် ဆိုတာ ဗုဒ္ဓ ဘာသာဝင်တိုင်းသိကြမှာပါ
လောက ကို စောင့်ကြပ်တဲ့ နတ်တွေ မစောင့်ရှောက်တော့ဘူး ဆိုရင် ဘုတ် ပြိတ္တာဘီလူး တွေဟာ ဖျက်စီးချင်တိုင်း ဖျက်စီးလို့ရသွားပါပြီ အခုတောင် လူသားမဆန်တဲ့လုပ်ရပ်တွေ အများကြီး တွေ့ကြပါလိမ့်မယ်
အထူးသတိထားကြဖို့ နဲ့ ရတနာသုံးပါးကို မစော်ကားကြဖို့ တိုက်တွန်းပါရစေ
မြန်မာပြည်ကို ကမ္ဘာ့အကြီးဆုံးမုန်တိုင်းကြီးဝင်မဲ့အချိန်
မင်းကွန်းတိပိဋကဆရာတော်ကြီး ပိဋကတ်သုံးပုံ အာဂုံဆောင်နေတဲ့အချိန်မို့ အိန္ဒိယ ကိုဝင်သွားခဲ့ဘူးတယ်
မြန်မာပြည်ဟာ ရဟန္တာ တပါးရဲ့ လက်တဝါးစာတောင်မရှိပါဘူးလို့ တောင်တန်းသာသနာပြုဆရာတော်ကြီး မိန့်ခဲ့ဘူးတယ်
သောတာပန်တယောက်ရှိရင် တရပ်ကွက်လုံတယ် သကဒါဂါမ်တယောက်ရှိရင်
တမြို့နယ်လုံတယ် အနာဂါမ်တယောက်ရှိရင်
ပြည်နယ်တိုင်း တခုလုံတယ် ရဟန္တာ တပါးရှိရင် တနိုင်ငံလုံ တယ်လို့ မဟောဗောဓိမြိုင်ဆရာတော်ကြီး မိန့်ကြားခဲ့ဘူးပါတယ်
အရိယာကြီးတွေနဲ့ သူတော်ကောင်းကြီးတွေရဲ့ အစွမ်းကြောင့် တန်ခိုးကြီးတဲ့နတ်ကြီးတွေက ကာကွယ်ပေးရပါတယ်
တခုပဲရှိတယ်
ရတနာသုံးပါးကို စော်ကားရင်တော့ နတ်တွေစိတ်ဆိုးပြီး မကာကွယ်တော့ပါဘူး
အဲဒီအချိန်မျိုးဟာ ကြောက်စရာအကောင်းဆုံးအခြေအနေမျိုး ဖြစ်ပေါ်တတ်ပါတယ်
ဒါ့ကြောင့် နိုင်ငံရေးအရ မိမိယုံကြည်ရာလျောက်လှမ်းပါ
အားပေးပါတယ်
ဆဲဆိုတာတွေ သူတော်ကောင်းကြီးတွေကို ပြစ်မှားစော်ကားတာတွေကိုတော့ မပြုလုပ်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်
နိုင်ငံရေးအတွက် ဘာသာရေးကို အသုံးချလေ့ရှိတာမို့
ရတနာသုံးပါးနဲ့ ပါတ်သတ်လာရင်အထူးသတိထားကြပါ မစော်ကားကြပါနဲ့ မဆဲြကပါနဲ့
သတ္တဝာတိုင်းဟာတသံသရာလုံးမပြုလုပ်ဘူးတဲ့အကုသိုလ်မရှိပါဘူး အဲဒီအကုသိုလ်တွေဟာ ခုလိုအချိန်မျိုးမှာ ဝင်ရောက်အကျိုးပေးတတ်ပါတယ်
လူမုန်းရင် ရှောင်လို့ရပါတယ် ကံမုန်းရင်ရှောင်လို့မရပါဘူး
ယုံကြည်ရာလျောက်ပါ
ရတနာသုံးပါးနဲ့ အနန္တောအနန္တ ငါးပါးကို မစော်ကားကြပါနဲ့ အဲဒီအကုသိုလ်တွေဟာ ကမ္ဘာမှာ အကြီးမားဆုံးအကုသိုလ်ကြီးတွေမို့
အထူးသတိထားကြဖို့
အထူးတိုက်တွန်းပါတယ်
သတ္တဝါ တွေ ကပ်ဘေးကလွတ်မြောက်နိုင်ကြပါစေ
သူတော်ကောင်းနတ်ကြီးတွေ စောင့်ရှောက်တာ ခံနိုင်ကြပါစေ
Comments
Post a Comment