ဆုံးဖြတ်ချက်မစောပါနဲ့

ဆုံးဖြတ်ချက်မစောပါနဲ့

----------


တစ်နေ့ ပန်းချီဆရာကြီး ပီကာဆို လမ်းလျှောက်နေစဉ် မိန်းမကြီးတစ်ယောက် နောက်က အပြေးလေး လိုက်လာတယ်။


“ဆရာကြီး နေပါဦးရှင့် … နေပါဦး …

ကျွန်မဟာ ဆရာကြီးရဲ့ ပန်းချီကားတွေကို အသည်းစွဲကြိုက်သူ တစ်ယောက်ပါ။ ကြုံတုန်းလေး ကျွန်မကို ပန်းချီဆွဲပေးပါရှင် မေတ္တာရပ်ခံပါတယ်”


ပီကာဆိုက ပြုံးလိုက်ပြီး


“အစ်မကြီးခင်ဗျား … ကျွန်တော့်မှာ ပန်းချီဆွဲဖို့ ဘာမှလည်း ပါမလာဘူးခင်ဗျ … ဒါကြောင့် နောက်ကြုံတော့မှပဲ”


“မဟုတ်ပါဘူး ဆရာကြီးရယ် … ဆရာကြီးနဲ့ နောက် ဘယ်တော့မှ ပြန်ဆုံရမယ်ဆိုတာ မသေချာပါဘူး … ဒါကြောင့် ကျေးဇူးပြုပြီး

ခုပဲ ဆွဲပေးပါရှင်”


ပီကာဆိုလည်း သူ့အိတ်ထဲက မှတ်စုစာအုပ်ကို ဆွဲထုတ်လိုက်ပြီးတော့ ပါလာတဲ့ ဖောင်တိန်နဲ့ပဲ အမျိုးသမီးကြီးကို ကောက်ကြောင်းတွေပုံဖော်ပြီး ရေးဆွဲပေးလိုက်တယ်။


ပီကာဆို ပန်းချီဆွဲချိန် ၁၀ စက္ကန့်ပဲကြာတယ်။ ပြီးတော့ မှတ်စုစာရွက်ကို ဖြဲပြီး အမျိုးသမီးကြီးကို လှမ်းပေးလိုက် တယ်။


“ရော့ အစ်မကြီး … ဒေါ်လာသန်းချီတန်မယ့်ပုံ” ဆိုပြီးတော့လည်း ရယ်ရယ်မောမောနဲ့ ပြောလိုက်သေးတယ်။


ပုံတစ်ပုံကို ၁၀ စက္ကန့်လောက်နဲ့ ကောက်ရေးပြီး ဒေါ်လာသန်းချီတန်မယ်လို့ပါ ပြောလိုက်တော့ အမျိုးသမီးကြီးလည်း အံ့အားသင့်သွားတာပေါ့။ ဟုတ် မဟုတ်စမ်းကြည့်ရသေးတာပေါ့ဆိုပြီး ပီကာဆို ပုံရေးပေးတဲ့ စာရွက်ကို ပန်းချီပြခန်းတစ်ခန်းယူသွားပြီး စုံစမ်းတယ်။


တကယ်ပါပဲ ပန်းချီပြခန်းက ပီကာဆိုလက်ရာ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးတော့ ဒေါ်လာ တစ်သန်း ပေးတယ်။

သူ့လက်ထဲက ၁၀ စက္ကန့်နဲ့ ရေးပေးလိုက်တဲ့ စက္ကူပေါ်က ပန်းချီကားဟာ တကယ်ပဲ

ဒေါ်လာ တစ်သန်း တန်နေပါပေါ့လားဆိုပြီး အမျိုးသမီးကြီးက နောက်တစ်ကြိမ် ပီကာဆိုကို မတွေ့ တွေ့အောင် ရှာခဲ့ တယ်။ တွေ့တော့....


“ဆရာကြီးရှင် … ဆရာကြီး ၁၀ စက္ကန့်နဲ့ အပြီးဆွဲပေးလိုက်တဲ့ ပန်းချီကားဟာ တကယ်ပဲ ဒေါ်လာ တစ်သန်း တန်နေပါတယ်။

အံ့သြစရာ ကောင်းလိုက်တာရှင်။

၁၀ စက္ကန့်နဲ့ ဒေါ်လာတစ်သန်း

ရှာနိုင်တယ်ဆိုတာ အံ့သြစရာကောင်းလှပါတယ်။

ကျွန်မကို ဆရာကြီးဆီမှာ တပည့်အဖြစ် အသိအမှတ်ပြုပါ။ ကျွန်မကို ပန်းချီပညာတွေ သင်ပေးပါရှင့်”


ပီကာဆိုက ပြုံးလိုက်တယ်။


“အစ်မကြီး … ကျွန်တော် ၁၀ စက္ကန့်နဲ့ ဆွဲပေးလိုက်တဲ့ ပန်းချီလေးဟာ ဒေါ်လာ တစ်သန်းတန်ဖို့ ကျွန်တော့် ဘဝကို

နှစ်ပေါင်း ၃၀ လောက် အဲဒီအထဲမှာ

ဆင်းရဲဒုက္ခ အပင်ပန်းတွေခံပြီး ရင်းနှီးမြှုပ်နှံခဲ့ရတယ်။

အခက် အခဲတွေ အများကြီး ကြုံတွေ့ရင်ဆိုင်ခဲ့ရတယ်။

နှစ် ၃၀ လောက်ရင်းပြီးမှ ၁၀ စက္ကန့်ကို ဒေါ်လာသန်းချီအောင် တန်သွားတာ … အလကား ရခဲ့တာ မဟုတ်ပါဘူး”

လို့ ပြောလိုက်တယ်။ သူက ဆက်ပြီး....


“အစ်မကြီး ကျွန်တော့်လိုဖြစ်အောင် ဘယ်နှနှစ်လောက် ပေးဆပ်ဖို့ မျှော်လင့်ထားသလဲ”


အမျိုးသမီးကြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။


အောင်မြင်သူတွေကိုကြည့်ပြီး လွယ်လိုက်တာဟု အဆုံးအဖြတ်မစောသင့်ပေ။


Crd

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း